Wednesday, January 6, 2016

ဓါတ်ခဲအရေး သုံးသပ်ချက်



**********************

ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ယုံကြည်လက်ခံတာကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေမယ့် ကိစ္စမျိုးတွေကို အထူးသတိထားပြီး ရှောင်ခဲ့သလို ဝင်လည်း ပါလေ့မရှိခဲ့ပါဘူး။ အခုအနေအထားကတော့ မပြောမပြီး မတီးမမြည်ဆိုသလို ဖြစ်လာလို့ ပြောပါပြီ။ တိုက်ပွဲတစ်ပွဲတိုက်ဖို့ လိုအပ်တာတွေကို စပြောပါမယ်။


၁။ လူ/ လက်နက်/ ရိက္ခာ
AA ဘက်က လက်ရှိဖော်ဆောင်နေတဲ့ တိုက်ပွဲဟာ နယ်မြေမတည်ငြိမ်ရုံ တပ်မတော် စစ်ကြောင်းတွေကို အလုပ်ရှုပ်အောင်လုပ်ရုံမကဘဲ ရေရှည်စစ်အသွင်ကို ဆောင်ပြီး ခြေစလှမ်းတယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့် လူ/ လက်နက်/ ရိက္ခာပိုင်းကို အလုံအလောက် ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။

၂။ လှုပ်ရှားနယ်မြေ
AA ဟာ အရင်က ကချင်ဒေသမှာ အခြေပြုလှုပ်ရှားခဲ့ရာက အခုလို ရခိုင်ပြည်နယ်ဘက်မှာ ရွှေ့ပြောင်း လှုပ်ရှားလာဖို့ အချိန်ယူပြင်ဆင်ထားတာ သေချာပါတယ်။ ကရင်တွေလို စစ်နဲ့မယဉ်ပါးတဲ့ ဒေသခံရခိုင်တွေဟာ AA ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဘယ်လောက်အထိ တောင့်ခံနေနိုင်မလဲ စဉ်းစားရပါမယ်။ အဲဒီဒေသရဲ့ လူဦးရေ ပဲ့ထွက်မှုကို ထည့်စဉ်းစားသင့်သလို စီးပွားရေးချွတ်ခြုံကျမှုကို ကုစားဖို့ တည်ငြိမ်ငြိမ်းချမ်းမှ ဖြစ်ပါမယ်။

၃။ ဒဏ်ရာရစစ်သည်များကိစ္စ
AA အနေနဲ့ ဒဏ်ရာရစစ်သည်တွေကို ဘယ်လိုဘယ်ပုံ ကုမှာလဲ။ အသေးစားဒဏ်ရာမျိုးမဟုတ်တဲ့ ကြီးကြီးမားမားဒဏ်ရာမျိုးဟာ ဆေးမှူးက အပျောက်ကုမပေးနိုင်ပါဘူး။ ဆေးရုံမဖြစ်မနေ ပို့ရပါမယ်။ ဘယ်ဆေးရုံကို ပို့ပါသလဲ။ ဘကုန်း သို့မဟုတ် အိန္ဒိယကို ပို့လေမည်လား။

၎။ စစ်ဘေးရှောင်ဒုက္ခသည်ကိစ္စ
ဒီအရေးကို ထည့်မတွက်ဘဲ တိုက်ပွဲတွေ ဖန်တီးခဲ့တယ်ဆိုရင် ကိုယ့်လူမျိုးကို ဒုက္ခပေးတာဖြစ်ပြီး သိသိနဲ့ဖန်တီးတာ ဆိုရင်တော့ ကိုယ့်လူမျိုးအပေါ် သစ္စာမဲ့တာပါပဲ။ ဒီနေ့အထိ ပေါ်ပေါက်လာတဲ့ စစ်ဘေးရှောင် တစ်ရာ နီးပါးကို ဘယ်လိုတာဝန်ယူမလဲ သိချင်မိပါတယ်။ ၎င်းတို့ ဘက်က အသိအမှတ် မပြုဟု ဆိုထားသည့် အစိုးရ၏ပံ့ပိုးမှုနှောင့်နှေးရင်လည်း ဆဲသံဆိုသံတွေ ကြားရမှာဖြစ်ပါတယ်။

၅။ စစ်ဘေးသင့်ဒေသ
အစိုးရရဲ့ စီမံအုပ်ချုပ်မှု အမှားအယွင်း မကင်းသလို မတရားမှုတွေ ရှိတာတွေကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ။ ဆင်းရဲနွမ်းပါးမှု မြင့်မားတာကို လက်ခံပေမယ့် လက်ရှိအနေအထားဟာ ငြိမ်နေသင့်တဲ့ ကျီးဘုတ်ရိုသေ ဘုတ်ကျီးရိုသေ အခင်းအကျင်းမျိုးနဲ့ စောင့်ကြည့်လေ့လာ သင့်တယ်ဆိုတာ NCA ကို လက်မခံသေးတဲ့ ရဲရဲတောက် ကရင်ခေါင်းဆောင်တချို့ရဲ့ အနေအထားကို မြင်တတ် အတုယူ တတ်ဖို့လိုပါလိမ့်မယ်။ ဒါနိုင်ငံရေး အကင်းပါးမှုနဲ့ စိတ်ရှည်မှုပါ။
စစ်ပွဲတွေကြောင့် တိုးတက်တာ မုဆိုးမနဲ့ မိဘမဲ့။ ရွာပျက်အရေအတွက်နဲ့ ပြာပုံပဲ ရှိပါလိမ့်မယ်။

၆။ ကိုယ့်လူမျိုးကောင်းစားရေးအတွက်ဆို ကိုယ့်လူမျိုးကို နေ့တဓူဝ မုဒိမ်းကျင့် သတ်ဖြတ်နေတဲ့ အနီးကပ်ဆုံးရန်သူကို တိုက်ကွက်မဖော်တာ သို့မဟုတ် မဖော်ရဲတာ ဘာကြောင့်ပါလိမ့်ဟု စိတ်ဝင်စားမိသလို တစ်ယောက်အမြီး တစ်ယောက်နင်းထားသလို ဖြစ်နေ လေရော့သလားဟု သင်္ကာမကင်း ဖြစ်ရပါသည်။

၇။ စစ်ပွဲတစ်ခုကြာလာသည်နှင့်အမျှ တိုက်နေကြသည့် တပ်နှစ်တပ်ထက် ဒေသခံပြည်သူက ပိုနစ်နာပါသည်။
ရိက္ခာရောင်းပေးရ လုံခြုံရေးအရ အကန့်အသတ်များစွာ စစ်ဆေးမှုများစွာ ခံရနှင့် လူမှုရေး။ ကျန်းမာရေး။ စီးပွားရေး။ ပညာရေးများ ထိခိုက်ရုံမက အတိုင်းအဆမဲ့ ပျက်စီးပါသည်။
တကယ်တိုက်နိုင်မည်ဟု ယုံကြည်လျှင် ယာလည်းညက် ကြက်လည်းမော အကွက်မျိုးဖြစ်သည့် ကုလားရွာများကို ခြေကုပ်စခန်းယူပြီး တိုက်ပါ။

KNU ခေါင်းဆောင်ကြီး ဗိုလ်မြကတော့ ပြောဖူးသည်။

နိုင်ငံရေးအယူအဆမပါတဲ့ တော်လှန်ရေးဟာ လက်နက်ကိုင် ဓားပြတိုက်တာပဲတဲ့။

(ဆွေးနွေးခြင်းကို လက်ခံသည်။
ရိုင်းသည်ကို လက်မခံပါ။
အမိယုတ်က နှုတ်ကြမ်း၏။)

လေးစားစွာဖြင့်
မိုးစက်နီ


No comments: