Sunday, January 10, 2016

စပိန်တော်ဝင်မင်းသမီး အခွန်လိမ်လည်မှုဖြင့် အမှုရင်ဆိုင်ရမည်

စပိန်ဘုရင် (၆)၏ အစ်မ ခရစ္စတီးနားနှင့် ခင်ပွန်းဖြစ် သူတို့သည် အကျင့်ပျက်ခြစားမှု ဖြင့် ဇန်န၀ါရီ ၁၁ ရက်တွင် အမှု ရင်ဆိုင်ရမည်ဖြစ်သည်။

လူအများစိတ်ဝင်စားမှု မြင့်မားသော တော်ဝင်ဇနီးမောင်နှံနှင့် အခြားလူ ၁၆ ဦးတို့၏ အမှုကို မြေထဲပင်လယ် မာယော့ကာ ကျွန်းရှိ ပယ်လ်မာဒေသတရားရုံး ၌ လာမည့်ဇွန်လအထိ ကြားနာစစ်ဆေးမည်ဖြစ်သည်။

၁၉၇၅ က အာဏာရှင် ဗိုလ် ချုပ်ကြီး ဖရန်စစ္စကိုဖရန်ကို သေ ဆုံးပြီးနောက် ဘုရင်စနစ် ပြန် လည်ထားရှိပြီးချိန်မှစ၍ ခရစ္စတီးနား (၅၀) နှစ်သည် ပထမဆုံး ရုံး တင်စစ်ဆေးခံရသော တော်ဝင် မိသားစုဝင်ဖြစ်သည်။

၎င်းတို့၏အမှုသည် ပယ်လ်မာတို့တွင် အခြေစိုက်သော ပရဟိတအဖွဲ့ နျူအင်စတီကျု့ဒ်မှ မသင်္ကာဖွယ် စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်သည်။

မင်းသမီး၏ခင်ပွန်း အင်နာ ကီအာဒန်ဂါရင်သည် ၂၀၀၄ မှ ၂၀၀၆ အထိ ယင်းအဖွဲ့ဥက္ကဋ္ဌဖြစ်ခဲ့သည်။

အားကစားပြိုင်ပွဲများနှင့် အခြားအခမ်းအနားများအတွက် နျူအင်စတီကျု့ဒ်သို့ ဒေသဆိုင်ရာအစိုးရနှစ်ရပ်က ပေးအပ်ခဲ့သော ရန်ပုံငွေ ယူရို ၆ ဒသမ ၂ သန်းကို အာဒန်ဂါရင်(၄၇)နှစ်က အလွဲ သုံးစားလုပ်ခဲ့သည်ဟု မသင်္ကာဖြစ်နေကြသည်။

မစ္စစ်ခရစ္စတီးနား၏ စွဲချက် များကြောင့် ဘုရင်ဖိလစ်(၆)က ဖခင်ဟွမ်ကားလို့စ်ထံမှ အရိုက်အရာနေရာကို ၂၀၁၄ ဇွန်လက ဆက်ခံခဲ့ပြီး အစ်မဖြစ်သူနှင့် ၎င်း၏ ခင်ပွန်းအား ချီးမြှင့်ထားခဲ့သောမာယော့ကာဒေသ ပယ်လ်မာမြို့ စားကြီးနှင့် မြို့စားကတော်ဘွဲ့တို့ကို ရုပ်သိမ်းခဲ့သည်။

No comments: