Sunday, February 16, 2014

မြန်မာ့ဒီမိုကရေစီရေးအတွက် ဦးသန်းရွှေ၏ လှည့်ကွက်များကို နားလည် သဘောပေါက်ထားဖို့လိုကြောင်း ဦးခင်ညွန့်မှပြောကြား (နေပြည်တော် အထူးသတင်း) မြန်မာ့ဒီမိုကရေစီရေးအတွက် ဦးသန်းရွှေ၏ လှည့်ကွက်များကို နားလည် သဘောပေါက်ထားဖို့လိုကြောင်း ဦးခင်ညွန့်မှပြောကြားလိုက်သည် ဟု နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊ အဘက ခုတလော အပြင် အင်တာဗျူးတွေ နဲ့ သိပ်မတွေ့ဖြစ်ဘူးဗျ ၊ သူက မြန်မာ့ဒီမိုကရေးစီရေးမှာ ပါဝင်ဆောင်ရွက်နေသူတွေကို ဦးသန်းရွှေ ရဲ့ ထောင်ခြောက်တွေထဲ မကျစေချင်ဘူးဗျ ၊ ဟိုနေ့က ဗိုလ်စိန်မှန်မှာ လုပ်တဲ့ အမျိုးဘာသာပွဲကို အဘက စိတ်ဝင်တစားစောင့်ကြည့်နေတယ်ဗျ ၊ အဲဒီပွဲသတင်းရတော့ သူက သက်ပြင်းချတယ်ဗျ ၊ သူက နမူနာလေးတစ်ခုနဲ့ရှင်းပြတယ် ၊ အောင်ဘာလေထီ သိန်းတစ်ထောင်ဆုပေါက်ရင် ဘာလုပ်ကြမလဲ ဆိုတာ အပေါ်မှာ ဆွေးနွေးငြင်းခုံကြရင်း ထီတော့ မပေါက်သေးဘူး ဆွေးနွေးထဲ့သူတွေအကြား အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်မယ့်ပုံစံဖြစ်နေတယ် တဲ့ဗျ ၊ ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီအရေးမှာ ဦးသန်းရွှေ ကိုင်ကစားနေတဲ့ ဝှက်ဖဲတစ်ခုကတော့ ကမ္ဘာနဲ့ ဝေးနေခြင်းလို့ အဘက ခေါင်းစဉ်တပ်သဗျ ၊ ဥပမာဗျာ ၊ အမျိုးသားနိုင်ငံရေး ခေါင်းစဉ်နဲ့ တပ်ကလူတွေက လွှတ်တော်ထဲမှာ ၂၅% နေရာယူထားတာရယ် ၊ ဝန်ကြီး ၃ နေရာယူထားတာရယ် ၊ ဖွဲ့စည်းပုံမှာ ကာချုပ်ကို လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားတာရယ် ၊ ကာလုံဆိုတာဖွဲ့ထားတာရယ် ၊ အဲဒါတွေကို တပ်နဲ့ ဆွေးနွေးမယ်ဆိုရင် တပ်ထဲက ဘယ်သူကမှ လက်ခံမှာ မဟုတ်ကြဘူးတဲ့ဗျ ၊ လက်ခံဆွေးနွေးမယ်ဆိုတဲ့ တပ်မှူး တစ်ယောက် ထွက်လာရင်လည်း အဲဒီတပ်မှူးကို ကျန်တဲ့တပ်မှူးတွေက သစ္စာဖောက်လို့ ဝိုင်းတွယ်ကြမှာတဲ့ဗျ ၊ ခုနကပြောတာတွေကို တပ်နဲ့ သွားဆွေးနွေးရတာဟာ ပန်းချီကားတစ်ချပ်ရဲ့ ရသတွေကို မျက်မမြင်တစ်အုပ်နဲ့ သွားစကားပြောရသလိုဖြစ်နေတယ်တဲ့ဗျ ၊ အဲဒီလိုပဲ ၊ အမျိုးဘာသာ ကိစ္စမှာ ဝင်ရောက် လုပ်ကိုင်ကြတဲ့သူတွေကလည်း မြန်မာပြည်ကို ချစ်တဲ့သူတွေပါ တဲ့ ၊ သူတို့ သိသလောက်နဲ့ မြန်မာပြည်ကြီးကို ကောင်းစေချင်တာပါတဲ့ ၊ ဒါပေမယ့် သူတို့ လုပ်ရပ်က အူအတက်ရောင်လို့ ဗိုက်အောင့်နေတဲ့ ဝေဒနာသည်ကို ဗိုက်အောင့် သက်သာလိုငြား ဗိုက်ကို ဝိုင်းနှိပ်ပေးနေတာနဲ့ တူနေတယ် တဲ့ ၊ စေတနာက ဝေဒနာဖြစ်မယ့် အပေါက်ပဲတဲ့ ၊ ဒီအတိုင်းဆက်သွားရင် ဗိုက်အောင့် နေတဲ့ ဝေဒနာသည်က မကြာခင် သေမှာပဲတဲ့ ၊ အသိဥာဏ်မပြည်စုံတဲ့ စေတနာက အမှန်နဲ့ ဝေးသွားစေတယ်တဲ့ ဗျ ၊ ဒီလိုဖြစ်လာရတဲ့ အဓိက အားနည်းချက်က ကျနော်တို့ မြန်မာတစ်နိုင်ငံလုံး တံခါးပိတ်အုပ်ချုပ်ရေးအောက်မှာ နှစ်၅၀ လောက်ကြာသွားလို့ တဲ့ ၊ အခု အဖိုးအရွယ် အသက် ၆၅ မှာ ရှိတဲ့ သူဆို ၁၉၆၂ တုန်းက အသက် ၁၅ နှစ်ပဲရှိအုံးမှာတဲ့ ၊ ပြောရမယ်ဆို မြန်မာပြည်ကြီးဟာ မျိုးဆက် ၃ ဆက်လောက်ကို တံခါးပိတ် အုပ်ချုပ်ရေးအောက် ရောက်သွားတာတဲ့ ၊ ဦးသန်းရွှေက ဒီအချက်ကို အညှာ လို ကိုင်ထားတာတဲ့ ဗျ ၊ ၂၀၀၈ ဖွဲ့စည်းပုံကြီးက လည်း ဒီအတိုင်းပဲတဲ့ ၊ ရေထဲမဆင်းဘူးတဲ့သူတွေက ရေးကူနည်းတွေကိုဘာသာပြန်ပြုစုထားသလိုပဲတဲ့ ၊ အောင်မြင်ဖြစ်ထွန်းနေတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဧည့်သည်အဖြစ်တောင် ကြာကြာသွားမလည်ဘူးတဲ့ သူတွေ စု ရေးထားတဲ့ ဖွဲ့စည့်ပုံကြီးတဲ့ ၊ ပြောရမယ်ဆိုရင် သမိုင်းမှာ ရှက်စရာကောင်းတဲ့ ဒီမိုကရေစီခေါင်းစဉ်တပ်ထားတဲ့ စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံကြီး တဲ့ဗျ ၊ သူအသက်ရှင်နေသရွေ့ မြန်မာပြည်ကြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တာ မဖြစ်စေချင်ဘူးတဲ့ ၊ ဒီလို ဦးသန်းရွှေ လုပ်ထားတဲ့ အကျပ်အတည်းတွေ က လွတ်အောင် နည်းလမ်းလေးတွေ သူစဉ်းစားထားတယ်တဲ့ဗျ ၊ အမျိုးဘာသာ ကနေ အရင်စ ရှင်းရမှာတဲ့ ၊ အမျိုးဘာသာလို့ ပြောနေသူတွေကို ဒီမိုကရေစီစနစ်နဲ့ အောင်မြင်ထွန်းကားနေတဲ့ နိုင်ငံတွေမှာ အမျီုးဘာသာကို ဒီမိုကရေစီနဲ့ အညီ ဘယ်လို စောင့်ရှောက်နေတယ် ဆိုတာရယ် ၊ မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် တကယ်လုပ်ရမှာတွေက ဘာတွေ ဆိုတာရယ် ကို ဧည့်သည်သိ သိတာမျိုး မဟုတ်ပဲ အိမ်ရှင်သိ သိအောင် သွားလေ့လာဖြစ်အောင် လုပ်ပေးရမှာတဲ့ ၊ ပြောချင်တာကဗျာ ၊ အခု ဦးဇင်းဝီရသူလိုမျိုး အမျိုးဘာသာ ၉၆၉ ခေါင်းဆောင်တွေကို ဒီမိုကရေစီ စနစ်နဲ့ အောင်မြင်ထွန်းကားနေတဲ့ နိုင်ငံတွေကို သွားလေ့လာဖို့ တိုက်တွန်းရမှာတဲ့ဗျ ၊ နောက်တစ်ဆင့်က စစ်တပ်ထိပ်ပိုင်းက အရာရှိတွေရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်တွေကိုရော အဲဒီလို နိုင်ငံခြားခရီးစဉ်ထွက်ပြီး အိမ်ရှင်သိ သိအောင် လေ့လာခိုင်းရမှာတဲ့ ၊ အဲဒီလိုလေ့လာပြီးရင် ရင်ထဲကစေတနာ မှန်ဖို့ပဲ လိုတာပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လက်တစ်ကမ်းမှာပါတဲ့ ၊ အဲဒါမပါပဲ ဆွေးနွေးနေကြရင် ဆားမပါတဲ့ဟင်းလို့ တိုင်ပတ်နေကြအုံးမှာတဲ့ ဗျ ၊ နောက်တစ်ခုက အစိုးရထိပ်ပိုင်းအရာရှိတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အိမ်ရှင်သိသိတဲ့အထိ နိုင်ငံခြားကိုထွက်ပြီး လေ့လာသင့်တယ်တဲ့ ဗျ ၊ နောက်ဆုံးတစ်ခု ကျန်သေးတယ်တဲ့ ၊ အဲဒါက မြန်မာပြည်သူပြည်သား တိုင်းရင်းသားတွေပါမကျန် ဒီမိုကရေစီနိုင်ငံမှာ ရှိတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အသိမျိုး သိလာအောင်လုပ်ပေးရမှာတဲ့ ၊ ဦးသန်းရွှေက အာဏာလွှဲခဲ့တာဟာ မြန်မာပြည်အတွက်ထွက်ပေါက်ပေးခဲ့တာ မဟုတ်ပဲ မြန်မာပြည်ကြီးကို ချောက်ကမ်းပါးနှဖူးမှာ မေးတေ့ပြီးတင်ခဲ့တာတဲ့ ဗျ ၊ အာဏာလွှဲတယ်သာပြောတာ မြန်မာပြည်သူတွေကို ဒီမိုကရေစီအလေ့အထတွေကို ဘာမှ ကြိုတင်ပြင်ဆင် သင်ပြ သွားတာမရှိဘူးတဲ့ ၊ ခုလည်း အောက်ခြေပြည်သူတွေဟာ စားဝတ်နေရေး နဲ့ လုံးပန်းနေရတုန်းပဲတဲ့ ၊ အားလပ်ချိန်မှာ အောက်ခြေပြည်သူတွေ အပန်းဖြေစရာဟာ လောင်းကစား ဘီယာအရက် နဲ့ ကိုရီးယားကားပဲဖြစ်နေတယ်တဲ့ ဗျ ၊ အောက်ခြေပြည်သူတွေမှာ ကိုယ်ပိုင်တဲ့ မဲတစ်မဲကို ဘယ်သူ့ကို ရွေးပြီးထည့်ရမယ်ဆိုတာ ကိုယ်တိုင် မဝေခွဲတတ်ကြသေးဘူးတဲ့ ၊ ဒါ သိပ်ကြီးတဲ့ အန္တရာယ်ကြီးတဲ့ ၊ မြန်မာပြည်ကြီးကို ဒီမိုကရေစီပတ်ဝန်းကျင်ကြီးဖြစ်အောင် ဦးသန်းရွှေ ရဲ့ထောင်ခြောက်တွေကို အရင် ဖယ်ရှားရမှာပဲဖြစ်တယ် တဲ့ ၊ ဟိုနေ့က ဗိုလ်ချုပ်အုန်းမြင့်ဆိုရင် သနားစရာကောင်းပါတယ်တဲ့ ၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုတာ ဦးသန်းရွှေ လက်ထဲက ပွန်းတစ်ကောင် ပါပဲတဲ့ ၊ အခုအချိန်အထိ ဦးသန်းရွှေ ဒါလုပ်ဆို လိုက်လုပ်မယ့် လူတစ်ယောက်ပါတဲ့ ၊ အခု အဲဒီ ဗိုလ်ချုပ် အုန်းမြင့်က ပြည်ထောင်စု ဝန်ကြီးရာထူး တစ်နေရာသာယူထားတာ ဒီမိုကရေစီပတ်ဝန်းကျင်နဲ့ပတ်သတ်လို့ ဧည့်သည်သိ တောင် မသိသေးပါဘူး တဲ့ ၊ အမှန်တော့ ဗိုလ်ချုပ်အုန်းမြင့်ဟာ အလွန်သနားစရာကောင်းတဲ့သူတစ်ယောက်ပါတဲ့ ၊ ဗိုလ်ချုပ်အုန်းမြင့်လိုလူမျိုးတွေ တပ်ထဲမှာရော လွှတ်တော်ထဲမှာရော အစိုးရထဲမှာပါ အများကြီးပါတဲ့ ၊ မြန်မာပြည်ကြီးကို ဒီမိုကရေစီနိုင်ငံ တကယ်ဖြစ်စေချင်ရင် အဲဒီလို ဗိုလ်ချုပ်အုန်းမြင့်လိုလူမျိုးတွေနဲ့ ရန်ဖြစ်မနေကြပါနဲ့တဲ့ ၊ သူတို့နောက်မှာ သူတို့ကို ကြိုးကိုင်ချယ်လှယ်နေတဲ့ ဦးသန်းရွှေရဲ့ ကြိုးတွေကိုသာ ဖယ်ရှားပေးကြပါတဲ့ ဗျ ၊ ၂၀၁၅ ရွေးကောက်ပွဲကို အဆင်ပြေချင်ရင် ရွေးကောက်ပွဲအနိုင်ရဖို့ထက် ခုနကပြောခဲ့တာတွေကိုသာ အရင်လုပ်ပေးကြပါလို့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေကို မေတ္တာရပ်ခံချင်ပါတယ်တဲ့ ဗျ ၊ အဲ နောက်ဆုံးမှာတာရှိတယ်ဗျ ၊ မြန်မာနိုင်ငံကြိးအပေါ်မှာ တင်ရှိနေတဲ့ သူ့အကြွေးတွေကို ဒီဘဝမှာပဲ ကုန်အောင်ဆပ်ဖို့ ကြိုးစားနေပါတယ် တဲ့ဗျ ၊ အဲဒါပဲဗျာ ကျနော်တို့လည်း ဦးသန်းရွှေရဲ့ ထောင်ခြောက်ကျော့ကွင်းတွေကနေ အသက်လုပြီး လွတ်အောင်နေနေရတယ်ဗျ ၊ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးမှ ပြောကြာသွားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည် ၊ Hawdeka Khalaylay

No comments: