မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
လာမည့်ဘဏ္ဍာနှစ်အတွင်း ကိုရီးယားနိုင်ငံမှ ချေးငွေကန်ဒေါ်လာ သန်း ၁၀ဝဖြင့် ရထားတွဲဆိုင်း ၁၀၀ ဝယ်ယူမည်
လာမည့်ဘဏ္ဍာနှစ်အတွင်း ကိုရီးယားနိုင်ငံမှ ချေးငွေကန်ဒေါ်လာ သန်း ၁၀ဝဖြင့် ရထားတွဲဆိုင်း ၁၀၀ ဝယ်ယူမည်
++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၈-လာမည့် ၂၀၁၆-၁ရ ဘဏ္ဍာနှစ်အတွင်း ကိုရီး ယားနိုင်ငံမှ ချေးငွေကန်ဒေါ်လာ သန်း ၁၀ဝဖြင့် ရထားတွဲဆိုင်း ၁၀၀ ဝယ်ယူကာ လူစီးများသည့်ရထားလမ်း ပိုင်းများတွင် ထည့်သွင်းပြေးဆွဲ မည် ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ် ငန်းမှ သိရသည်။
ယင်းချေးငွေဖြင့် ကိုရီးယားတွဲ ဆိုင်းအမျိုးအစားအဲကွန်း အထူးရထား တွဲဆိုင်း ၂၀၊ အဲကွန်းမပါသည့် အ ထူးတွဲဆိုင်း ၂ဝနှင့် ရိုးရိုးလူစီးတွဲ ၆၀၊ စုစုပေါင်းတွဲဆိုင်း ၁၀၀ ဝယ်ယူ မည်ဖြစ်ပြီး နောက်ပိုင်းလိုအပ်သည့် အရာများကို ထပ်မံဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ် ငန်းမှသိရသည်။
မြန်မာ့မီးရထားလုပ်ငန်းမှ စီး ပွားရေးဌာနအထွေထွေမန်နေဂျာ ဦးအောင်မြင့် လှိုင်က ''ချေးငွေအ တွက် ကိုရီးယာအစိုးရနဲ့ လက်မှတ် ထိုးပြီးပါပြီ။ ချေးငွေနဲ့တွဲဆိုင်းတွေ ဝယ်ပြီး လူစီးများတဲ့ခရီးစဉ်တွေမှာ အစားထိုးပြေး ဆွဲသွားမှာပါ'' ဟုပြော သည်။
ယင်းတွဲဆိုင်း ၁၀၀ ကို လူစီး များသောခရီးစဉ်များဖြစ်သည့် ရန် ကုန်- မန္တလေး လမ်းပိုင်း၊ မန္တလေး- မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-မော် လမြိုင် လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်း ပိုင်းများတွင် အစားထိုးပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်-မန္တလေးခရီးစဉ်ကို ဦးစားပေးထည့်သွင်းပြေးဆွဲပြီးမှ ကျန်လမ်း ပိုင်းတွေ ကို ထည့်သွင်း ပြေးဆွဲသွားမှာပါ'' ဟု ထပ်မံပြော သည်။
လက်ရှိတွင်မြန်မာ့မီးရထားအ နေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ကန်ဒေါ်လာ ၉၄ ဒသမ ၅၃ သန်းချေးယူပြီး နေပြည်တော် တွင် စက်ခေါင်း သစ်တည်ဆောက်ရေး စက်ရုံနှင့် မြစ်ငယ်တွင်လူစီးတွဲသစ် တည်ဆောက်ရေး စက်ရုံတို့တွင် စ တင်လုပ်ဆောင်လျက် ရှိကြောင်းသိ ရသည်။
ACKK
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment