နှစ်မိုင်ထင်းရှုးတော အ၀င်ကိုတွေ့မြင်ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးမြို့ အ ရှေ့ဘက်အထွက်ရှိ နှစ်မိုင်ထင်း ရှူးတောတွင်
အိမ်ရာစီမံကိန်းပြုလုပ်ပါက တောင်ကြီးဒေသခံ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက
ကန့်ကွက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါထင်းရှူးတောတွင် ယခင်အစိုးရလက်ထက်က မြို့ပြ အိမ်ရာစီမံကိန်း အကောင်အ ထည်ဖော် ဆောင်ရွက်ရန် ၆၅ ဧက အထိခွင့်ပြုထားပြီး စတင်အကောင်အထည်ဖော်လုပ်ဆောင်သည်ကို မတွေ့ရှိရသေးကြောင်း တောင်ကြီးမြို့အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Living Earth Green Networkအဖွဲ့မှ အတွင်း ရေးမှူးဦးသူရစောသိန်းကပြောသည်။
‘‘ယခင်အစိုးရလက်ထက်က မြို့မြေဖော်ဆောင်ဖို့၊ အိမ်ရာစီမံ ကိန်းလုပ်ဖို့ ခွင့်ပြုပေးထားတယ် လို့ ကျွန်တော်တို့ ကြားထားပါ တယ်။ စတင်လုပ်ဆောင်နေတာ တွေတော့ မတွေ့သေးပါဘူး။လုပ် မယ်ဆိုရင်လည်း ကျွန်တော်တို့ အဖွဲ့တင်မဟုတ်ပါဘူး။ တောင် ကြီးမြို့သူ၊ မြို့သားတွေအားလုံး က သဘောမတူပါဘူး။ ၀ိုင်းဝန်း ကန့်ကွက်ကြမှာပါ’’ဟု ဦးသူရ စောသိန်းက ပြောသည်။
အဆိုပါထင်းရှူးတောသည် တောင်ကြီးမြို့၏ ကျက်သရေ ဆောင်မြို့အ၀င်ရှုခင်းတစ်ခုဖြစ် ပြီး တောင်ကြီးမြို့ ရေအရင်းအ မြစ်ရရှိရေးအတွက် ရေဝေ၊ ရေလဲ ဒေသလည်းဖြစ်သည်ဟု ဦးသူရစောသိန်းကဆိုသည်။
‘‘အိမ်ရာစီမံကိန်းလုပ်တယ်ဆိုတာထက် သဘာဝဥယျာဉ် ပန်းခြံဆိုတာမျိုး လုပ်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်’’ဟု တောင်ကြီးဒေသခံဒေါ်နန်းဇာက ပြောသည်။
ရှမ်းပြည်နယ်အစိုးရလက် ထက်တွင် ဒေသခံများကသဘော မတူသည့် မည်သည့်စီမံကိန်းမျိုး ကိုမဆို ဆက်လက်လုပ်ဆောင်ခွင့် ပြုမည်မဟုတ်ဘဲ ဒေသခံအများစု ၏ ဆန္ဒဖြင့်သာဆောင်ရွက်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုး ညွန့်လွင်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ရက်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့တွင်လည်း အဆိုပါထင်းရှူး တောကို ကာကွယ်ရန်တောင်ကြီးဒေသခံအရပ်ဘက်အဖွဲ့အစည်း ၁၅ ဖွဲ့ပေါင်းစည်းကာ ထင်းရှူးတောအတွင်း ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့သည်။ တောင်ကြီးမြို့အတွက်ထင်း ရှူးတောအတွင်း မြေကွက်၊ အိမ် ကွက်များ ကာရံဆောက်လုပ်နေမှု အပေါ် ယခင်ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဦးစ၀်အောင်မြတ်ကို တောင်ကြီးဒေသခံဦးသိန်းရွှေဒင် က သမ္မတရုံး ၀န်ကြီးဌာနအထိ တိုင်ကြားထားပြီး ပြည်နယ် အစိုးရအဖွဲ့က မြေပြင်အထိကွင်းဆင်းစစ်ဆေးပေးခြင်း မရှိသေးကြောင်းဦးသိန်းရွှေဒင်က ပြောကြားထားသည်။

No comments:
Post a Comment