မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 14, 2014
အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက် တစ်ကြိမ် ရောင်းချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ကာတာရီနာဟာ အစောပိုင်းတုန်းက လည်း သူ့ရဲ့ အပျို စင်ဘ၀ကို ရောင်းချမယ်လို့ အွန်လိုင်းပေါ်မှာ တင်ခဲ့တာမို့ ကမ္ဘာတစ်လွှား ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ ပါတယ်။ အ ကျိုး ဆက်ကတော့ ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံ မှာ ပေါ်ပြူလာဖြစ်သွား ပြီး ဒေသတွင်း Play Boy မဂ္ဂဇင်းတွေမှာ တောင် ပါဝင်သရုပ်ဆောင် ခွင့်ရခဲ့ပါတယ်။
ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက်တစ်ကြိမ် ရောင်းချရာမှာ ပေါင် ၄၈၅၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။ ပထမတစ်ကြိမ် လေလံတင် ရောင်းချခဲ့စဉ်က ဂျပန်နိုင်ငံ သားတစ်ဦးက အနိုင်ရသွားခဲ့ပေမယ့် သူ့ကို ဘာမှလုပ်ခဲ့ခြင်း မရှိလို့ ကာတာရီနာ အနေနဲ့ အပျိုစင်ဘ၀ကို နောက်တစ်ကြိမ် လေလံပစ်ဖို့ အခွင့် အရေးရသွားခဲ့ခြင်း ဖြစ်ပါတယ်။
တကယ်တမ်းမှာ ကာတာရီနာ ဟာ အပျိုစင်ဘ၀ကို ရောင်းချဖို့ထက် နာမည်ကြီးလာအောင် တမင်ဖန်တီးနေခြင်း ဖြစ်တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကာတာရီနာဟာ ပထမ အကြိမ်သူ့ရဲ့အပျိုစင်ဘ၀ကို လေလံတင်ရာမှာ တစ်ကမ္ဘာ လုံးရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပြီး မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့အထိ ဖြစ်ခဲ့ပါတယ်။
ကာတာရီနာဟာ ကျောင်းပညာရေး သင်ယူနေဆဲဖြစ်ပြီး အပျိုစင်ဘ၀ကို ရောင်းချရာမှာ ရရှိလာမယ့် ငွေကြေး ၉၀ ရာခိုင်နှုန်းကို လူမှုရေးအဖွဲ့အစည်းတွေကို ပြန်လည် လှူဒါန်းသွား မှာဖြစ်ပြီး ကျန် ၁၀ ရာခိုင် နှုန်းကို သူ့ရဲ့နေအိမ်ပြုပြင်ရာမှာ အသုံးပြုသွားမယ်လို့ ကြော်ငြာ ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကာတာရီနာရဲ့အကြောင်းကို စိတ်ပါဝင်စားမှု လျော့နည်းသွားတယ်လို့ သိရပါတယ်။
Myanmar News Media Myanmaalinn added 4 photos.
--
Sent from my Android phone with EMAIL 4 MM.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment