Saturday, December 19, 2015

တရားမဝင်သစ်ထုတ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်အ စိုးရ အနေဖြင့် ချမှတ်ထားသည့်ဥပဒေများ အတိုင်း တိုင်းရင်းသား၊ နိုင်ငံခြားသား မခွဲခြားဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သင့်ဟုဆို +++++++++++++++++++++++++++++

တရားမဝင်သစ်ထုတ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်အ စိုးရ အနေဖြင့် ချမှတ်ထားသည့်ဥပဒေများ အတိုင်း တိုင်းရင်းသား၊ နိုင်ငံခြားသား မခွဲခြားဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သင့်ဟုဆို
++++++++++++++++++++++++++++++++++++++++++++++++++

နေပြည်တော်၊ ဒီဇင်ဘာ ၁၈-

တရား မဝင် သစ်ထုတ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေ ဖြင့် ချမှတ် ထား သည့်ဥပဒေများအ တိုင်း တိုင်းရင်းသား၊ နိုင်ငံခြားသား မခွဲခြားဘဲ ပြတ်ပြတ်သားသားအရေး ယူဆောင်ရွက်သင့်ပါကြောင်း ဒီဇင် ဘာ၁၇ ရက်ကပြုလုပ် သည့် ပြည် ထောင် စုလွှတ်တော်အစည်းအဝေး တွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန္ဒာမင်း က ပြောသည်။

ယနေ့ပြုလုပ်သည့် ပြည်ထောင် စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်း အဝေး ၁၅ ရက်မြောက်နေ့ တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှပေး ပို့လာသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် ပထမခြောက်လပတ် အမျိုးသား စီမံကိန်းအစီရင်ခံစာအပေါ် စီမံကိန်း များနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက် ၍ ယင်းကဲ့ သို့ ပြောကြားခြင်းဖြစ် သည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ''ပြည်ပကုန် သွယ်မှုအခြေအနေမှာ အများဆုံး တင်ပို့ခဲ့တဲ့ ကုန်စည်တွေထဲမှာ သစ် တောထွက်ပစ္စည်းတွေအတွက် ရရှိ ငွေ ကျပ်သန်းပေါင်း ၁၀၂၃၅၃ ကျပ် ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြည် တွင်းအခွန် များ ဦးစီးဌာန အခွန်ကောက် ခံမှုကို ဖော်ပြထားရာမှာလည်း သစ် တောကဏ္ဍ အတွက် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းမှာ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကိုရပ်ဆိုင်းပြီး ပထမခြောက် လပတ်အတွင်း နိုင်ငံပိုင်အခန်းကနေ ကျွန်း ၁၅၆၂၉ ကုဗတန်နဲ့ သစ်မာ ၃၆၉၉၈ ကုဗတန်ထုတ်လုပ်တယ် လို့ ဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ် အ စိုးရသစ်တာဝန်ယူချိန် ပထမနှစ်က စပြီး ပဉ္စမနှစ် အထိ စုစုပေါင်းသစ် တန်ချိန် ၆၄ သိန်းကျော် ထုတ်လုပ် ခွင့်ပြုခဲ့ပါတယ်လို့ဆိုပါတယ်။ တရား မဝင် သစ်ခိုးထုတ်တဲ့သစ်တွေက ၁၅ နှစ်အတွင်း သစ်ပင်ပေါင်း သန်း ၃၀ ကျော်ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာကာလကစပြီး နှစ်စဉ် သစ်တောဖုံးလွှမ်းမှုက နှစ်ရာ ခိုင်နှုန်းပျောက်ဆုံးကြောင်း တရားမ ဝင်သစ်ထုတ်လုပ် မှုကြောင့် သစ်တော ပြုန်း တီးမှုနှုန်း အများဆုံးစာရင်းမှာ မြန်မာနိုင်ငံက ဘရာဇီးနိုင်ငံ နဲ့ အင် ဒိုနီးရှားနိုင်ငံပြီးရင် တတိယနေရာမှာ ရှိနေတယ်လို့ ဖော်ပြ ထားသော် လည်း အမျိုးသားစီမံကိန်းမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေကို ကာကွယ်တား ဆီးခြင်းစီမံကိန်း ထည့်သွင်းထားသော် လည်း အမှန် တကယ်ထိရောက်အောင် မဆောင်ရွက်နိုင်သေးဘဲ နိုင်ငံတော် အစိုးရ အနေနဲ့ ချမှတ်ထား တဲ့ ဥပဒေ တွေအတိုင်း နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြား ဘဲ ပြတ်ပြတ်သားသားအရေး ယူဆောင်ရွက်သင့်ပါတယ်'' ဟု ဆို သည်။

MP
#Democracytoday

No comments: