သူရဦးရွှေမန်းနှင့်ဇနီး ကုတင်တစ်ထောင်ဆေးရုံတွင် ဆေးစစ်မှုခံယူ
ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်ဇနီးဒေါ်ခင်လေးသက်တို့သည် နေပြည်တော် ရှိကုတင်တစ်ထောင်ဆေးရုံတွင်ဆေးစစ်မှုခံယူခဲ့ကြောင်းနေပြည်တော်ရှိ သတင်းထောက်မှသတင်းပေးပို့သည်။
ယနေ့(ဇန်နဝါရီလ ၁ ရက်) ညနေပိုင်းက ဆေးစစ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Ultra Sound ရိုက်ခြင်း၊ နှလုံးခုန်ကြိမ်နှုန်းစစ်ဆေးခြင်းနှင့် ကွန်ပြူတာဓာတ်မှန် ရိုက်သည့်စစ်ဆေးမှု ခံယူခဲ့ခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ဥတ္တရသီရိမြို့နယ်ရှိ အရိုးဆေးရုံသို့ပါ သွားရောက်ခဲ့ကြောင်း လွှတ်တော်အသိုင်းအဝိုင်းထံမှ သိရသည်။
ထိုသို့ ဆေးစစ်မှုခံယူသည့် အဖြေရလဒ်များတွင် ၄င်းတိုနှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်သည့်အဖြေထွက်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းနှင့် မိသားစုဝင်များထံမှ သိရသည်။
the voice
No comments:
Post a Comment