မီဒီယာဆိုတာဟာ တကယ်တော့ ကျယ်ဝန်းတဲ့ ပညာရပ်တစ်ခုပါ။
ပညာရေး၊ ကျန်းမာရေး၊ အနုပညာဖျော်ဖြေမှု၊ အားကစား...စသဖြင့် မီဒီယာလိုင်းတွေအပြင် သတင်းမီဒီယာလိုင်းလဲပါဝင်ပါတယ်။
သတင်းမီဒီယာဆိုတာကျတော့ လူထုအကျိုးစီးပွားပေါ် အခြေခံပြီး ဘက်လိုက်မှုကင်းစွာ သတင်းတင်ပြရတယ်။ အဓိကအားဖြင့် Watch Dog (အိမ်စောင့်ခွေး) အလုပ်ကိုလုပ်တာပဲ။ အစိုးရ၊ လွှတ်တော်၊ တရားရေး ... အပါအ၀င် အုပ်ချုပ်ရေးနယ်ပယ် အသီးသီးက လုပ်ကိုင်ဆောင်ရွက်နေတာတွေကို စောင့်ကြည့်ပြီး လူထုအကျိုးစီးပွားနဲ့မကိုက်ညီတာတွေကို ဖော်ထုတ်
တင်ပြရတာပဲ။ ချီးကျူးစရာရှိရင်လည်း ချီးကျူးရတာပဲ။
အဲဒီလို Watch Dog အလုပ်မျိုးလုပ်တဲ့ သတင်းမီဒီယာမျိုးကိုသာလျှင် စတုတ္ထမဏ္ဍိုင်လို့ခေါ်ပါတယ်။ကျွန်တော်တို့ဆီက မီဒီယာသမားတချို့ ကိုယ့်ကိုယ်ကို တရားသူကြီးထင်နေတာ၊ အခွင့်ထူးခံလို့ထင်နေတာ မကြခဏကျနော်တွေ့နေရပါတယ်။ အဲဒါလေးတွေကို ပြုပြင်ကြစေချင်တယ်။ ပြီးတော့ ကိုယ်ရေးတဲ့ သတင်းအပေါ်တာဝန်ခံနိုင်ဖို့လဲအလွန် အရေးကြီးလှပါတယ်။တခြားသော နယ်ပယ်အသီးသီးက မီဒီယာတွေလည်း သူ့ဟာနဲ့သူ အရေးပါပေမဲ့ ကိုယ့်ကိုယ်ကို စတုတ္ထမဏ္ဍိုင်အခေါ်ခံချင်ရင် Watch Dog အလုပ်ကို တာဝန်ကျေဖို့လိုမယ် လို့သတိပေး လိုက်ပါတယ်။
Wai Hmuu Thwin
No comments:
Post a Comment