Tuesday, February 11, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း ခေါ်ဆိုခများလျှော့ချ သတ်မှတ်ပေးရန် သုံးစွဲသူများလိုလား ======== နော်ဝေး နိုင်ငံနှင့် ကာတာ နိုင်ငံတို့မှ မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာနှစ်ခု လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ အသီးသီး ကျလာပြီဖြစ်၍ ယခုလက်ရှိ အသုံးပြုနေသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်း ခေါ်ဆိုခများကို လျှော့ချ သတ်မှတ် ပေးသင့်သည်ဟု ပြည်တွင်း မိုဘိုင်းဖုန်း သုံးစွဲသူများက ဆိုကြသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းကမှ အစိုးရကလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့သည့် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီတို့သည် ၎င်းတို့ရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များ၏ ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ကျပ်ငါးဆယ်အောက်သတ်မှတ် ထားကြောင်း တရားဝင်အသိပေး ပြောကြားမှုများ ရှိလာသည်။ ထို့ကြောင့် လက်ရှိအသုံးပြု နေကြသည့် မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းခေါ်ဆိုခများကိုလည်း ပြင်ဆင်သတ်မှတ် ပေးရန်လိုကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းသုံးစွဲ သူများက တညီတညွတ်တည်း ပြောသည်။ အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/11067

No comments: