Tuesday, January 5, 2016

kIA အကြီးတန်းအရာရှိ များ လုပ်ကြံမှု တပ်မဟာမှူး ၁ဦး သေဆုံး KIO ဒုဥက္ကဌ အင်ဘန်လ ထိုင်းနိုင်ငံသို့ ရှောင် တိန်း ရ ကြောင်း ဒေသခံ များထံမှ သိရ




kIA အကြီးတန်းအရာရှိ များ လုပ်ကြံမှု တပ်မဟာမှူး ၁ဦးသေဆုံး KIO ဒုဥက္ကဌ အင်ဘန်လ ထိုင်းနိုင်ငံသို့ ရှောင် တိန်း ရ ကြောင်း ဒေသခံများထံမှ သိရ သည်။

ဇန်နဝါရီ ၁ ရက်ဖြစ်စဉ်

၂၀၁၅ ခုနှစ် အတွင်း KIO အုပ်ချူပ်ရေးအဖွဲ့နှင့် KIA လက်နက်ကိုင်အဖွဲ့အား ချုပ်ကိုင်ထား တဲ့ kio ဒုဥက္ကဌ အင်ဘန် လ မှစစ်ဦးစီးချုပ် ရာထူးများ ထပ်မံခန့် အပ်ရာမှ တပ်မဟာမှူး များမှ မကျေနပ်ပဲ လုပ်ကြံ
ရန် ကြံစည် ခဲ့ ပါတယ်။

KIOအဖွဲ့တွင် KIO ဥက္ကဌ ဇောင်းဟယားဒုဥက္ကဌ အင်ဘန်လ တို့ မှ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး KIOရဲ့အောက်တွင် KIA လက်နက်ကိုင် အဖွဲ့ကို တပ်မဟာ
၇ ခု နဲ့ဖွဲ့စည်းထားပါတယ်။

တပ်မဟာ ၇ ခုအား ကွပ်ကဲ ရန် စစ်ဦးစီးချုပ် ဂန်ရှောင် နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်ကို ခန့်အပ် ထားပါတယ်။

၂၀၁၅ခုနှစ် အတွင်း ဂမ်ရှောင် နဲ့ဂွမ်မော်ဟာ လူသိများကြော်ကြားခဲ့ပြီး ဂျိမ်းဖော်လူမျိုးစု ရဲ့ထောက်ခံမှု အချို့လည်းရခဲ့ပါတယ်။

အင်ဘန်လမှ KIA တိုက်ခိုက်ရေးအဖွဲ့တွေဟာ စစ်ဦးစီးချုပ် ရဲ့ လက်ထဲတွင်ရှိပြီး တစ်ဦးတစ်ယောက်က ချုပ်ကိုင် ထားသည့် ပုံစံဖြစ်နေပြီး KIOမှ တဆင့် KIAစစ်ဦးစီးချုပ် အသစ် ထပ်မံခန့်ထားပြီးစစ်ဦးစီးချုပ် ၃ဦး ထား ရှိခဲ့ပါတယ်။

လက်အောက်ခံ တပ်မဟာမှူးတွေဟာစစ်ဦးစီးချုပ် ထက်မံ ခန့်အပ်ခြင်းကို မလိုလားကြပါဘူး။ဒါ့အပြင် အင်ဘန်လဟာNCAအား လုံးဝလက်မခံ သလို အယုံအကြည်မရှိ တဲ့သူ တစ်ဦးဖြစ်နေပါတယ်။

သူဟာ KIC ရဲ့သိမ်းသွင်းခြင်းခံထားရပြီးသူ့သဘောအတိုင်း ဘာမှဆောင်ရွက်ခွင့် မရှိပါဘူး။ KIA လက်နက်ကိုင်အဖွဲ့တွေဟာ သူကြောင့် ငြိမ်းချမ်းရေး မရသည့် အပြင် ရှေ့တန်း စစ်ဆင်ရေးတွေကို အနားပေးမှု မရှိပဲ နှစ်နဲ့ချီပြီး ထမ်းဆောင်ခဲ့ရပါတယ်။

ဒါတွေကို သိတဲ့ တပ်မဟာမှူး အချို့ဟာအင်ဘန်လကို လုပ်ကြံဖို့ကြံစည် ချိန် မှာသတင်းပေါက်ကြား သွားတဲ့အတွက်ကြံစည် သူ ဗိုလ်မှူးကြီးဂွမ်အောင်(အဆင့်စီစစ်ဆဲ) လိုက်ဇာကို ဆင့်ခေါ်ပြီးဖမ်းဆီးရာမှ ဗိုလ်မှူးကြီးဂွမ်အောင်ရဲ့တပည့် ၇ ဦး ကျဆုံးခဲ့ပြီး ဂွမ်အောင် အဖမ်းခံခဲ့ရပါတယ်။ဂွမ်အောင်အား ထိုနေ့ မှာပင် KIOအမိန့်ဟု ဆိုကာ အင်ဘန်လ က သေဒဏ်ပေးလိုက်ပါတယ်။

ဂွမ်အောင် သေဆုံးမှု အား အသဲရောဂါဖြင့် သေဆုံးတယ်လို့ သတင်းထုတ် လိုက်ပါတယ်။

လက်အောက်ခံတပ်မဟာမှူးတွေဟာ ဒီပြသနာအား မကျေမနပ် ဖြစ်ကြရာ အင်ဘန်လဟာလိုက်ဇာမှာ မနေရဲတော့ပဲ ထိုင်းနိုင်ငံသို့တိန်းရှောင် သွားရတယ် လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီပြသနာဟာ KIAအဖွဲ့အတွင်း အထူးရိုက်ခတ်လျှက်ရှိပြီး ဂမ်ရှောင် နဲ့ဂွမ်းမော်တာဝန်မကင်းဘူး လို့ ယူဆ ကြပါတယ်။

လက်ရှိအခြေအနေမှာတော့ KIOဗဟို နဲ့KIA တပ်မဟာများ တင်းမာမှု ရှိနေတယ်လို့သိရပါတယ်။


ကျော်စွာ

No comments: