မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
IS အဖွဲ့များအား တိုက်ခိုက်၍ပြန် လာသော လစ်ဗျားစစ်လေယာဉ် တစ်စင်းပျက်ကျ
IS အဖွဲ့များအား တိုက်ခိုက်၍ပြန် လာသော လစ်ဗျားစစ်လေယာဉ် တစ်စင်းပျက်ကျ
++++++++++++++++++++++++++++++++++++++++++++++++
ဘင်ဂါဇီ၊ ဖေဖော်ဝါရီ ၉ ။ ။လစ်ဗျားအစိုးရ၏ စစ်လေယာဉ် တစ်စင်း သည် IS အကြမ်းဖက်အဖွဲ့၏ စစ်စခန်းများအား ဗုံးကြဲတိုက် ခိုက်ပြီး ပြန် အလာတွင် ဒါနာမြို့အရှေ့ပိုင်း ၌ ဖေဖော်ဝါရီ ၈ ရက်က ပျက်ကျ သွားခဲ့သည် ဟု စစ်အရာရှိတစ်ဦး က ပြောဆိုလိုက်သည်။
မစ်-၂၃ လေယာဉ်ပျက်ကျရာ တွင် လေယာဉ်မှူး သည် အသက်မ သေ လွတ်မြောက် ခဲ့ ရသည်ဟု ပြော ရေးဆိုခွင့်ရှိသူ နာဆာအယ်လ်ဟဆီ က အေ အက်ဖ်ပီသတင်းဌာနသို့ ပြော ကြားလိုက်သည်။ လေယာဉ်သည် စက်ချွတ်ယွင်း ၍ ပျက်ကျ ခဲ့ရခြင်းဖြစ်သည်ဟု LA- NA သတင်းအေဂျင်စီ မှ ဖော်ပြလိုက် သည်။
လစ်ဗျားစစ်လေယာဉ်သည် ဒါ နာမြို့မှ ၁၅ ကီလိုမီတာ(၉ မိုင်)အ ကွာရှိ ဘာသာရေး အစွန်းရောက် ဂျီဟတ်များ၏ စစ်အခြေခံစခန်းများ အား ဗုံးကြဲ တိုက်ခိုက်ပြီး ပြန်အလာ တွင် ဤသို့ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလအစောပိုင်းကလည်း မစ်-၂၃ လေယာဉ်တစ်စင်းသည် ဘင်ဂါ ဇီမြို့ အရှေ့ပိုင်းတွင် ပျက်ကျ ခဲ့သေးသည်။ အာဏာပိုင်များက စက်ချွတ် ယွင်းမှုကြောင့် ပျက်ကျခဲ့ သည်ဟုပြောဆိုခဲ့ပြီး IS အကြမ်း ဖက်အဖွဲ့မှမူ ၎င်းတို့ကပစ်ချခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဒါနာမြို့သည် ထရီပိုလီမြို့အ ရှေ့ဘက် ကီလိုမီတာ ၁၁၀၀(၆၈၀ မိုင်) အကွာ တွင်တည်ရှိပြီး အယ်လ် ခိုင်ဒါအကြမ်းဖက်အဖွဲ့နှင့် အဆက် အသွယ် ရှိသော အန်ဆာအယ်လ်ရှာ ရီရာ အစ္စလာမ္မစ်ပြည်သူ့စစ်အဖွဲ့ အ များစုပါ ဝင်သော မူဂျာဟစ်ဒင်ဆူရာ ကောင်စီက ထိန်းသိမ်း အုပ်ချုပ်ထား သော ဘာသာရေး ဓလေ့များ လွှမ်း မိုးသောမြို့တစ်မြို့ဖြစ်သည်။
Ref: AFP
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment