စက်မှုဝန်ကြီးဌာနအောက်တွင်စုစုပေါင်းစက်ရုံ ၁၀၃ ရုံရှိပြီး
နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ ၄၄ ရုံနှင့် ကျန် ၅၉ ရုံမှာ အကျိုးတူတစ်ရုံ၊
ဖက်စပ်နှစ်ရုံ၊ ပုဂ္ဂလိကသို့ ငှား ရမ်းသည့် စက်ရုံ ၅၆ ရုံရှိကြောင်း
အစိုးရသစ်၏ ပထမရက်တစ်ရာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု စတုတ္ထအကြိမ် သတင်းစာရှင်း
လင်းပွဲတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ ဖြေကြားချက် အရ သိရသည်။
စက်မှုဝန်ကြီးဌာနတွင် လက်ရှိ အရှုံးပေါ်နေသည့် စက်ရုံ များရှိကြောင်း
အမြဲတမ်းအတွင်း ၀န် ဦးကိုကိုလွင်က ဖြေကြားပါ သည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံလုပ်ငန်းများအကြောင်း ပြောရာတွင် များသောအားဖြင့် ငွေကြေးအရှုံးပေါ်နေမှုအပေါ် အ ခြေခံ၍ တွက်ချက်ပြောဆိုတတ် ကြသည်။ အရှုံးပေါ်နေသော စက် ရုံမှ ၀န်ထမ်းများ၏ ခံစားနေရ သော စိတ်ခံစားချက်၊ ၎င်းတို့၏ မှိန်ဖျော့သော အနာဂတ်တို့ကို ငဲ့ စောင်းကြည့်မိသူ နည်းလှပေ မည်။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များက တွက်ခြေမကိုက်၊ အရှုံး ပေါ်က ရပ်ထား၍ရသည်။ နိုင်ငံ ပိုင်စက်ရုံများက အရှုံးပေါ်နေလို့ ဆိုကာ မလည်ဘဲ ရပ်ထား၍မရ။ များများလည်လျှင် များများရှုံး၍ နည်းနည်းလည်ပြီး ၀န်ထမ်းများ လည်း အားလုံးမဆင်းဘဲ နည်း နည်းသာ ဆင်းကြဆို၍လည်း မ ဖြစ်ပြန်။ နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် စီမံဆောင်ရွက်ရခြင်းဖြစ်၍ ကုန် ထုတ်လုပ်မှုစွမ်းအားပြည့် လုပ် ဆောင်ရန်လိုခြင်း၊ မလိုခြင်းထက် စက်ရုံဝန်ထမ်းတွေကတော့ အ ချိန်ပြည့်အောင် အလုပ်ဌာနသို့ လာရပေမည်။ စက်ရုံဖယ်ရီကား ကြီးများနှင့် ကြိုလိုက်ပို့လိုက်၊ဘာ လုပ်ပြီး ပြန်ကြလဲဆိုတော့ သန့် ရှင်းရေးလုပ်၊ စက်ကြိုစက်ကြား ငုတ်တုတ်ဟု ဆိုကြလေသည်။
နိုင်ငံပိုင် အထည်စက်ရုံတစ် ရုံတွင် တာဝန်ထမ်းဆောင်နေ သော ကုန်ထုတ်ဝန်ထမ်းတစ်ဦး က ၎င်းတို့အနေဖြင့် အချို့သော လများတွင် လ၀က်နီးပါးခန့် အ လုပ်မလုပ်ရဘဲ စက်ရုံအတက် အ ဆင်းလုပ်ရကြောင်းဆိုလေသည်။ အချို့ဌာနများမှာ တစ်လလုံးနီး ပါး အလုပ်မရှိကြောင်းသိရလေ သည်။
စွမ်းအားပြည့် အလုပ်မ လုပ်ရပေမယ့် စက်ရုံတွင်နေ့ဆိုင်း၊ ညဆိုင်းဖြင့် ၀န်ထမ်းကြိုပို့ဖယ်ရီ ကားများကတော့ ခေါက်တုံ့ခေါက် ပြန် သယ်ပို့ပေးနေရကြောင်းသိရ သည်။
အလုပ်အချိန်ပြည့်မလုပ်ရ ဘဲ အချိန်တန် လစာထုတ်နေရ၍ ၀န်ထမ်းများအနေဖြင့် ထိုသို့ သော အခြေအနေကို သာယာ ကျေနပ်နေသည်ဟု ထင်က မှား ပေလိမ့်မည်။ စက်ရုံတွင် အမြဲ တမ်းဝန်ထမ်းဖြစ်ပြီး လုပ်သက် ရှစ်နှစ်ခန့်ရှိသော ဘွဲ့ရကုန်ထုတ် ၀န်ထမ်းလေးက နေ့စားလပေး ဆရာမခေါ်တော့ ၀င်လျှောက် သည်။
နေ့စားဆရာမ အလုပ်ရ တော့ အမြဲတမ်းဝန်ထမ်းဘ၀၊အ လုပ်အမြဲမရှိသည့် ၀န်ထမ်းဘ၀ ကို စွန့်ခွာသွားသည်။ လစာလည်း မူလ အလုပ်ထက်နည်းသည်။ ယခင်လုပ်ခဲ့သော ၀န်ထမ်းအ လုပ် လုပ်သက်လေးလည်းအဆုံး ခံပြီး ဌာနပြောင်းသွားသော ဆရာ မလေးများ ရှိသည်။
နိုင်ငံပိုင်စက်ရုံများ အရှုံးပေါ် ခြင်းသည် ငွေကြေးအရ နိုင်ငံ့ ဘဏ္ဍာသာ အရှုံးပေါ်ခြင်းမဟုတ် ပေ။ယင်းစက်ရုံများတွင် တာဝန် ထမ်းဆောင်နေသော ၀န်ထမ်း များ၏ ကိုယ်စွမ်းကိုယ်စ၊ ဉာဏ် ရည်ဉာဏ်သွေးများပါ အရှုံးပြစေ သည်။ မလုပ်ရဘဲ လစာရနေ၍ ပျော်စရာမရှိ။ မလုပ်ရတော့ မ တိုးတက်၊ ထိုင်နေရင်းအချိန်ကုန်၊ အစွမ်းအစများ တုံးလာ၊ တီထွင် ကြံဆလိုစိတ်မရှိတော့ပေ။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုများ ကျ ဆင်းလာ၊ ထုတ်လုပ်မှုလမ်းစဉ်မှ သွေဖည်လာ၍ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသော ပညာရပ်များ၊ ခေတ်မီအသုံးပြု စက်ပစ္စည်းများနှင့် ဝေးကွာလာကြသည်။
ဝန်ထမ်းများ၏ အသက်အ ရွယ်နှင့် တာဝန်ထမ်းဆောင်သည့် သက်တမ်းသာ တိုးလာသည်၊ လုပ်ငန်းတိုးတက်မှုမရှိ၊ အတွေ့ အကြုံနှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုက နတ္ထိ၊ ပတ်ဝန်းကျင် တွင် မိမိလုပ်သော စက်ရုံအ ကြောင်း ပြန်ပြောရသည်မှာပင် လေသံက ခပ်ပျော့ပျော့။ဝန်ထမ်း များ၏ ယုံကြည်မှုများ၊ စိတ်ဓာတ် များ ချည့်နဲ့ခဲ့ကြရသည်။
စက်ရုံလည်ပတ်မှုရပ်မသွား အောင်ရှိသည့် ကုန်ကြမ်းနှင့် အ ဖြစ်လည်ပတ်သည့် ကုန်ပစ္စည်း အနည်းငယ်မှာပင် ထိုက်တန် သော ဈေးနှင့်မရောင်းရ၊ ဈေးမှန် ရအောင် တင်ဒါစနစ်ဖြင့် ရောင်း သော်လည်း ဈေးကွက်အတွင်း တရုတ်ပိတ်တစ်ကိုက် ၆၀၀၊၇၀၀ ဖြစ်နေချိန် ၎င်းတို့ထုတ်သည့် ပိတ်က ထက်ဝက်ဈေးဝန်းကျင် သာရသည်။
စက်ရုံဝန်ထမ်းက ထောင်ဂ ဏန်း၊ စက်ရုံကအကြီးစားဖြစ်၍ ယင်းတို့စက်ရုံမှ ထုတ်လုပ်သည့် ကုန်ချောများကို မည်သူတွေက အမှာရှိသနည်း။ မည်သည့်ဒေသ က အသုံးများသနည်း။ ပြည်ပ ဈေးကွက်ရှိသလားဆိုက မည်သို့ မျှ အဖြေမပေးနိုင်။ လည်လိုက် ထုတ်လိုက်ပြီး ကုန်ချောပိတ်ထွက် လာတော့ ဂိုဒေါင်တွင်သိုလှောင် ထားရသည့်အဖြစ်။ ဘဏ္ဍာနှစ် တစ်နှစ်မစခင် လျာထားစာရင်း လုပ်ချိန် ပိတ်ကိုက်ဘယ်လောက် ထုတ်၍ ရောင်းဈေး(အပြင်ဈေး ကွက်ပေါက်ဈေး)မည်မျှဖြင့်ဆို ကာ ထုတ်လုပ်မှုတန်ဖိုး မည်မျှ ပါဟု နှစ်စဉ် ခန့်မှန်းဖော်ပြခဲ့ကြ သည်။ ထိုပစ္စည်းများ အမှန်တ ကယ်ရောင်းချိန်တွင် ထိုခန့်မှန်း တန်ဖိုး အပြည့်ရသည်ဟု မရှိခဲ့ ပေ။ ကုန်ချော လက်ကျန်ကျ အောင်ဆို၍ တစ်ဝက်ဈေးနှင့် ရောင်းခဲ့ရသည်။ ၀န်ထမ်းများကို မယူမနေရ၊ မရောင်းမနေရ ခွဲ တမ်းများပေးပြီး အရင်ခေတ်က ရောင်းထုတ်ခဲ့ရသည်။ ပြန်လည် သုံးသပ်ကြည့်လျှင် သိနိုင်ပေ သည်။
စက်ရုံများက ပုံမှန်စက်စွမ်း အားပြည့် ထုတ်လုပ်မှုမရှိ၍ ၀န် ထမ်းများမှာ ပညာရပ်နှင့်မဆိုင် သည့် အလုပ်အကိုင်များ လုပ် ကိုင်လာရသည်။ GTIဒီပလိုမာနှင့် ၀င်ခဲ့သူက ခေါက်ဆွဲထုပ်ရ၊ တံ မြက်စည်းလှည်းရ၊ ၀ါအိတ်သွတ် နင်းရဖြင့် ထိုက်တန်သော ပညာ ဖြင့် အလုပ်မလုပ်ကြရပေ။ ထို့အ တွက် အချို့ကလည်း အလုပ်မှ နုတ်ထွက်သွားကြသည်။ စက်ရုံ များ၏ လည်ပတ်မှုမမှန်၍ ၀န် ထမ်းများထွက်မည်ဆိုပါကလည်း ယခင်ကာလများက မလွယ်ပေ။ အလုပ်ဝင်သည်နှင့် ရာထူးအဆင့် လိုက် အနည်းဆုံး ဘယ်နှနှစ် လုပ်ရမည်၊ မလုပ်ပါက ငွေမည်မျှ လျော်ပါမည်ဟု ၀န်ခံကတိ လက် မှတ်ထိုးကြရသည်။
နိုင်ငံပိုင်စက်ရုံလုပ်ငန်း တွင် လုပ်သက် ၁၁ နှစ်ရှိပြီး လုပ်ငန်း ခွင်၌ စိတ်ပျက်နေသော အရာ ထမ်းတစ်ဦးက ‘‘တို့ဝင်တော့ လ စာက ၇,၅၀၀ ၊ ဆန်ဖိုးပါမှ ၁၂, ၅၀၀။ အဲဒါအလုပ်ကို ၁၀နှစ်လုပ် ပြီးမှ ထွက်ခွင့်ရပြီး ၁၀ နှစ်မပြည့် ခင်ထွက်က ၁၀ သိန်းလျော်ပါ မယ်ဆိုပြီး စာချုပ်နဲ့ဝင်ခဲ့ရတာ’’ ဟု ဆိုသည်။ ၎င်းနှင့်အတူ အလုပ် ၀င်သူများ သုံးနှစ်ခန့်လုပ်ပြီးထွက် ချိန် အိမ်ထိဌာနက လျော်ကြေး လိုက်တောင်း၍ ၁၀ သိန်းလျော်ခဲ့ ရသူများရှိကြောင်း ပြောလေ သည်။ အချို့မှာ တရားရုံးအထိပင် ရောက်ခဲ့ရသည်။
ယခင်အစိုးရလက်ထက်က ယင်းစာချုပ်များ ပယ်ဖျက်ပေးခဲ့ သော်လည်း ၀န်ထမ်းအလုပ်တွင် ၁၀ နှစ်နီးပါးအချိန်ကုန်ခံပြီးဖြစ် ၍ အခြားအလုပ်တစ်ခုသို့ ကူးရန် စဉ်းစားနေရကြောင်း ဆိုလေ သည်။ ယခုအစိုးရလက်ထက်တွင် ပြည်ပရောက် အလုပ်သမားများ နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ပြောဆိုမှုများ ကြားသိလာရသည်။ အရှုံးပေါ်နေ သော စက်ရုံများရှိ အလုပ်မရှိ သော ၀န်ထမ်းများ၊ တတ်မြောက် သည့် ပညာရပ်နှင့်မအပ်စပ်ဘဲ တာဝန်ယူနေရသော ၀န်ထမ်းများ အတွက်လည်း သင့်လျော်သော လမ်းကြောင်းများ ဖော်ဆောင်ပေး သင့်ပေသည်။
အရှုံးပေါ်စက်ရုံကြီးတစ်ရုံ ထဲမှာကို ထောင်ဂဏန်းရှိသော ၀န်ထမ်းများ အလုပ်မရှိဘဲ အချိန် ကုန်နေရသည်က အစွမ်းကုန်ကြိုး စားရမည့် လက်ရှိနိုင်ငံတော် အ ခြေအနေနှင့်တော့ မအပ်စပ်လှဟု မြင်မိပါသည်။ အရှုံးပေါ်နေသော စက်ရုံများ ပြုပြင်ပြောင်းလဲမှု တိကျလျင်မြန်စွာ ဆောင်ရွက် ခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာနှင့်လုပ်အား ဆုံးရှုံးမှုများ ရပ်တန့်စေသင့်ပေ ပြီ။။

No comments:
Post a Comment