Thursday, July 21, 2016

မုတ်သုံအားပြတ်၍ ရန်ကုန်အပါအဝင်ဒေသအချို့ မိုးဆက်လက်လျော့နည်းမည် ------------------------------------------


ရန်ကုန်၊ ဇူလိုင် ၂၀

ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေအားလျော့နည်းနေပြီး မုတ်သုံအားပြတ်နေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့၌ မိုးအားဆက်လက်လျော့နည်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“မုတ်သုံအင်အားလျော့သွားလို့ မိုးအားလျော့နည်းသွားတာ။ ဒါကို Jကူပ Dမသကါ့အ (မိုးရာသီတွင် မိုးခေါင်ခြင်း)လို့ခေါ်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအားဆက်လက်လျော့နည်းနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးအားပိုနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

ယင်းသို့ မုတ်သုံလေအား လျော့နည်းနေသည့်အတွက် ဒေသအချို့တွင် မိုးရွာသွန်းမှုလျော့နည်းနိုင်သော်လည်း နေ့အပူချိန်များ မြင့်တက်ခြင်းမရှိနိုင်ဘဲ မုတ်သုံလေအားပြန်ကောင်းလာပါက မိုးအားပိုလာနိုင်ကြောင်း၊ မုတ်သုံအင်အားပြတ်သည့်ဖြစ်စဉ်သည် လက်ရှိတွင်သိသာစွာ မဖြစ်သေးသည့်အပြင် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် မိုးရရှိနေနိုင်သေးကြောင်း ဒေါက်တာကျော်မိုးဦးက ရှင်းပြပြောဆိုသည်။

ဇူလိုင်လအတွင်း မုတ်သုံလေအားလျော့နည်းသည့်ကာလ ရောက်ရှိလာသည့်အတွက် လာမည့်သီတင်းပတ် အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှအပ ကျန်ဒေသများတွင် မုတ်သုံမိုးအားလျော့နည်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။


No comments: