Monday, October 17, 2016

အောက်တိုဘာအတွင်း သက်တမ်းကုန်မည့် ကျောက်မျက်လုပ်ကွက် လေးရာကျော်ရှိ


၂၀၁၆ အောက်တိုဘာ ၌ တစ်နိုင်ငံလုံးရှိ ကျောက်မျက်ရတနာ တူးဖော်ရေး နယ်မြေများတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်ပေါင်း ၄၀၀ကျော်ရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သတင်းရရှိသည်။

သက်တမ်းကုန်ဆုံးမည့်လုပ် ကွက်အများဆုံးမှာ လုံးခင်း၊ ဖား ကန့်ရတနာနယ်မြေဖြစ်ပြီး လုပ် ကွက်ပေါင်း ၁၆၀ ကျော်ပါဝင် ကြောင်းသိရသည်။

အခြားလုပ်ကွက်များအဖြစ် ခန္တီး၊ မိုးကုတ်၊ မိုးညှင်း၊ မိုင်းရှူး၊ နန့်ယားဆိပ်ရတနာမြေတို့ပါဝင် သည်။

၂၀၁၆ အတွင်းလအလိုက် သက်တမ်းကုန်မည့် လုပ်ကွက် များ၌ အောက်တိုဘာ၌ အများဆုံးဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းဒုတိယညွှန်ကြားရေးမှူးက ဆိုသည်။

တူးဖော်ခွင့်လိုင်စင် သက် တမ်းကုန်ဆုံးသည့်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များကိုလိုင် စင်သက်တမ်းထပ်မံတိုးမြှင့်ပေး မည်မဟုတ်တော့ဘဲ တူးဖော်ခွင့် ယာယီ ရပ်ဆိုင်းထားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

 လုပ်ကွက်သက်တမ်းကုန် ဆုံးမှုများတွင် ပုဂ္ဂလိက ကုမ္ပဏီ များ၏ လုပ်ကွက်သည်အများဆုံး ဖြစ်ပြီး အစိုးရနှင့်အကျိုးတူလုပ်  ဆောင်သည့် လုပ်ကွက်မှာနည်းပါးကြောင်းသိရသည်။

ယခုကဲ့သို့ သက်တမ်းတိုးမြှင့်မပေးတော့ဘဲ တူးဖော်ခွင့်ရပ်ဆိုင်းထားသဖြင့် ငွေကြေးအမြောက်အ မြားစိုက်ထုတ်ထားရသည့်လုပ် ငန်းရှင်များနစ်နာမှုရှိနေပြီး တူးဖော်ခွင့်ပြန်လည်ခွင့်ပြုပေးရန် ၀န်ကြီးဌာနသို့ စာတင်တောင်းဆိုထားသည်ဟု ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းရှင်များထံမှသိရသည်။

‘‘အကြောင်းပြချက်ကောင်း ကောင်းမဟုတ်ဘဲ လုပ်ကွက်တွေ ကို လိုင်စင်ထပ်မတိုးပေးတာက လုပ်ငန်းရှင်တွေတော်တော်လေး ဘ၀င်မကျဖြစ်နေတဲ့ကိစ္စပါ။ လုပ် ကွက်က ၀န်ထမ်းတွေကို အခြေခံ အဆောက်အအုံတွေက ကျွန် တော်တို့ရင်းနှီးမြှုပ်နှံထားရတာ ပါ။ ဒါကြောင့် လိုင်စင်ကိစ္စအမြန် ဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ပေးစေချင်တယ်’’ ဟု အောင်ရဲ မာန်ကျောက်မျက်ရတနာတူးဖော်ရေး ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်ဝင်းကပြောသည်။

အစိုးရသစ် လက်ထက်တွင် မူဝါဒအပြောင်းအလဲအရ လိုင်စင် သက်တမ်ကုန်ဆုံးသည့်ကျောက် မျက်တူးဖော်ရေးလုပ်ကွက်များ အားလုံး သက်တမ်းတိုး မပေး တော့ဘဲ တူးဖော်ခွင့် ယာယီရပ် နားခိုင်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံအ တွင်းရှိ ရတနာနယ်မြေအသီးသီး ၌  လုပ်ကိုင်ခွင့် ရရှိထားသော ကျောက်မျက် တူးဖော်ရေးလုပ် ကွက်  ၁၆,၀၀၀ကျော်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်း ၀န် ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments: