Monday, July 18, 2016

လိင်လုပ်ငန်းတွေကို ပိတ်သိမ်းမယ်လို့ ထိုင်းပထမဆုံးအမျိုးသမီး ခရီးသွားလာရေးဝန်ကြီး ပြောကြား

play

လိင်ခရီးသွားလုပ်ငန်းတွေကို ပိတ်သိမ်းမယ်လို့ ထိုင်းနိုင်ငံက ကတိပေးလိုက်ပြီ ဖြစ်ပါတယ်။
လိင်လုပ်ငန်းကို ပပျောက်စေချင်ပြီး ခရီးသွားတွေက ထိုင်းနိုင်ငံကို ဒီ့အတွက်လာတာမျိုး မဖြစ်စေချင်ဘဲ နိုင်ငံရဲ့ လှပတဲ့ယဉ်ကျေးမှုအတွက် လာတာပဲ ဖြစ်စေချင်တယ်လို့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးခရီးသွားလာရေးဝန်ကြီး Kobkarn Wattanavrangkul က  Reuters သတင်းဌာနကို ပြောကြားထားတာ ဖြစ်ပါတယ်။
play

 ထိုင်းနိုင်ငံမှာ  လိင်လုပ်ငန်းကို တရားမဝင်အဖြစ်သတ်မှတ်ထားပေမဲ့ အဆိုပါကဏ္ဍမှာ လုပ်သားပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံရဲ့ ဆောင်ကြာမြိုင်အိမ်တွေကို ရဲတွေက ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ထိုင်းခရီးသွားလာရေးဝန်ကြီးရဲ့ အခုကတိပေးမှုက ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
 လူမှောင်ခိုကူးမှုတွေ၊ အသက်မပြည့်တဲ့ လိင်လုပ်သားအရေးတွေနဲ့ပက်သက်ပြီးတော့  ထိုင်းနိုင်ငံပေါ်ဝေဖန်မှုတွေ ရှိနေပါတယ်။
Photos & Source: Telegraph

No comments: