Tuesday, January 12, 2016

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ရလာဒ်များကို မဲခွဲဆုံးဖြတ်အုံးမည် မဟုတ်ဟု သိရ

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ရလာဒ်များကို မဲခွဲဆုံးဖြတ်အုံးမည် မဟုတ်ဟု သိရ
--- --- ---
နေပြည်တော်တွင် ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ရလာဒ်များကို မဲခွဲဆုံးဖြတ်မည်မဟုတ်ပဲ တူညီသည့် အဆိုပြုချက်များကို မှတ်တမ်း အဖြစ် သိမ်းဆည်းထားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးစိုင်းကျော်ညွှန့်က ပြောသည်။
အခုဆွေးနွေးပွဲ ရှေ့ ၄ ရက်မှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို ၅ ရက်မြောက် မှာ ပြန်ချုပ်မယ် တင်ပြချက်တွေထဲက တူတဲ့အကြောင်းအရာတွေကို ပြန်စုစည်းပြီး သိမ်းထားမယ် မဲခွဲမဆုံးဖြတ်ဘူး ဒါကလည်း ညီလာခံ မစင်တင်ခင်ကတည်းက စပ်ကူးမတ်ကူး ကာလ ဖြစ်နေတဲ့အတွက် အားလုံးရဲ့ သဘောထားမဖြစ်မှာ စိုးတဲ့ အတွက်လည်းသဘောတူညီချက် တစ်ခုရယူထားပြီး လုပ်ထားရတာပါ 'ဟု ဦးစိုင်းကျော်ညွှန့် က ပြောသည်။
ကိုယ်စားလှယ် ၇၀၀ တက်ရောက်မည့် နေပြည်တော်ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်အောက်တွင် မည်သည့်ပုံစံဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမည်နည်းဟူ၍ အစုအဖွဲ့အသီးသီးမှ တင်သွင်းလာသော ဖက်ဒရာယ် ပုံစံအမျိုးမျိုးကို ဆွေးနွေးခြင်း ၊ လူမှုရေး ကဏ္ဍအောက်တွင် အိုင်ဒီပီ စစ်ဘေးရှောင် များ ပြန်လည်နေရာချထားရေး နှင့် ထူထောင်ရေးကိစ္စရပ် ၊အခွန်ကောက် ခံခြင်းနှင့် ပြန်လည် ခွဲဝေသုံးစွဲခြင်း ၊ လုံခြုံရေးကဏ္ဍ အောက်တွင် လူံခြုံရေး တွင် အခြေခံသင့်သောမူများ ၊
မြေယာနှင့် သယံဇာတ အခန်းတွင် သယံဇာတခွဲဝေမှုနှင့် မြေယာပိုင်ဆိုင်ခွင့် ခေါင်းစဉ် များဖြင့် ဆွေးနွေးကြမည်ဖြစ်သည်ဟု သိရသည်။
ဇန်န၀ါရီလ ၁၂ ရက် ဖွင့်ပွဲနေ့တွင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့မှ အဖွင့်မိန့်ခွန်းနှင့် နှုတ်ခွန်းဆက်စကားများ ပြောကြားကြမည်ဖြစ်သည်။
' ဆွေးနွေးမှုတွေက ဒုတိယနေ့ ဇန်န၀ါရီ ၁၃ မှ စပါလိမ့်မယ် 'ဟု ဦးစိုင်းကျော်ညွှန့်က ပြောသည်။
The Ladies News

No comments: