မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 11, 2014
Public Digital Library ကို နေရာပေါင်း ၁၀၀ ၌ မတ်လအတွင်း စတင် တပ်ဆင်မည်
=======
Public Digital Library Service အား အကောင်အထည် ဖော်လျက်ရှိရာ နေရာပေါင်း ၁၀၀ ၌ကို မတ်လအတွင်း တပ်ဆင်မည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါစနစ်မှာ အင်တာနက်မလိုဘဲ Laptop, iPad, Tablet, Android ဖုန်းများနှင့် Netbook များဖြင့် စက်တည်ရှိရာ နေရာမှ အတားအဆီးမရှိလျှင် ၆၅၀ မီတာပတ်လည်အတွင်း ၀ိုင်ဖိုင် စနစ်ဖြင့် အလွယ်တကူ ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့ရှိပြည်သူများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် အဆိုပါစနစ်အား တိုင်းဒေသကြီး၊ ပြည် နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသများနှင့် ခရိုင်၊ မြို့နယ်များရှိ လူစည်ကားရာနေရာများတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ Public Digital Library Service ၌ ထည့်သွင်း မည့် စာအုပ်များတွင် ဖတ်ရှု၍ရရုံစနစ် (Read Only) စာအုပ်များနှင့် Soft Copy ကို ရယူနိုင်မည့်စနစ် (Download) စာအုပ်များ ပါရှိကြောင်း သိရသည်။
အပြည့်အစုံဖတ်ရန် ==> http://www.myanmarinternetjournal.com/content/11078
Subscribe to:
Post Comments (Atom)
No comments:
Post a Comment