ကန်အမျိုးသားလုံခြုံရေး ဒုတိယအကြံပေးပုဂ္ဂိုလ်နှင့် ၈၈ (ငြိမ်း/ပွင့်) တွေ့ဆုံစဉ် (ဓာတ်ပုံ - U.S. Embassy Rangoon)
အမေရိကန်ပြည်ထောင် စု၏ အမျိုးသားလုံခြုံရေးဒုတိယအ ကြံပေးပုဂ္ဂိုလ်
မစ္စတာဘန်ရုဒ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း
ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် အရပ်ဘက်လူမှု
အဖွဲ့အစည်းများ ဆက်လက်ပါဝင်ရမည့် အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
ဇူလိုင် ၂၀ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၏ အ မျိုးသားလုံခြုံရေးဒုတိယအကြံပေး ပုဂ္ဂိုလ် မစ္စတာဘန်ရုဒ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များဖြစ်ကြသော ဦးကိုကိုကြီး၊ ဦးမြအေးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံ ရုံး၏ သတင်းထုတ်ပြန်မှုတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်း ကြောင်းတစ်လျှောက် ဆက်လက် လျှောက်လှမ်းရာ၌ မီဒီယာများ နှင့် အရပ်ဘက်အဖွဲ့အစည်းတို့ ဆက်လက် ပါဝင်ရမည့် အရေးပါ သော အခန်းကဏ္ဍများနှင့်ပတ် သက်၍လည်းကောင်း၊ အမေရိ ကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူလူထုအတွက် လက်တွဲဖော်မိတ်ဖက်အဖြစ် ဆက်လက်၍လက်တွဲသွားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ပါရှိသည်။
တွေ့ဆုံရာတွင် မြန်မာပြည်သူလူထုအတွက် လွတ်လပ်မှုနှင့် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရာတွင် ၈၈ မျိုးဆက်များနှင့် အခြားလူ့အဖွဲ့အစည်း ခေါင်းဆောင်များ၏ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့မှုများ အတွက် အသိအမှတ်ပြုကျေးဇူးတင်ကြောင်း သမ္မတအိုဘားမား၏ သတင်းစကားကို အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ဘန်ရုဒ်က ပြောကြားခဲ့သည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေး ဒုတိယအကြံ ပေးဘန်ရုဒ်သည် သမ္မတအိုဘား မား၏ အနီးကပ်အကြံပေးဖြစ်ကာ ၎င်း၏မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ တွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်းထိန် တို့နှင့် တွေ့ဆုံခဲ့သည်။

No comments:
Post a Comment