ယခင်က လိင်ဆက်ဆံရာမှတစ်ဆင့် ဇီကာကူးစက်မှုမှာ အမျိုးသားထံမှ အမျိုးသမီးထံသို့ ကူးစက်မှုများသာ ဖြစ်ခဲ့ပါတယ်။
နယူးယော့ခ်မြို့မှာ အမျိုးသမီးမှ အမျိုးသားသို့ လိင်ဆက်ဆံရာမှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။
ပုံမှန်အားဖြင့် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တာဖြစ်ပေမဲ့ နယူးယော့ခ်မှာ ဇီကာဗိုင်းရပ်စ်ရှိတဲ့ အမျိုးသမီးထံမှာ သူမရဲ့ လိင်ဆက်ဆံဖက် အမျိုးသားထံ ကူးစက်ခဲ့ကြောင်း ကျန်းမာရေးဌာနက ယနေ့ (ဇူလိုင် ၁၅ ရက်) ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ယခင်က လိင်ဆက်ဆံရာမှတစ်ဆင့် ဇီကာကူးစက်မှုမှာ အမျိုးသားထံမှ အမျိုးသမီးထံသို့ ကူးစက်မှုများသာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
နယူးယော့ခ်မှာ တွေ့ရှိရတဲ့ ကူးစက်မှုမှာ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ နိုင်ငံရဲ့အကြီးဆုံးမြို့မှ ပြန်လည်ရောက်ရှိလာသူ အသက် ၂၀ အရွယ် အမျိုးသမီးက အကာအကွယ် မပါဘဲ သူမရဲ့အဖော် အမျိုးသားနဲ့ လိင်ဆက်ဆံခဲ့ပြီးနောက် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားမှာ အမေရိကန်နိုင်ငံပြင်ပကို ယခင်နှစ်အတွင်း ခရီးမထွက်ခဲ့ဘူးလို့ ဆိုပါတယ်။
Source & Photo: Reuters
No comments:
Post a Comment