"အင်တာနက်ဖာ" တဲ့ ဖတ်ကြည့်ကြပါဦး။
အင်တာနက်သုံးဖို့ ဖုန်းဘေလ်မရှိလို့ အွန်လိုင်းပေါ်တွင် ဖာဖြစ်သွားကြသူတွေရှိသည်ဆိုလျှင် ယုံမလားတော့မသိ။
မယုံမရှိနှင့်။ ဒုနှင့်ဒေးပင်ဖြစ်သည်။ ထိုအထဲတွင် စိုပြေလည်း ပါသည်။
တကယ်ပါ။ ဖုန်းအော်ပရေတာများကောင်းမှုကြောင့် ယခုအခါ စိုပြေ တစ်ယောက် အင်တာနက် ဖာဖြစ်နေပါပြီ။
မြန်မာပြည်တွင် ကပ်ကြီးသုံးပါး (အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး) ကျရောက်ပြီးကတည်းက ဒုက္ခရောက်သူတွေ မနည်းမနော။
စိုပြေလို ဖုန်းအော်ပရေတာများနှိပ်စက်သဖြင့် ဖာဖြစ်သွားသူတွေကို သနားစရာတော့မလို။
ကိုယ့်မိုက်ပြစ်နှင့်ကိုယ်သာဖြစ်သည်။ ဖာမဖြစ်ခြင်ရင် ဖုန်းဖြင့် အင်တာနက်မသုံးနှင့်ပေါ့။
သို့သော်လည်း အင်တာနက်သည် စွဲလမ်းလွန်းလှသည်ဖြစ်ရာ မသုံးလို့ မဖြစ်။ သို့နှင့် စိုပြေလည်း အင်တာနက်ဖာဖြစ်ရပါသည်။
လွန်ခဲ့သော သုံးလခန့်က စိုပြေ ဖုန်းဘေလ် ငါးထောင်ဖြည့်လိုက်သည်။
ထိုငါးထောင်ဖြင့် အင်တာနက်သုံး၏။ နှစ်ရက်မကြာ။ ကုန်သည်။ ကိုယ်ကလည်း သုံးလွန်းတာကိုး။
ထိုအခါ စိုပြေ အလွန်ပင် စိတ်ဓါတ်ကျသွားသည်။
အင်တာနက်ကို စွန့်လွှတ်လိုက်လျှင်ကောင်းမလားစဉ်းစားသည်။ မဖြစ်။
အလုပ်လည်းမရှိ၊ မကိုင်လည်းမရှိ။ တစ်ယောက်ထဲနေရတာ ထိုအင်တာနက်လေးမှ မရှိလျှင် ပျင်းစရာကောင်းသည်။
ဒါကြောင့် အခြားဖုန်းလိုင်းပြောင်းသုံးကြည့်သည်။ မထူးလှ။ တစ်ရက်ကို အင်တာနက်ဖိုးက သုံးထောင်လောက် အနည်းလေးကုန်သည်။
မဖြစ်သေး။ ၀င်ငွေလည်းရှိတာမဟုတ်။ ချွေချွေတာတာသုံးကြည့်တော့ တရက်ကို နှစ်ထောင်လောက်ကုန်ပြန်သည်။ နောက်ဆုံး သုံးစရာ မရှိသဖြင့် အော်ပရေတာဆီက ချေးသုံးရသည်။ ကဒ်တိုင်း အကြွေးတွေချည်းပဲ။
ဟိုးအရင် ပြည်ပ အော်ပရေတာတွေ ၀င်မလာခင်တုန်းကဆိုအဲ့လိုမဖြစ်။ MPT အင်တာနက်က တစ်မိနစ်ကို နှစ်ကျပ်။
လိုင်းကတော့ လုံးဝမကောင်း။
နောက် ပြည်ပက အော်ရီဒူးနှင့် တယ်လီနော ၀င်လာရာ အင်တာနက်ကို ဒေတာဖြင့် ကောက်သည့် စနစ်ကို ကျင့်သုံးသည်။
နောက်တော့ MPT ကပါ ဒေတာနှင့် ကောက်သည့် စနစ်ကို ကျင့်သုံးသည်။ မိနစ်နှင့် ကောက်သည့် စနစ်ကိုလည်း မဖျက်။
သို့သော် တစ်မိနစ်နှစ်ကျပ်လိုင်းနှင့် ဒေတာနှင့် ကောက်သည့်လိုင်းက မြန်နှုန်းခြင်းတော်တော်ကွာသည်။
အဲ... ဈေးနှုန်းခြင်းကလည်း တော်တော်ကွာတာပေါ့လေ။
ပြည်ပ အော်ပရေတာတွေ မလာခင်တုန်းဆို မြန်မြန်လာပါစေဟု ဆုတောင်းလိုက်ရတာအမော။ ဆင်းကဒ်တွေက ဈေးကြီးတာကိုး။
ထိုအော်ပရေတာတွေလာပြီးမှ တစ်ကဒ်ထောင့်ငါးရာဖြစ်တာ။
ထိုတစ်ကဒ်ထောင့်ငါးရာဖြစ်ပြီးကတည်းက စိုပြေတို့လို လူတွေ ဒုက္ခရောက်လိုက်ကြတာပါပဲ။
အင်တာနက်တွေ သုံးကြ။ ဖုန်းဘေလ်တွေကုန်ကြနဲ့။
ယခင်ကဆို ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်းက အနည်းဆုံး။ ဟိုးအရင်ကဆို ငါးသိန်း၊ ဆယ့်ငါးသိန်း၊ လွယ်လွယ်ဝယ်မရလို့ သိန်းလေးဆယ်ကျော်ပေါက်တဲ့ ဖုန်းက ရှိသေး။
အဲ့တော့ လူတိုင်းမ၀ယ်နိုင်။ မ၀ယ်နိုင်တော့ ဖုန်းမသုံးဖြစ်။ အင်တာနက်ဖိုးလည်းမကုန်။ ဟန်းဆက်ဖိုးလည်းမကုန်။
အစိုးရ တာဝန်ရှိသူတွေက ပြည်သူတွေကို မကုန်သင့်တာမကုန်ရအောင် အခုလို လုပ်ထားပေးခြင်းပင်။ ကျေးဇူးကြီးလှပါဘိ။
ဒါကို ကျေးဇူးမသိဘဲ ဆင်းကဒ်တစ်ကဒ် ငါးထောင်ဖြစ်ရေး ဘာရေးနဲ့ ထအော်ကြတော့ အခုဆို ဖုန်းဘေလ်ဖိုးနဲ့ မွဲရလေပြီ။
ထားပါတော့လေ။ စိုပြေ အင်တာနက်ဖာဖြစ်ရတဲ့ အကြောင်းကို ပြန်ဆက်မည်။
အားလုံးသိကြသည့်အတိုင်း စိုပြေ့မှာ အလုပ်မရှိ။ အကိုင်မရှိ။
ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်နေသဖြင့် အကြံတုံးဥာဏ်တုံးဖြစ်ပြီး စာလည်း မရေးနိုင်။ စာမရေးတော့ စာမူခမရ။ စာမူခမရတော့ ဖုန်းဘေလ်ဖိုးမရှိ။
ဒီလိုနှင့် စိုပြေ ဖုန်းဘေလ်ဖိုး မတတ်နိုင်တော့။
အသိမိတ်ဆွေတွေကိုလည်း ဖုန်းဘေလ်လှမ်းမထည့်ခိုင်းခြင်။ သိက္ခာကျသည်ဟု မှတ်ယူထားသည်။
ဒါကြောင့် အကြံဥာဏ်ထုတ်ရသည်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ သူများတွေလို facebook အကောင့်တွေကို Hack ပြီး ငွေညှစ်ရင်ကောင်းမလား။
သို့သော် စိုပြေသည် Passward သိမှသာ Hack တတ်သဖြင့် အလုပ်မဖြစ်။
နောက်ဆုံး အင်တာနက်ပေါ်တွင် နည်းလမ်းကောင်းတစ်ခုကို သွားတွေ့သည်။
ဒါကတော့ အင်တာနက်ဖာဟု ဆိုရမည့် Sex Chat ခြင်းပင်။
အွန်လိုင်းပေါ်တွင် နှာဗူးများ အလွန်များပြားလေရာ Sex Chat ခြင်သူတွေ မနည်းမနော။
သို့သော် .... ပုံမှန် အကောင့်နှင့်တော့ မရ။
မြန်မာနှင့် ခပ်ဆင်ဆင်တူသည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့က ကောင်မလေးများ ပုံဖြင့် အကောင့်တုဖွင့်ရသည်။
မိန်းကလေး နာမည်လှလှပေးရသည်။
ပြီးတော့ မိန်းကလေးယောင်ဆောင်ပြီး ယောင်္ကျားလေးတွေနှင့် စကားပြောရသည်။ နည်းနည်းရင်းနှီးလာတော့ ဖုန်းဘေလ်လှမ်းထည့်ခိုင်းသည်။ တခါတလေလည်း ရသည်။
များသောအားဖြင့် မရ။ အဆဲခံရသည်လည်းရှိ၏။ ဒါကြောင့် အခြားနည်းလမ်း ထပ်ပြောင်းရပြန်သည်။
Sex Chat လုပ်ခြင်ရင် ဖုန်းဘေလ် ငါးထောင် ထည့်ပေးရမည် ဆိုပြီး ပေါ်တင်ကြေငြာလိုက်သည်။
ခပ်လန်းလန်း၊ ခပ်ဟော့ဟော့ ကောင်မလေးပုံတွေတင်ရသည်။ ညစ်ညစ်ပတ်ပတ် စာသားတွေရေးတင်ရသည်။
တကယ်တော့ မြန်မာပြည်တွင် နှာဗူးတွေသည် ထင်သည်ထက်ပေါ၏။
လူကြီးလူကောင်းဆိုသူများပင် ဖုန်းဘေလ်ငါးထောင်ပေးပြီး စိုပြေနှင့် Sex Chat လာလုပ်ကြသည်။ ယောင်္ကျားခြင်း ပြောပေးနေရတာ ရွံစရာတော်တော်ကောင်းသည်။
စိုပြေ့ကို မိန်းမအစစ်ထင်ပြီး ပြောနေသဖြင့် ရယ်စရာလည်းကောင်းပြန်၏။
ကိုယ်တော်ချောတွေက အစတုန်းကတော့ စကားပင်ပြောသည်။ sexy ပုံတွေ ပို့ပေးရသည်။
နောက်တော့ ဖုန်းခေါ်မည်လုပ်သည်။
ပြသနာ။ ယောင်္ကျားသံသြသြကြီးကို ကြားသွားလျှင် စားပေါက်ပိတ်သွားမည်။ စိုပြေ့လို အခြား အင်တာနက်ဖာများလည်း အများအပြားရှိလေရာ ကိုယ့် ဖောက်သည် သူများဆီ ပါသွားလိမ့်မည်။
ဟိုကောင်တွေကလည်း ခေးအသံလေးမှ ကြားခြင်တယ်။ ဘာညာလာညုသည်။
နောက်ဆုံးတော့ နည်းလမ်းကောင်းတွေ့ပြန်သည်။ ဖုန်းတွင် အသံပြောင်းသည့် ဆော့ဝဲ။ ကိုယ်ပြောသည့် အသံက မိန်းမအသံဖြစ်သွားစေသည့် ဆော့ဝဲ။
ထိုဆော့ဝဲရပြီးနောက် စိုပြေတော်တော်အလုပ်ဖြစ်သွားသည်။ သို့သော် လူရှင်းသည့်နေရာသွားပြောရ၏။ အခြားလူတွေ ကြားလို့ မသင့်တဲ့ စကားတွေ မဟုတ်လား။
ပြီးတော့ ပုံမှန် ဖုံးတွေ လာလျှင် ထိုဆော့ဝဲကို ဖွင့်ထားလို့မဖြစ်။ အရှက်တွေ ကွဲသွားနိုင်သည်။
ဗီဒီယိုကောကိုတော့ ခေါ်ခွင့်မပြု။ နောက်ဆုံး ဗီဒီယိုကော ခေါ်မည်ဟု ဆိုလျှင်လည်း စိုပြေ စဉ်းစားပြီးသား။ စပ်စပိုင်ဒါ တစ်ထည်၊ လော်ဘီတစ်ထည် လောက်ဝယ်ပြီး ရိုက်ပြထားလိုက်မည်။
ဘာပဲဖြစ်ဖြစ်။ ဒီလိုအလုပ်က စားဖို့တော့ မရသော်လည်း အင်တာနက်ဖိုးတော့ နည်းနည်းပါးပါးရပါသည်။
အခုလိုမျိုး ကိုယ့်လျို့ဝှက်ချက်ကြီးကို မရေးသင့်မှန်း သိသော်လည်း အခြားသူများ သင်္ခန်းစာ ယူနိုင်ဖို့။
ဒါမှမဟုတ်။ ဖုန်းဘေလ်မရှိလျှင် စိုပြေ့ နည်းလမ်းကို အတုယူဖို့ ရေးသား တင်ပြလိုက်ရဖြစ်ပေတော့ သတည်း.....။
စိုပြေ
1:50 AM 12/5/2015
No comments:
Post a Comment