မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 11, 2014
B2B ရဲ့ အနှစ်သာရကို ပီပြင်စေတဲ့ ပူးပေါင်းခြင်းပါ။ တကယ်တော့ နိုင်ငံတကာနဲ့တောင် ပေါင်းဖို့စဉ်းစားနေချိန်၊ ရင်ပေါင်တန်းဖို့ အသည်းအသန် ကြိုးစားနေကြချိန်မှာ ပြိုင်ဘက် ဆိုတာ မရှိသင့်တော့ဘူးဆိုတာကို 7day News က ဒီဟောပြောပွဲမှာ မီဒီယာမိတ်ဖက် အဖြစ်နဲ့ ကူညီပေးခဲ့တာက သက်သေပါပဲ။ 7day News ရဲ့ ညီနောင်မဂ္ဂဇင်းဖြစ်တဲ့ CROSSROAD မဂ္ဂဇင်း နဲ့ Acumen မဂ္ဂဇင်း တို့ဟာ တူညီတဲ့ Segmentation တစ်ခုမှာ ရပ်တည်နေကြသလို အခြားအခြား တူညီမှုတွေရှိကြပေမဲ့ နောင်တော် မီဒီယာတစ်ဦးအနေနဲ့ ဒီဟောပြောပွဲမှာ အဖက်ဖက်က ကူညီပေးခဲ့ခြင်းကြောင့်လည်း အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ တစ်လောက ပြန်ဖတ်လိုက်ရတဲ့ စာတစ်ပိုဒ်လို .... ''B2B ပဲရောင်းရောင်း၊ B2C ပဲ ရောင်းရောင်း၊ အရေးအကြီးဆုံးက H2H _ Human to Human (humanity)'' ပါပဲ။ ကောင်းစေချင်တဲ့ စိတ်နဲ့ လုပ်ဖို့ပဲလို့ ခံယူထားပါတယ် ........ ဒီထက်မက အောင်မြင် ပါစေ 7day News & Information Matrix 7Day News Journal
The Official Page of 7 Day News Journal published in Myanmar since March 7, 2002.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment