မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 16, 2014
မြအေးနဲ့ ကိုနီ ကိစ္စမှ မဟုတ်ဘူး စာပေဟောပြောပွဲ တိုင်းလိုလိုမှာ ဖြစ်နေတာက စာပေဟောပြောပွဲ လုပ်လိုက်ရင် ဟောတဲ့ လူတွေက စာပေအကြောင်းနဲ့ သက်ဆိုင် တာကို ဟောတာထက် နိုင်ငံရေး ပျက်လုံးတွေ အစိုးရကို သရော်တာတွေနဲ့ လက်ခုပ်သံ ချူနေတယ် ပွဲစီစဉ်တဲ့ လူတွေကလည်း စစ်အစိုးရလက်ထက်က လက်ဖက်ရည်ဆိုင်မှာ နိုင်ငံရေးအကြောင်း ပြောရင် သွေးပျက် ထ ပြန်တဲ့ ရုပ်တွေ က ခုတော့ မသိရင် ခုပဲ ပွဲပြီးရင်ပဲ အစိုးရကို ထချတော့မယ့် တော်လှန်ရေး သမားတွေ ပုံစံတွေနဲ့။
တကယ်လိုအပ်နေတာ စာပေဟောပြောပွဲတွေ စာပေတွေအကြောင်း အသိပညာ တွေအကြောင်းကို အမှန်အတိုင်း ပြောပြနိုင်တဲ့ ပွဲတွေ လိုတာ အစိုးရကို ချချင်တဲ့ လူတွေ လိုတာမဟုတ်ဘူး ခုတော့ လုပ်လိုက်တဲ့ စာပေဟောပြောပွဲ ဆရာမက ဘာမှမပြောရသေးဘူး ထောင်ကျဖူးပါတယ် ဆိုတာနဲ့တင် ဟေးးး ဖျောင်းဖျောင်း ..ဖျောင်းဖျောင်း ..ဆိုတော့ ခင်ဗျားတို့ရတာ အသိပညာဗဟုသုတရတာမဟုတ်ပဲ အမုန်းနဲ့ အာဃာတတွေပဲရတော့တာပေါ့။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့က မန်းလေးအက်ဖန်က မင်္ဂလာညနေခင်ဘာအစီအစဉ်က ဗိုလ်ချုပ်အကြောင်း ဆရာ....(နာမည်တော့ ထားပါတော့)တစ်ယောက်က ဖုန်းနဲ့ဆက်ပြီးမေးလာတဲ့ လူတွေကို ဆွေးနွေးတယ် သောက်တလွဲတွေ ပြောတယ်။
သူ့စိတ်က ဗိုလ်ချုပ်အပေါ်လေးစာ တာကို အသိအမှတ်ပြုပါတယ် ဒါပေမယ့် သမိုင်း မကျေဘူး စာရွက်လည်းယူမလာဘူး ဆိုတော့ လက်တန်းပြောတော့ သောက်တလွဲတွေ ပြောရော အဲ့ဒါကို တစ်ဖက် နားထောင်နေတဲ့ တစ်နိုင်ငံလုံးက လူငယ်တွေက အဲ့ သောက်တလွဲတွေ မှတ်ကုန်ရော အဲ့မှာ ပျက်ပါလေရော သမိုင်း။အဲ့လိုပေါ့ စာပေဟောပြောပွဲတွေမှာ အထူးသဖြင့် စာပေနဲ့ ဆိုင်တာတွေကို ပဲ လူငယ်တွေကို အမှန်အတိုင်း ရှင်းပြ ပြောပြ တာပိုကောင်းတယ် နို့မို့ဆိုအလကားပဲ စာပေဟောပြောပွဲ လုပ်တာ သူပုန် စိတ် ရိုက်ထည့်ပေးနေသလိုတောင် ဖြစ်နေတယ်။
ဆန်း သစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment