Saturday, January 2, 2016

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းအတွက် ဂျာမနီလူမျိုး ကြံ့ခိုင်ရေးမှူး တစ်ဦး ခေါ်ယူမည် -------- ----

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းအတွက် ဂျာမနီလူမျိုး ကြံ့ခိုင်ရေးမှူး
တစ်ဦး ခေါ်ယူမည်
--------        -------         --------

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းအတွက် ဂျာမနီလူမျိုး ကြံ့ခိုင်ရေးမှူး
တစ်ဦး ခေါ်ယူ သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရှိရသည်။

ယင်းသို့ခေါ်ယူရာတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း၏ နည်းပြ
ဂတ်ဇီဆီဖရိုင်းဒရစ် ၏ အဆက်အသွယ်ဖြင့် ဂျာမနီလူမျိုး ကြံ့ခိုင်ရေးမှူး တစ်ဦးအား
ခေါ်ယူမည့် အစီအစဉ်ဖြစ်သည်။

"ကျွန်တော်တို့ ဘက်ကတော့ ခေါ်ယူဖို့အတွက် စာချုပ်ပုံစံ ပို့ထားပါတယ်။ သူတို့
ဘက်က သဘောတူ တာနဲ့ခေါ်မှာပါ" ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တွဲဖက်
အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

လက်ရွေးစင်အသင်းအတွက် မိမိတို့ဘောလုံးအဖွဲ့ချုပ်မှ  အကောင်းဆုံး ပြင်ဆင်နေ
ကြောင်း နိုင်ငံတကာ ခြေစမ်းပွဲများလည်း ကစားမည်ဖြစ်ကြောင်း ၄င်းထံမှ
သိရှိရသည်။

ယခုတွင် လက်ရွေးစင် အမျိုးသား အသင်းအား ကိုင်တွယ်နေသည့် ဂျာမနီလူမျိုး
နည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ်သည် မြန်မာ ယူ -၂၀အသင်းအား ကမ္ဘာ့ဖလား
ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင် ပေးထား နိုင်သည့် နည်းပြတစ်ဦးလည်းဖြစ်ပြီး
လာမည့် မလေးရှားဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်အသင်း ကို ကိုင်တွယ်
မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

‘‘လက်ရွေးစင်အသင်းအတွက် ကြံ့ခိုင်ရေးမှူးက ဂျာမနီလူမျိုးဆိုတော့ ပိုကောင်း
တာပေါ့။ နည်းပြကြီး အတွက်လည်း အဆင်ပြေတယ်။ ကစားသမားတွေလည်းပိုပြီး
ကြံ့ခိုင်ရေး ကောင်းတာပေါ့။ ဒီဂျာမနီ နည်းပြကြီးကြောင့် လက်ရွေးစင် အသင်း
ပိုအောင်မြင် လာမယ်လို့ ထင်ပါတယ်"ဟု ဘောလုံးပရိသတ် တစ်ဦးဖြစ်သည့်
သုဝဏ္ဏမှ ကိုကျော်ကျော်မင်းက ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် လာမည့် ၂၀၁၈ ကမ္ဘာ့
ဖလားဘောလုံး ပြိုင်ပွဲ အတွက် ခြေစစ်ပွဲများအား ကစားလျက်ရှိရာ ခြောက်ပွဲ
ကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေကျကာ လေးပွဲ ရူံးနိမ့်ထားခဲ့သည်။ လက်ရှိတွင်
ရမှတ်လေးမှတ်သာ ရရှိထားပြီး လက်ကျန်နှစ်ပွဲအား ထပ်မံ ယှဉ်ပြိုင် ကစားရန်
ရှိသော်လည်း ကာတာလက်ရွေးစင် ဘောလုံးအသင်းနှင့် တစ်ပွဲအား မကစားရဘဲ
လက်ဘနွန်အသင်းနှင့် တစ်ပွဲသာ ကစားရမည်ဖြစ်သည်။

အဆိုပါ အသင်းအနေဖြင့် စင်ကာပူ အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး
ဆူဇူကီးဖလား ပြိုင်ပွဲ အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အစီအစဉ်ရှိကြောင်း
လည်း သိရသည်။

သတင်း - MMK
photo - mothership
The Ladies News Journal

No comments: