Monday, January 11, 2016

ရထားစီးနိုင်ငံခြားသားဧည့်သည်များအား သွားလိုသည့်မြို့သို့ လမ်းညွှန်ဆောင်ရွက်ပေး




The Mirror Daily's photo.



မော်လူး ဇန်နဝါရီ ၁ဝ

မန္တလေး-မြစ်ကြီးနားမီးရထားလမ်းရှိ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားဘူတာနှင့်အင်းတော် ဘူတာကြား ရထားမိုင်တိုင်အမှတ် (၅၈၇/၂ဝ) နှင့် (၅၈၇/၁၉) ကြား ရထားအမှတ် ၉၃၄ အစုန်ကုန်ရထားတွဲ ၅ တွဲအနက် တွဲတစ်တွဲသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက ဘီးချော်ပြီး ကျန်လေးတွဲမှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားမှုကြောင့် အမှတ် ၅၅အဆန်ရထားအား မဲဇာဘူတာတွင်ရပ်နားထားပြီး ၄၂ အစုန်ဒုတိယအမြန် ရထားအား နဘားဘူတာ၌ရပ်နားခဲ့သည်။
အမှတ် ၅၆ အစုန်ရထားတွင် အမေရိကန်နိုင်ငံသားနှင့် အင်္ဂလန်နိုင်ငံသား ခြောက်ဦးပါရှိကြောင်း ရထားတွဲထိန်းကြီးကြပ်စိုးမင်းထွေးက မော်လူးဘူတာ တာဝန်ခံရုံပိုင်ကြီး ဦးစိုးလင်းထံအကြောင်းကြားခဲ့ရာ ၎င်းမှ တစ်ဆင့် မော်လူးနယ်မြေရဲကင်းရဲတပ်ဖွဲ့စခန်းသို့ ထပ်မံ၍ အကြောင်းကြားခဲ့သည်။
မော်လူးနယ်မြေခံရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်ဝေမိုးနှင့် တပ်ဖွဲ့ဝင်များက နိုင်ငံခြားသားများသွားလိုသည့်မြို့သို့လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။ ရထားလမ်းပိုင်းဖွင့်နိုင်ရေးကို ကောလင်းကရိန်းရထား၊ မိုးညှင်းကရိန်းရထား၊ အင်းတော်-နဘားရှိ အင်ဂျင်နီယာ နှင့်လမ်းလုပ်သားများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(ခင်မောင်ဆွေ)

No comments: