#AlsoInNews
အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ် ယူကလစ်မြို့က ကမ်းခြေမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု ပါတီပွဲမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာမို့ လူငယ်တစ်ဦး သေဆုံး ခဲ့ရပါတယ်။
“အကြမ်းဖက်မှုများ ရပ်တန့်စို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေသခံများ စီစဉ်တဲ့ ကမ်းခြေပါတီပွဲ ဖြစ်ပြီးတော့ ခန့်မှန်းချေ လူ ၂ဝဝ ကနေ ၃ဝဝ အထိ လာခဲ့ပါတယ်။
“မည်သူမည်ဝါမှန်း မသိတဲ့ တရားခံတွေက ပစ်ခတ်ပြီး ပျောက်ကွယ် သွားကြတာပါ”လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ဖိလစ်ဘန့်စ်လို့ အမည်ရတဲ့ ၁၉ နှစ်သား တစ်ယောက် သေဆုံးခဲ့ရပြီး မည်သူ့ကို ရည်ရွယ်ပြီး ပစ်ခတ်သလဲ ဆိုတာကို ရဲက စုံစမ်းနေတုန်း ဖြစ်ပါတယ်။
နောက်ထပ် ၁၂ နှစ်သားအရွယ် လူငယ် တစ်ဦးကတော့ သေနတ်ဒဏ်ရာနဲ့ ဆေးရုံတက်နေရပြီးတော့ သူ့အခြေအနေကတော့ မသိရသေးပါဘူး။
ညပိုင်းမှာလည်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ကမ်းခြေလမ်းမှာ အပစ်ခံရ ခဲ့ပါသေးတယ်။
တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှု နှစ်ခုဟာ ဆက်စပ်မှုတွေ ရှိတယ်လို့ ရဲတွေက ယူဆနေကြပါတယ်။ နောက်ထပ် သတင်း ထုတ်ပြန်ချက်တော့ မရရှိသေးပါဘူး။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 21, 2016
အကြမ်းဖက်မှုရပ်တန့်ရေး ကမ်းခြေပါတီပွဲမှာ ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေနတ် အပစ်ခံရ၍ သေဆုံး -----------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment