Monday, July 18, 2016

လူမှုကွန်ရက်တွင် မလုံ့တလုံပုံများ တင်သည့် ပါကစ္စတန်အမျိုးသမီးကို အစ်ကိုဖြစ်သူ သတ်ဖြတ်

play

ပါကစ္စတန်နိုင်ငံမှာ နေထိုင်တဲ့ ကန်ဒီးလ်ဘာလော့ခ်ျဆိုသူ အမျိုးသမီးတစ်ဦးဟာ လူမှုကွန်ရက်မှာ အောင်မြင်လာပြီးနောက်ပိုင်း အစ်ကိုဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ အင်စတာဂရမ်မှာ ကန်ဒီးလ် တင်လိုက်တဲ့ ဆက်စီကျကျဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာ မျိုးရိုး ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ သူမရဲ့ အစ်ကိုဖြစ်သူက ယူဆခဲ့တာဖြစ်ပါတယ်။
ကန်ဒီးလ်က အင်စတာဂရမ်မှာ ဓာတ်ပုံတွေတင်လို့ အောင်မြင်ခဲ့ပြီးနောက်ပိုင်း သူမရဲ့ အစ်ကိုဖြစ်သူက ဒီလိုတွေ မလုပ်ဖို့ တားဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမက မရပ်တန့်ခဲ့တဲ့အတွက် အစ်ကိုဖြစ်သူက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်လိုက်တာ ဖြစ်နိုင်ကြောင်း မူလ်တန်ဒေသ ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။
play
ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်မှာ ဆယ်လီတစ်ဦးဖြစ်နေတဲ့ ကန်ဒီးလ်ကို သောကြာနေ့ ညပိုင်းက သေဆုံးလျှက် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ အစ်ကိုဖြစ်သူ ဝါဆင်းကိုတော့ စနေနေ့မှာ ဖမ်းဆီးရမိမိခဲ့တယ်လို့ သိရပါတယ်။
ကန်ဒီးလ်ဟာ လည်ပင်းညစ်သစ်ခံရတာ ဖြစ်ပါတယ်။
Source & Photos : Metro

No comments: