Tuesday, January 12, 2016

၂၀၁၅ အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များ အပိုင်း(၁) Jan 11, 2016


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလမ်းပေါ် အတူလျှောက်လှမ်းခဲ့ကြပြီ ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးတာနဲ့ ၂၄ နာရီအတွင်း စစ်ဘက်ဆိုင်ရာကျင့်ဝတ် တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်။ ၅ ရက်အတွင်း NCA ကို အဆင့်ဆင့်သို့ ရှင်းလင်းအသိပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၁၄ ရက်အတွင်းမှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JMC) ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA လက်မှတ်ထိုးပြီး ၁၄ ရက်အကြာ အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ Myanmar Peace Center ခန်းမဆောင်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ JMC အစည်းအဝေးစတင်ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးရဲ့ မဲရလဒ်တွေ ကြေညာပြီးဖြစ်လို့ နောက်တက်လာမယ့် အစိုးရသစ်ဟာ ဘယ်ပါတီဆိုတာ ရုပ်လုံးပေါ်လာပြီ ဖြစ်ပါတယ်။ အဲဒီလိုရုပ်လုံးပေါ်လာချိန်မှာပဲ KIA ဒုခေါင်းဆောင် ဂွမ်မော်က နောက်တက်
လာမယ့် အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ မဇ္စျီမသတင်းဌာနကို ဖြေကြားသွား
ခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ NCA လက်မှတ်ရေးထိုးခွင့် ရရက်သားနဲ့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်ခဲ့တဲ့ KIA ခေါင်းဆောင်တစ်ယောက်ဆီက နှုတ်ထွက်စကားဟာ ခပ်ရိုင်းရိုင်းပြောရရင် ခွေးဖင်ကနတ်စကား ထွက်တယ်လို့ပဲ ပြောချင်ပါတယ်။ KIA က ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့တဲ့ ဗီလိန်ဖြစ်ပါတယ်။ UNFC မှာ အင်ဘန်လက ဥက္ကဋ္ဌ၊ NCCT မှာ ဂွမ်မော်က ဒုဥက္ကဋ္ဌ ယူထားခဲ့တော့ တကယ်တမ်း NCA ထိုးတဲ့အခါ အားလုံး မပါလာတော့ဘူး။ NCA မထိုးတဲ့ ဘက်မှာ KIA ရပ်တည်ခဲ့တယ်။

ငြိမ်းချမ်းရေးကို မလိုလားတဲ့အတွက် အစိုးရဘက်က ကမ်းလှမ်းခဲ့သမျှကို အကြောင်းပြ ငြင်းပယ်ခဲ့တာ ထင်ရှားနေပါတယ်။ `၀´ ဗဟိုဌာနချုပ် ပန်ဆန်းမှာလုပ်တဲ့ ထိပ်သီးညီလာခံကို လည်း KIA သွားတက်တယ်။ အဲဒီညီလာခံအပြီးမှာ ၀မ်ဟိုင်းဒေသတိုက်ပွဲတွေ ဖြစ်လာအောင် ဖန်တီးတာ KIA နဲ့ UWSA တို့ရဲ့လက်ချက်ဆိုတာ ရှင်းနေတာပဲ။ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့တဲ့ KIA ဟာ အခုလည်း ရွေးကောက်ပွဲ ကာလနဲ့ ချိန်သားကိုက် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံစည်ခဲ့ပြန်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ NCA လက်မှတ်ထိုးခွင့် မပြုခဲ့တဲ့ သူပုန်တစ်စုက နောက်တက်လာ
မယ့်အစိုးရသစ် ကို လေချိုသွေးစကားတွေနဲ့ ချဥ်းကပ်လာတဲ့ သဘောထားထုတ်ပြန်ချက်တစ်စောင် ဖတ်လိုက်ရပါတယ်။ လက်တွေ့အကောင်အထည်ဖော်နေတဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးမ
တည်ဆောက်နိုင်တဲ့ သူပုန်တွေက မဖွဲ့စည်းရသေးတဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ချင်
တယ်ဆိုတော့ ယုံကြည်ပေးရမှာလား သူပုန် အဖွဲ့တွေရယ်လို့ပဲ သရော်လိုက်ချင်ပါတယ်။ ငြိမ်းချမ်းရေးရည်မှန်းချက်မရှိဘဲ သူများအော်လို့ လိုက်အော်နေတဲ့ ဟိုမရောက်ဒီမရောက် သူပုန်တွေရဲ့ အကြံအစည်ကို နောက်တက်လာမယ့် အစိုးရကလည်း ရိပ်မိနေလောက်ပါ ပြီ။ ကိုယ်လိုချင်တာပေးမှ ငြိမ်းချမ်းရေးယူမယ့် သူပုန်တစ်စုရဲ့ စိတ်ကူးယဉ်အတွေးတွေ ဖြစ်မလာနိုင်ပါဘူး။ နောက်အစိုးရမပြောနဲ့ ဘယ်အစိုးရပဲတက်တက် ကိုယ့်နိုင်ငံဖရိုဖရဲဖြစ်မယ့် သောင်းကျန်းသူတွေရဲ့ ကိုယ်ကျိုး အတ္တလောဘတွေကို လိုက်လျောမှာ မဟုတ်ဘူးဆိုတာပါပဲ။

နောက်တက်လာမယ့်အစိုးရကို လေချိုသွေးတာ ဒီအဖွဲ့ ၃ ဖွဲ့မှာ အကြံရှိပါလိမ့်မယ်။ KIA ရဲ့ ကြိုးကိုင်မှု၊ ပတ်သက်ဆက်နွယ်မှုနဲ့ အစိုရသစ်ဆီချဉ်းကပ်လာတာ တရုတ်ရဲ့ စနက်လည်းပါနိုင်ပါတယ်။ ဖက်ဒရယ်ပြည် ထောင်စုဒီမိုကရေစီနိုင်ငံတစ်ရပ် အောင်မြင်စွာ ထူထောင် ရေးလို့ သဘောထား
ထုတ်ပြန်ချက်ထဲမှာ ရေးသားထားတာ တွေ့ရပါတယ်။ အစိုးရသစ်ကရော သူတို့တောင်း တဲ့အတိုင်း လိုက်လျောနိုင်ပါ့မလား။ ယေဘုယျကျကျ တွက်ကြည့်ရင် မပေးဖို့များပါတယ်။ တောင်းတာမပေးရင် အခုလိုပဲ တိုက်ပွဲတွေ ဖန်တီးပြီး လက်နက်ကိုင်ပဋိပက္ခကို အသက်သွင်း ဦးမှာပဲလေ။ တစ်ခုရှိတာက အစိုးရ သစ်မတက်မီ လက်ရှိအစိုးရ လက်ထက်မှာ အဲဒီ သူပုန်သုံးဖွဲ့ကို ချေမှုန်းသုတ်
သင်ပြီး အေးချမ်းတဲ့ဒီမိုကရေစီ နိုင်ငံအဖြစ် လွှဲပြောင်းပေးလို့ရပါတယ်။ အာချောင်လို့ လက်ရှိအစိုးရ
က နှိပ်ကွပ်လိုက်မှဖြင့် သူပုန်တွေ ပြေးပေါက်မှားဦးမယ်လို့ပဲ ပြောချင်ပါတယ်။

ဒေသပြန်လည်တည်ငြိမ်လာပြီဖြစ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းခဲ့တဲ့လောက်ကိုင်မြို့ ပေါ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်
ပွားခဲ့တာ တွေ့ရပါတယ်။ လောက်ကိုင်မြို့ နဲ့ အနီးဝန်းကျင်တစ်ဝိုက်အခြေပြုလှုပ်ရှားနေတဲ့ အစိုးရတပ်စစ်ကြောင်းတွေကို MNDAA အဖွဲ့က နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြ၀တီ
သတင်းစာမှာ တရားဝင်ဖော်ပြခဲ့ပါတယ်။ ပြီးတော့ MNDAA က လက်နက်ကြီးနဲ့ပစ်ခတ်
ခဲ့လို့ လောက်ကိုင်မြို့ပေါ်မှာရှိတဲ့ နာမည်ကြီးကျင်းတယ် ဟိုတယ်ကို RPG ဗုံးသီး ၂ လုံး ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ လောက်ကိုင်မြို့ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး MNDAA အဖွဲ့က သူတို့လက်ချက် မဟုတ်ဘူးလို့ ဧရာဝတီသတင်းဌာနကို ပြောကြားသွားတာ တွေ့ရပါတယ်။

ဒါဆိုရင် လာပစ်တဲ့တရားခံဘယ်သူလဲ မေးစရာဖြစ်လာပါပြီ။ သေချာတာတစ်ခုကတော့ လောက်ကိုင်ဒေသမှာ MNDAA တစ်ဖွဲ့ပဲ ရှိပါတယ်။ အစိုးရတပ်တွေကို မနိုင်လို့ နယ်စပ်မျဉ်းတစ်လျှောက် ပုန်းအောင်းနေရပေမယ့် လူ၊ လက်နက်အင်အားဖြည့်တင်းနေတယ်လို့ သတင်းထွက်နေတဲ့အဖွဲ့
လည်း ဖြစ်ပါတယ်။ လောက်ကိုင်မြို့ကို နည်းလမ်းမျိုးစုံနဲ့ ၀င်ရောက်လာနိုင်သလို အရပ်သားအ
သွင်ဆောင်ပြီး အဝေးကနေလှမ်းပစ်လို့လည်း ရပါတယ်။ လောက်ကိုင်မြို့ကို သိမ်းပိုက်ဖို့အထိကြံ

စည်ခဲ့တဲ့အဖွဲ့က သူတို့ပစ်တာမဟုတ်ဘူးလို့ ပြောတာကို ဘယ်လိုမှယုံ ကြည်လက်ခံပေလို့ မရပါဘူး။ MNDAA အဖွဲ့ဝင် ဖုန်းဝင်းနိုင်က `` အပစ်အခတ်ရပ်စဲထားတာ ၄ လလောက်ရှိ ပြီ၊ အဲဒီကတည်းက တိုက်ခိုက်မှုလည်းမရှိတော့ဘူး ´´လို့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားတာ ရှိပါတယ်။ အစိုးရစစ်ကြောင်းတွေက လိုက်တိုက်လို့ နယ်စပ်မျဉ်းဘက်ကို ပြန်ပြေးသွားတဲ့ သူပုန်တွေက ဘယ်အဖွဲ့ကလဲ။ MNDAA မဟုတ်ရင် TNLA ၊ AA ၊ KIA ၊ SSPP/SSA တစ်ဖွဲ့ဖွဲ့တော့ဖြစ် မှာသေချာတယ်။ အဲဒီအဖွဲ့တွေမဟုတ်ပါဘူးလို့ပြောရင် လောက်
ကိုင်မြို့ကို လာပစ်တာအခြားကမ္ဘာကဂြိုလ်သားတွေ လာပစ်တာ လို့ ပြောရမလိုဖြစ်နေ ပါပြီ။

အဖြေကရှင်းပါတယ်။ သူပုန်တစ်စုဟာ သူတို့ကိုယ်တိုင်ကျူးလွန်တဲ့ လုပ်ရပ်တိုင်းကို ဘယ်တော့မှဝန်မခံပါဘူး။ လတ်တလောဖြစ်ပွားခဲ့တဲ့ SSPP/SSA ဆိုရင်လည်း အစိုးရတပ်မဌာနချုပ်နဲ့ တပ်ရင်းဌာနချုပ်ကို အကြိမ်ကြိမ် လာပစ်ပေမယ့် သူတို့မဟုတ်ဘူးလို့ ငြင်းတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နဲ့ ၆ ကီလိုမီတာမှာ လာဆောက်နေ တဲ့ KIA တပ်မဟာ (၈)ကို သိမ်းပိုက်မိတာတောင် KIA ခေါင်းဆောင်တွေက နယ်မြေကျူးကျော်ပြီး စစ်အင်အား တိုးချဲ့စခန်းသစ်ဆောက်တာကို ၀န်မခံပါဘူး။ အဲဒီလို မီဒီယာတွေနဲ့ပေါင်းပြီး အမှားကိုအမှန်ဖြစ်အောင် သူပုန် တွေလုပ်နေလို့ ငြိမ်းချမ်းရေးမရနိုင်တာလို့ မြင်ပါတယ်။


‪#‎ဇော်လင်းသန့်‬



No comments: