AFEOက ချီးမြှင့်သည့် Distinguished Honorary Fellow ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် သူရဦးရွှေမန်းရရှိ
----------------------------------
အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်(ASEAN Federation of Engineering Organisations - AFEO)က ချီးမြှင့်သည့် Distinguished Honorary Fellow ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို သူရဦးရွှေမန်းရရှိခဲ့ပြီး ယင်းအခမ်းအနားကို လွှတ်တော်ဝင်း၊ ဇဗ္ဗူသီရိဆောင်ရှိ ပြည်ထောင်စုလွှတ်တော် Learning Center ၌ ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မြန်မာနိုင်ငံအင်ဂျင်နီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာပညာရပ် ပြန့်ပွားရေး၊ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ပေါက်ရေးနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် ချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ ဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက်လက်ခံရယူသွားမည်ဖြစ်ကြောင်း Office of H.E. Thura U Shwe Mann Facebook တွင် ဖော်ပြထားသည်။
Photo - Office of H.E. Thura U Shwe Mann Facebook
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, December 16, 2015
AFEOက ချီးမြှင့်သည့် Distinguished Honorary Fellow ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် သူရဦးရွှေမန်းရရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment