မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
အသုဘ ပြောင်းပြန်ချ၍ ခဲဖြင့်ပစ်ပေါက်ခံရမှု ပုဒ်မ များစွာဖြင့် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထား
အသုဘ ပြောင်းပြန်ချ၍ ခဲဖြင့်ပစ်ပေါက်ခံရမှု ပုဒ်မ များစွာဖြင့် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထား
----- ----- ------
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ် ၊ မြို့ကုန်းကျေးရွာတွင် အသုဘအား ပြောင်းပြန်ချသည်ကို မကျေနပ်သဖြင့် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားသည်ကို စုံစမ်း စစ်ဆေးနေကြောင်း အမာနယ်မြေရဲစခန်းမှ သိရှိရသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ် ၂း၀၀ နာရီခန့်က ဖြစ်ပွားခဲ့သော အဆိုပါ အမှုအတွက် အသုဘရှင် မိသားစုနှင့် အမာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်နေ လူငယ်များ အပြန်အလှန်အမှုဖွင့်ထားသည်ကို စစ်ဆေးနေကြောင်း အမာနယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်နေဝင်းက ပြောသည်။
“ အမှုကို နှစ်ဖက်စလုံးက အပြန်အလှန် ဖွင့်လှစ်ထားပါတယ်။ အခေါင်းပျက်စီးသွားတယ်။ နောက် ပို့တဲ့အထဲက
အမျိုးသမီးတစ်ယောက် ပေါက်ပြဲဒဏ်ရာ ရတယ်။ ကျန်တာကြီးကြီးမားမားမဖြစ်ပါဘူး ” ဟု အမာနယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်နေဝင်းက ပြောသည်။
ဖြစ်စဉ်မှာ ခြေထောက်နှင့်ဦးခေါင်း ပြောင်းပြန်ထား၍ ထမ်းချလာသော အမာမြို့နယ်၊ မြို့ကုန်းကျေးရွာမှ အသုဘ ကိစ္စနှင့်ပတ်သက်၍ အမာမြို့နယ် အမှတ် ၈ ရပ်ကွက်အရောက် လူကြီး၊ လူငယ်များက မကျေနပ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းထိုင် ဆရာတော်အား အကြောင်းကြားပြီး အသုဘရှင်အား သွားရောက် ပြောဆိုရာမှ အချေအတင် စကားများခဲ့ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ အဲမှာ အသုဘပို့တဲ့ဘက်က သယ်တော့ဘာဖြစ်လဲ လို့ဆိုပြီး ဆဲပြော ပြောလို့ နှစ်ဖက်စလုံးက လမ်းခင်းဖို့ ထားတဲ့ လမ်းဘေးက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ” ဟု မျက်မြင်တွေ့သူ ဦးသောင်းကြည်က ပြောသည်။
ထိုဖြစ်ရပ်အတွက် အသုဘရှင် ဦးကျော်စိုးဝင်းက ဦးသောင်းကြည်ပါ ခုနစ်ဦးအား တိုင်ကြားခဲ့မှုကို အမာနယ်မြေရဲစခန်းက (ပ) ၂၄/၁၆ ပြစ်မှုပုဒ်မ ၂၉၇၊၂၉၅(က)၊ ၄၂၇၊၃၂၃၊၅၀၆၊၁၁၄ များဖြင့် အမှုဖွင့် စစ်ဆေးနေကာ ရပ်ကွက်နေလူငယ်များက အသုဘရှင် ဦးကျော်စိုးဝင်းပါ ခြောက်ဦးအား တိုင်ကြားခဲ့မှုကို အမာနယ်မြေရဲစခန်းက (ပ)၂၅/၁၆ ပြစ်မှုပုဒ်မ ၃၂၅၊ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment