Wednesday, December 16, 2015

ရှမ်းထမင်းချဉ်၊ ငါး၊ အာလူး ထမင်းနှပ်အကြောင်း ***********************************

ရှမ်းထမင်းချဉ်၊ ငါး၊ အာလူး ထမင်းနှပ်အကြောင်း
***********************************
ရှမ်းထမင်းချဉ်၊ ငါး၊ အာလူး စသည့်ထမင်းနှပ်ကို ပအိုဝ်းစကားအနေနဲ့ခေါ်ရရင်
"ဒဲဉ်နွတ်" လို့ခေါ်ပါတယ်။ ကျနော်တို့ငယ်တုန်းကဆို တစ်ခါတစ်ရံ အမေက လုပ်
ပေးတတ်ပါတယ်။
အာလူးပြုတ်ပြီး ချက်ပြီးသားထမင်းပူပူနွေးနွေးနဲ့ အာလူးပြုတ်နိုင်
နိုင်၊ ဆီသပ်ထားသည့် ကြက်သွန်ဖြူကြော်၊ သပ်ထားသည့်ဆီ အဓိကထားသုံးပြီး
ကျန်သည့်အပိုင်းမှာတော့ မိမိတို့ကြိုက်နှစ်သက်သည့်အရသာအားလျော်စွာ
ရောစပ်ထည့်ပြီး ကြေအောင်နယ်၊ ကြေအောင်နှပ်ရတာကိုပဲဘဲ ထမင်းနှပ်လို့
ခေါ်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့နည်းပါပဲ။
ဝက်သားနဲ့စားချင်ရင် ဝက်သားနဲ့၊ ကြက်သားနဲ့ဆို ကြက်သားနဲ့၊ ငါးဆိုရင်လည်း
ငါးနဲ့ ရောနှပ်လိုက်ရုံပါပဲ။ သူနဲ့အဓိကတွဲဖက်စားသုံးရတဲ့ အဆာပလာများကတော့
ဂျူးမြစ်၊ နာနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲကြော်၊ ဝက်ခေါက်၊ ငါးမုန့်၊ ကြက်သားကြော်၊
ဝက်သားကြော် စသည်တို့နှင့်အများစုတွဲပြီး စားသုံးတတ်ကြပါတယ်။ ရှမ်းထမင်းချဉ်နှင့်
ထမင်းနှပ်ကတော့ အဓိကအားဖြင့်ရှမ်းပြည်လောက်မှာပဲရတတ်ပါတယ်။
ရှမ်းပြည်နယ်ရဲ့ရိုးရာအစားအစာဖြစ်လို့ သူ့
နေရာနဲ့သူမှ စားလို့ကောင်းတဲ့ ရိုးရာအစားအသောက်တစ်မျိုးပါ။
ရှမ်း/တောင်ရဲ့ စားသောက်ဆိုင်ကြီးအများစုမှာလည်းရရတတ်ပါတယ်။ ပွဲတော်ရာသီ
ချိန်ကျရင်တော့ နေရာတိုင်းလိုလိုမှာ ဖောဖော်သီသီရတတ်ပါတယ်။
ထမင်းချဉ်၊ ထမင်းနှပ်လုပ်ပုံလုပ်နည်းနှင့် ပါဝင်ရမည့်ပစ္စည်းများကတော့ Kae Kae's
Food Palace မှအောက်ပါအတိုင်းညွန်ပြပေးထားပါတယ်။ ယေဘုယျသဘောနဲ့ပြထား
တာမို့ မိမိတို့လိုအပ်သည့်အတိုင်း အတိုးအလျှော့ လုပ်နိုင်ပါတယ်။
#ထမင်းပူပူ လိုသလောက်
အာလူးအနေတော် ၂လုံး
ငါးရံ့  ၃၀ကျပ်သား
ခရမ်းချဉ်သီးအနေတော် ၄လုံး
ဆား အနည်းငယ်
#ကြက်သွန်ဖြူဆီချက်
ငရုတ်သီးတောင့်ကြော် ၊ ငရုတ်သီးဆီချက်
ဂျူးမြစ်
နံနံပင်၊ ကြက်သွန်မိတ်
ဝက်ခေါက်ကြော် (optional)
ပြင်ဆင်ရမည့်ပုံစံကတော့....
၁။ ငါးကို ချင်း၊စပါးလင်၊ဆား အနည်းငယ်တို့  ထည့်ပြီး ရေခမ်းပြုတ်ပါ။ အေးသွားလျှင် အသား နွှင်ထားပါ။
၂။ ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး ဆီချက် အရင်ချက်ပါ။ ပြီးလျှင် ပန်းကန်ထဲ ခပ်ပြီး အအေးခံထားပါ။
၃။ ခရမ်းချဉ်သီးကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပြုတ်ပါ။ အစေ့တွေဖယ်ပြီး အနှစ်ရအောင် ချေထားပါ။ အာလူးကို ပြုတ် အခွံနွှာပြီး ချေထားပါ။
၎။ နယ်မယ့်ပန်းကန်ထဲကို အာလူး၊ ခရမ်းချဉ်သီးအနှစ်၊ငါးအသား၊ ထမင်း၊ ကြက်သွန်ဖြူ ဆီချက်၊ ဆားတို့ ထည့်ပြီး စီးပိုင်အောင် နယ်ပါ။ အရသာ အပေါ့အငန် စိတ်တိုင်းကျ ပြင်ပါ။
၅။ တယောက်စာ အလုံးလုံးပြီး အသာလေး ဖိလိုက်လျှင် အ၀ိုင်းပြားပုံစံလေး ရပါပြီ။
စားမယ့်ပန်းကန်ထဲကို ငါးထမင်းနယ်ကို အလယ်ကထည့်၊ အပေါ်က ကြက်သွန်ဆီချက် ဖြူး၊ဘေးက ဂျူးမြစ်နဲ့  ငရုတ်သီးတောင့်ကြော် ထည့်လိုက်လျှင် ပုံပါအတိုင်း သွားရည်ကျစေမယ့်
စားချင့်စဖွယ် ရှမ်းထမင်းချဉ်၊ ငါး၊ အာလူး၊ အသားသည့် ထမင်းနှပ်ဖြစ်ပါပြီ....။
တန်ဆောင်တိုင်ပွဲသွားရင်း ရှမ်းထမင်းချဉ်ကို စားခဲ့ဖို့မမေ့နဲ့ဦးနော်...။
မေတ္တာဖြင့်
တက္ကသိုလ် ခွန်Rကာ


No comments: