Monday, January 11, 2016

ဝန်ထမ်းများ အခွန်သက်သာစေရေး အခွန်ကောက် ဥပဒေကြမ်းကို ပြင်ဆင်ချက်များ တင်သွင်းကာ ဆက်လက်ဆွေးနွေးမည်

ဝန်ထမ်းများ အခွန်သက်သာစေရေး အခွန်ကောက် ဥပဒေကြမ်းကို ပြင်ဆင်ချက်များ
တင်သွင်းကာ ဆက်လက်ဆွေးနွေးမည်
----- -------- -------
ဝန်ထမ်းများ အခွန်သက်သာစေရေး ပြည်ထောင်စု အခွန်ကောက် ဥပဒေကြမ်းကို
ပြင်ဆင်ချက်များ တင်သွင်းကာ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင်
ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်
ဒေါက်တာခင်ရွှေ၊ ဦးညွန့်တင်၊ ဒေါက်တာ စိုင်းလှထွန်းနှင့် ဦးစောလှထွန်းတို့က
ပြည်ထောင်စု အခွန်ကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြပြီး ဖြစ်သော်
လည်း ၀န်ထမ်းများ အခွန်ထမ်းခများ သက်သာစေရန် ပြင်ဆင်ချက်တင်သွင်း၍
ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံက
သိရသည်။
“အခွန်ကောက်ဆိုင်ရာ ဥပဒေကြမ်းပေါ့ ။ အခုက ပြန်ပြီး ဆွေးနွေးလိမ့်မယ် ။
ဝန်ထမ်းတွေ ဘာတွေကို လစာတိုးပေးတာတွေ ဘာတွေ မလုပ်နိုင်တော့ဘူး ။
အရင်ကတော့ လုပ်ပေးခဲ့တယ် ။ အခုမလုပ်ပေးနိုင်တော့ဘူး ။ အဲ့လို မလုပ်ပေးနိုင်
ပေမယ့်လို့လည်း ၀န်ထမ်းတွေအတွက် အခွန်သက်သာအောင် ထည့်ပေးဖို့
သင့်တယ် ဆိုပြီး ဆွေးနွေးဖို့အတွက် အချိန်ပြန် ချိန်းမယ်” ဟု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက The Ladies သို့ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များပေါ် မူတည်၍ ဥပဒေကြမ်း
ပူးပေါင်း ကော်မတီနှင့် ဆွေးနွေးကာ ပြင်ဆင်ချက် တင်သွင်းမှုများ ပြုလုပ်မည်ဖြစ်ပြီး
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း အသေးစိတ် ပြင်ဆင်ချက်
တင်သွင်းခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း ဦးရဲထွန်းက သုံးသပ်သည်။
ဝန်ထမ်းများဟု ဆိုရာတွင် အစိုးရ၀န်ထမ်းများကို ရည်ရွယ်သော်လည်း ပုံမှန်လစာ
ရရှိသည့် ပုဂ္ဂလိက ၀န်ထမ်းများ အတွက် အခွန်လျှော့ပေါ့မည့် ကိစ္စများပါဝင်မည်
မပါဝင်မည်ကို ဆွေးနွေးသည့်အခါမှသာ သိရမည်ဖြစ်ကြောင်း၊ မည်သည့်ရက်တွေ
ဆွေးနွေးမည်ကိုမူ အတိအကျ ကြေညာသွားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ဆက်လက် ပြောကြားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments: