Sunday, February 16, 2014

ဆရာတို့ကဆရာမို့ဆရာလို့ခေါ်ပါရစေဆရာ ။ နာမည်ကြီးသတင်းဌာနတစ်ခုရဲ့ သတင်းထောက်က မြန်မာပြည်ထဲကို မနက်ဖန် ဝင်ပြီးသတင်းယူမတဲ့ဗျ။ သူ့သတင်းဦးတည်ချက်က တောင်သာစစ်တပ်(Army)အကြောင်းဆိုပဲ။ တောင်သာစစ်တပ်ဟာဦးအောင်သောင်း ဖွဲ့ထားသတဲ့။ခုတလော ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေက စာပေဟောပြောပွဲတွေကို လိုက်ပိတ်နေတဲ့ ကိုယ်တော်တွေဟာ တောင်သာ စစ်တပ်ကလို့ဆိုသဗျ။ဒီပဲယင်းလုပ်ကြံမှာလည်း တောင်သာစစ်တပ်ဟာ အဓိကနေရာက ပါခဲ့သတဲ့။တောင်သာစစ်တပ်မှာ ဘုန်းကြီး အတုတွေပါနေသတဲ့။ ဒီအချက်အလက်တွေဟာ မှန်နိုင်သလား၊ ဘယ်လိုကြောင့် ဒီနိုင်ငံခြားသတင်းထောက်ပါးစပ်ထဲကို ရောက်နေသလဲ။ မြန်မာလူထုအတွက် ဒီသတင်းဟာ အကျိုးရှိသလား၊အဲဒီသတင်းထောက်ကို ကူညီသင့်သလား။ ဆွေးနွေးပေးနိုင်သူများရှိရင် ဆြာဒင်နားထောင်ချင်ပါရဲ့။ အော်။ သတင်းဌာနနာမည်သိချင်သတဲ့လား။ ဟုတ်ကဲ့ ။ အယ်လ်ဂျာဇီးယားပါခင်ဗျ။ မင်းဒင်

No comments: