မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 16, 2014
မိုက်ကြေးခွဲသူများ
ကျုပ်တို့မွန်ပြည်နယ်မှာ အရင်တုန်းက မွန်ချစ်စိုးဆိုတဲ့ ဇာတ်မင်းသားတစ်ယောက် ရှိခဲ့တယ်။ အင်မတန်မှ လူကြိုက်များတဲ့ မင်းသားတစ်လက်ပါ။
ဒါပေမဲ့ သူ ဝင်ကလို့ မရတဲ့ ရွာတစ်ရွာ ရှိတယ်။ ဘာကြောင့်လဲမေးတော့ ရွာဦးကျောင်းဘုန်းကြီးက မကြိုက်လို့ ဆိုသတဲ့။
ရွာဦးကျောင်းဘုန်းကြီးဇာတိရွာကို မေးကြည့်တော့ ဟိုမင်းသားနဲ့ ပြိုင်ဘက်ရွာတစ်ရွာက လာသူဖြစ်ကြောင်း သိရတယ်။ အခု အဲဒီရွာမှာ ဘုန်းကြီး(၂)ကျောင်း ကွဲသွားပြီ။
သာသနာတော်ကို ယုံကြည်ပြီး ငရဲကို ကြောက်လို့ မိမိတို့ကို ရိုးကျိုးနေကြတဲ့ ဒကာ၊ ဒကာမတွေအပေါ် အနိုင်ယူလို့ မကောင်းပါ။ ဥပမာပေါ့ဗျား ... မိမိကို ကြည်ညိုတဲ့နေရာဆိုရင် ဘုန်းကြီးစကားက အတည်ပဲဗျ။
ကိုယ်နဲ့ ပြီးတယ်ဆိုပြီး နေရာတကာ ဝင်မပါသင့်တာက အမှန်ပဲ။ ဥပမာပေါ့ဗျာ ... မွန်အမျိုးသားနေ့ လုပ်တယ်ဆိုပါတော့။ ကျုပ် ဒီအစီအစဉ်ကို မကြိုက်ဘူးလို့ တစ်ခွန်းပဲ ပြောကြည့်။ ကိုယ့်ကို ကြည်ညိုတဲ့နေရာဆို သူတို့ဘယ်လောက်ပဲကြိုက်ကြိုက် ဖြုတ်ပေးမှာပဲ။
ဒါပေမဲ့ ဒီအာဏာက Legitimate တော့ မဖြစ်ဘူးဗျ။ တရားဝင်အာဏာတော့ မဟုတ်ဘူး။ တရားဝင်အာဏာမဟုတ်ဘဲ ပါဝါ ပြပြနေရတာကိုးက တွေးတတ်ရင် ရှက်စရာကြီးဗျ။
မန္တလေးပွဲမှာဆို အာဏာပိုင်တို့က ခွင့်ပြုထားပြီးသားပွဲတစ်ခုပဲ။ ခွင့်ပြုပြီးသားဆိုရင် ပါမစ်ရှိပြီသားပဲပေါ့။ ပါမစ်ရှိပြီသားဆိုရင် အဲဒီနေရာကို ကျူးကျော်လို့မရတော့ဘူ့ဗျ။ လာပိတ်ဖို့ မပြောနဲ့။ ဟိုလူတွေက ဥပဒေအရ နှင်ထုတ်ရင် ကုတ်ကုတ်ကလေးနဲ့ ထွက်သွားရမှာဗျ။
ဒါပေမဲ့ အဲဒါတောင်မှ ဖျက်နိုင်သေးတယ်၊ ဒါမှမဟုတ် ကိုယ့်မကြိုက်တဲ့လူကို ဖြုတ်၊ ကိုယ်ကြိုက်တဲ့လူကို ထည့်၊ ထည့်တာတောင်မှ ကိုယ့်တာဝန် ကိုယ်တာဝန်မယူဘူး။ သူတစ်ပါးခေါင်းပေါ် ပုံချလိုက်သေးတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာဆို ရှေ့နေ ငှားနေရလောက်ပြီပေါ့။
ဥပဒေကို နားမလည်တော့ (သို့) မထေမဲ့မြင်ပြုနေတော့) စစ်တပ်နဲ့ ဘာထူးတော့မှာလဲဗျ။ အဲဒီလို လုပ်တော့ ကိုယ့်အသိုဝ်းအဝိုင်းမှာ ကိုယ်က သူရဲကောင်းပေါ့ဗျာ။ ဒါပေမဲ့ အများအမြင်မှာတော့ မိုက်ကြေးခွဲတယ်ဆိုပါတော့။
(ဆရာတော်အရှင်ရာဝိက)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment