မြန်မာ့လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းဌာနနှင့် ပတ်သက်သည့် တိုင်ကြားစာများ တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ အား တိုင်ကြားခြင်းထက် ကျေး ရွာမီးလင်းရေး ကော်မတီဝင်များကို ဒေသခံများက တိုင်ကြားမှုသည် အများဆုံးဖြစ်ပြီး နောက်ပိုင်းတိုင်ကြားမှုများ စစ်ဆေးရာတွင် လျှပ်စစ်ဌာနအနေဖြင့် စစ်ဆေးခံတော့မည်မဟုတ်ကြောင်း အောင်လံမြို့နယ် လျှပ်စစ်ဌာနမြို့နယ် အင်ဂျင်နီယာ ဦးမောင်ညိုက ပြောသည်။
အောက်တိုဘာ ၂၀ ရက်က အောင်လံမြို့နယ် ကျောက်ပန်း တောင်းကျေးရွာတွင် ဓာတ်အား ခွဲရုံတည်ဆောက်ရန် မြေနေရာ ရရှိရေးကော်မတီက ကျေးရွာ ၄၃ ရွာရှိ ဒေသခံများထံမှ တစ်အိမ် ထောင်လျှင် ၃,၅၀၀ ကျပ် ကောက် ခံမှုနှင့်ပတ်သက်၍ အောင်လံမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနများနှင့် မြေနေရာရရှိ ရေး ကော်မတီ၊ ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
‘‘လျှပ်စစ်ဌာနက ကျေးရွာ မီးလင်းရေးနဲ့ ပတ်သက်ပြီး ငွေ ကြေးတစ်စုံတစ်ရာ ပါဝင် ပတ် သက်ခြင်းလုံးဝမရှိပါဘူး။ ဌာနအ နေနဲ့က စီမံကိန်းကျ လုပ်ငန်းများ ဆောင်ရွက်တယ်။ ကိုယ်ထူကိုယ် ထ မီးလင်းရေးလုပ်တာတွေကို ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ် လိုကုန်ကျမှုရှိမယ် စသဖြင့်ပဲ အကြံပေးတာမျိုးပဲ ရှိတယ်။ လက် တွေ့ငွေကိုင်ရတာက သက်ဆိုင် တဲ့ မီးလင်းရေးကော်မတီပါ။ ဌာနက လုပ်သားခပဲ ကုန်ကျတာရှိမယ်။ ဘာမှ မတောင်းဘူး။ ကျွန် တော်တို့ တာဝန်က နည်းစနစ်တကျ လုပ်ကိုင်ပေးဖို့နဲ့ အသုံးပြုပစ္စည်းအရည်အသွေး ကျကျနန ဖြစ်ဖို့ ဒါပဲတာဝန်ရှိတယ်’’ ဟု အောင်လံမြို့နယ် မြန်မာ့လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း မြို့နယ် အင်ဂျင်နီယာ ဦးမောင်ညိုကပြောကြားသည်။
ထို့ကြောင့် လာမည့် ကာလ များတွင် မီးလင်းရေးကော်မတီတိုင်ကြားမှုများကို စစ်ဆေးရာ တွင် လျှပ်စစ်ဌာနအနေဖြင့် သွား ရောက်စစ်ဆေးခံခြင်းများ လုပ် ဆောင်တော့မည်မဟုတ်ကြောင်း လည်း ၎င်းက ပြောသည်။
သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းအစိုးရများသို့ လျှပ်စစ်ဌာန နှင့်ပတ်သက်သည့် တိုင်ကြားစာ များတွင် ကျေးလက်မီးလင်းရေး ကော်မတီများကို တိုင်ကြားမှုများ သည် အများဆုံးဖြစ်နေပြီး ငွေ ကြေးကိုင်တွယ် အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ကော်မတီများ ဖွဲ့စည်းရာတွင် ပါ ၀င်ဆောင်ရွက်လိုသည့် ဒေသခံ ပြည်သူအားလုံး ပါဝင်နိုင်အောင် ဖွဲ့စည်းထားမှုမရှိခြင်းကြောင့်ဖြစ် ကြောင်း အောင်လံမြို့နယ် လျှပ် စစ်ဌာန ဓာတ်အားခွဲရုံးလျှပ်စစ် ဌာနမှူး ဦးနေမင်းထွန်းက ပြော ကြားသည်။
မီးလင်းရေးကော်မတီအနေ ဖြင့် ငွေကြေးများ ကိုင်တွယ်သုံးစွဲ ဆောင်ရွက်ရသောကြောင့် ပွင့် လင်းမြင်သာမှုရှိရန် လိုအပ်ပြီး လစဉ်ပြည်သူများသို့ ငွေစာရင်း ရှင်းတမ်းများ ပေးပို့ခြင်း၊ အများ မြင်သာသည့် နေရာများတွင် ဆိုင်း ဘုတ်ထောင်ကာ ရှင်းလင်းတင်ပြ ခြင်းများ ဆောင်ရွက်သင့်ကြောင်း အောင်လံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင် ထူးမြင့်က ပြောသည်။
ထို့အပြင် ရပ်ရွာအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီအရောင်အသွေး အုပ်စုကွဲ ပြားခြင်းမရှိဘဲ ဒေသခံ အားလုံး ပူးပေါင်းဆောင်ရွက်မှသာ တိုင် တန်းမှုဖြစ်စဉ်များ လျော့ပါးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် အောင်လံမြို့ နယ် လျှပ်စစ်ဌာနအနေဖြင့် အာရှ ဖွံ့ဖြိုးရေးဘဏ်၏ ကူညီမှုဖြင့် အောင်လံမြို့နယ်အတွင်း ထရန် စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ အသစ် လဲလှယ်တပ်ဆင်ခြင်းများ ဆောင် ရွက်လျက်ရှိသည်။
No comments:
Post a Comment