Tuesday, January 12, 2016

အကြမ်းဖက်ဝါဒ ကမ္ဘာနှင့်လက်တွဲတိုက်ဖျက်ရန် ရုရှားသမ္မတဆန္ဒရှိ


Myanmaalinn's photo.
 မော်စကို ဇန်နဝါရီ ၁၁

ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် အကြမ်းဖက်ဝါဒကို ပူးပေါင်းတိုက်ဖျက်သွားရန် လိုလားကြောင်း ဇန်နဝါရီ ၁၁ ရက်က အင်တာဗျူးတစ်ခု၌ ရုရှားသမ္မတ ပူတင်က ပြောဆိုလိုက် သည်။
''ကျွန်တော်တို့က ထပ်မံခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့အနေနဲ့ ဥရောပနဲ့ရော တစ်ကမ္ဘာလုံးနဲ့ပါ ဘုံခြိမ်းခြောက်မှုတွေကို အတူတကွ လက်တွဲပူးပေါင်းတိုက်ဖျက် သွားဖို့ ဆန္ဒရှိနေဆဲပါ''ဟု ဂျာမန်သတင်းစာတစ်စောင်ဖြစ်သည့် ဘိုင်းလ်သတင်းစာနှင့် တွေ့ဆုံ မေးမြန်းစဉ် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောဆိုလိုက်သည်။
''ကျွန်တော်ကအကြမ်းဖက်ဝါဒတစ်ခုတည်းပြောတာမဟုတ်ပါဘူး။ မှုခင်း၊ လူကုန်ကူးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အခြားနိုင်ငံတကာဘုံစိန်ခေါ်မှုတွေပေါ့ဗျာ''ဟု ၄င်းက ဆက်လက် ပြောကြားသည်။
ရုရှားအနေဖြင့် ဆီးရီးယားကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာ ဝင်ရောက်လျက်ရှိသော အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အမျိုးသားလုံခြုံ ရေးကိုခြိမ်းခြောက်နေခြင်းကြောင့်ဖြစ်ကြောင်း မော်စကိုက ပြောသည်။ အောက်တိုဘာလ အတွင်း အီဂျစ်နိုင်ငံတွင် လူပေါင်း ၂၂၄ ဦးသေဆုံးခဲ့ရသည့်လေယာဉ် ပစ်ချခံရမှုတွင် အိုင်အက်စ် တို့က ၄င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(ရိုက်တာ)

No comments: