Friday, November 14, 2014

အထူးသတိပေးချက်

အင်တာနက်မရှိပဲ Facebook သုံးရန်မဖြစ်နိုင်ဟုကျွမ်းကျင်သူများကသုံးသပ် * အသက်ခံရသော အမျိုးသမီးနှစ်ဦး သေဆုံးလျက်ရှိ * ဖာဂူဆန် မှာ စားသည် ဆန် မဟုတ်ကြောင်း အတည်ပြု *ပြေးခုန်ပစ်ပြိုင်ပွဲတွင် ကပ္ပလီ များအားဆေးစစ်ရာမှ အသားမဲကြောင်းတွေ့ရှိ * အပျိုကြီးများတွင် အိမ်ထောင် မရှိကြောင်း လွတ်တော် အမတ်တဦးက အဆိုတင်သွင်း *ကလေးများကို မိခင်နို့တိုက်ကျွေးလျှင်နောင်တချိန်တွင် လူကြီးဖြစ်လာနိုင်သည်ဟု ကျန်းမာရေး ၀န်ကြီးက အတည်ပြု ပြောကြား * နွားတကောင် သေဆုံးရာမှ အမဲသားဖြစ်သွားကြောင်း အခြေခံ စားသောက်ကုန် ၀န်ကြီးမှ လွတ်တော်တွင် အဆိုတင်သွင်း * အသက်ရှုရာတွင် နှာခေါင်းပေါက်ဖြင့် ရှုကြောင်း အတည်ပြုပြောကြား * ရုပ်ရှင်ရိုတ်ကွင်းများတွင် ကင်မရာအစား ၀ါးရင်းတုတ်ဖြင့် ရိုတ်မည့် အစီအစဉ်အား မိုက်တီးမှ အဆိုတင်သွင်းရာ ရုပ်ရှင်ဥက္ကဌ လူမင်း ကပယ်ချပြီး ယောက်ဖဖြစ်သူ သီဟတင်စိုးမှလက်ခံရာ သမီးယောက်ဖနှစ်ယောက်စကားများကြခြင်း * ဆေးလိပ်မျာများသောက်လျှင် မီးခိုးများများထွက်ပြီး ညအချိန် ခြင်ကိုက်ခြင်းမှကာကွယ် ပေးကြောင်း ကျန်မာရေး ၀န်ကြီး လေဖြတ်လွတ်တော်အမတ် တဦးမှ အိပ်ယာထဲမှ MPT အားကိုးဖြင့် လွတ်တော်အားတရုတ်ဖုန်းဖြင့် အဆိုတင်သွင်းခြင်း ကျန်ရှိနေသောသတင်းများကို တတိယပတ်လွတ်တော်အပြီးတွင်ဆက်လက်တင်ပေးသွားပါမည် ပေါက်တတ်ကရရေးသည်........................

No comments: