Monday, July 25, 2016

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ရှမ်းအရှေ့မြို့နယ်များကို ပထမဆုံးအကြိမ် လာရောက် -----------------------------------------------

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့နယ်များရှိ ဒေသခံများနှင့် တွေ့ဆုံရန်  ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ ပထမဆုံးအကြိမ် လာရောက်ခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများထံမှ စုံစမ်း သိရှိရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှာ ဇူလိုင်လ ၂၄ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့သို့ လေကြောင်းခရီးဖြင့် စတင် ထွက်ခွာခဲ့ကြောင်း၊ ကျိုင်းတုံမြို့ကို ဇူလိုင်လ ၂၆ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

"ဝန်ကြီးချုပ်အနေနဲ့ ရှမ်းအရှေ့ဒေသကို တစ်ခါမှ မရောက်ဖူးသေးတော့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ လာမှာပါ”ဟု ၎င်းက မှတ်ချက်ပြုသည်။

တပ်မတော်အစိုးရ အဆက်ဆက် အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားနည်းခဲ့သောကြောင့် ယခုအစိုးရသစ်က ဒေသဖွံ့ဖြိုးရေးကို ပိုမို ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံ တိုင်းရင်းသားများက တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။

No comments: