ကျန်းမာတော်မူကြပါစခင်ဗျာ။
ရှမ်းပြည်နယ်မှာ မိုးရွာဖို့ အများဆုံးရှိနေပါတယ်။
၁၉-၁၂-၂၀၁၅
နံနက်(၃း၅၇)နာရီ
၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလ(၁၉)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁၈-၁၂-၂၀၁၅)ရက် နံနက် (၀၉း ၄၅) နာရီ အချိန် KALPANA_1 ဂြိုဟ်တု မှ တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံ မြောက် ပိုင်း၊ အနောက်မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
တိုင်ဖွန်းမုန်တိုင်း (Melor)အခြေအနေ။
(၁၇-၁၂-၂၀၁၅)ရက်နေ့ညနေ(၆း၁၉)နာရီအချိန်တွင်တိုင်ဖွန်း မုန်တိုင်း (Melor) ဟာ ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်းသို့ ၀င် ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တရုတ်ပြည်မကြီးပေါ်မှ တိုက်ခတ်လာတဲ့အရှေ့မြောက်လေအေး များရဲ့တိုးဝင်လာမှုကြောင့် အနောက်တောင်ဖက်အရပ်ကို တဖြည်းဖြည်းရွေ့လျှားရင်း နဲ့ အားလျော့ လာကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ် မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်း အမြင့် (၁) ပေ မှ (၄)ပေခန့် အထိရှိနိုင် ပါတယ်။
ညအပူချိန်များအခြေအနေ။
ညအပူချိန်များဟာ ချင်းပြည်နယ် ၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ ညအပူချိန် 4°C-11°C ခန့်၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး တို့မှာ ညအပူချိန် 12°C-16°C ခန့်၊ ရခိုင်ပြည်နယ်၊ ကျန် တိုင်းဒေသ ကြီးများ နှင့် ပြည်နယ် ဒေသများတွင် ည အပူချိန် များ ဟာ 17°C-20°C ရှိနိုင် ပါတယ်။
မိုးတိမ်တောင်အခြေအနေ။
မြန်မာနိုင်ငံတောင်ပိုင်းမှာမိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်းနိုင် ပါတယ်။ ကပ္ပလီပင်လယ်ပြင် ၊ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း နှင့်အနောက်တောင်ပိုင်း တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ရှမ်းပြည်နယ် မှာ နေရာကျဲကျဲ ၊ကချင်ပြည်နယ်၊ ကယားပြည် နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသ ကြီး တို့မှာ နေရာကွက်ကျား ထစ်ချုန်း ရွာနိုင်ပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါ မယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြန်မာတစ်ပြည်လုံး မှာ အများအားဖြင့်သာယာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
No comments:
Post a Comment