Monday, February 3, 2014

ဆင်သေကို ဆိတ်သားရေနဲ့ဖုံးနေပေမယ့် ဆေးမမှီတော့ပဲ အမည်းစက်ကြီးထင်ကျန်သွားတာ တော့ စိတ်မကောင်းဘူး(မလုပ်ခင်ကတည်းက စဉ်းစားကြပါလား) .. ဗိုလ်စိန်မှန်ကွင်းရဲ့ ကပ်လျက်နေရာမှာ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" ဆိုတဲ့ ဆိုင်းဘုတ်အကြီး ကြီးနဲ့ NLD ရုံးခန်းတစ်ခုအပြင်၊ ခြံစည်းရိုးဘေးကပ်လျက်မှာ NLD တွေ မဏ္ဍပ်ထိုးပြီး အလှုခံနေ တာတစ်ခုလည်းရှိသေးတယ်(ဘာကိစ္စအလှုခံနေမှန်း မမှတ်မိပါ) .. နှောက်ယှက်သူတွေက အဲ့ဒီ့မဏ္ဍပ်နဲ့ အဲ့ဒီ့ NLD ရုံးခန်းဘေးတင် နှောက်ယှက်အော်ဟစ်ဆူပူနေ ကြတယ် .. တစ်စုံတစ်ဦးက စေခိုင်းပြီး NLD ကို နာမည်ဖျက်တာဆိုရင် NLD ရုံးခန်းထဲကလူတွေ နဲ့ အလှုခံမဏ္ဍပ်ထဲက NLD ပါတီဝင်တွေက မျက်စိမမြင်၊နားမကြားလို့ ဒေါ်စုအင်္ကျီဝတ်ပြီးနှောက် ယှက်သူတွေကို မတားမြစ် မဖော်ထုတ်ကြတာလား ? ဦးနှောက်သုံးပြီး စဉ်းစားပြောပါ ၊ ဗိုလ်စိန်မှန် ကွင်းပတ်လည်ကို လမ်းတစ်ပတ်လောက် လျှောက်ကြည့်ပြီး မြေပြင်အခြေအနေကိုလေ့လာပါ .. ဘယ်လိုပဲဖြစ်ပစေ .. NLD နဲ့ထိပ်တိုက်ရင်ဆိုင်နေတဲ့ အမျိုးသားရေးသမားတွေရဲ့ပွဲကို ဒေါ်စုအင်္ကျီဝတ်ပြီး ရောက်လာ ကြတယ်ဆိုကတည်းက နှောက်ယှက်ဖျက်ဆီးလိုစိတ်မရှိပါဘူး ဆိုရင် အရူးတွေပဲယုံလိမ့်မယ်၊ နလပိန်းတုံးတွေပဲ ယုံလိမ့်မယ် .. အမည်းစက်ကိုမစွန်းခင်ကတည်းက ဦးနှောက်သုံးချင့်ချိန်ပြီး လုပ်ပေါ့ကွယ် အခုတော့ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလည်း အပိုဆာဒါးဖြစ်သွားတာ ၀မ်းနည်း ပါတယ် NLD ရယ် .. Marn Htan Myo

No comments: