မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 18, 2016
အစိမ်းရောင်ပြောင်းသွားတဲ့ ရေကန်ကြောင့် လူတစ်ရာကျော် ဆေးရုံရောက်
အမေရိကန်နိုင်ငံ ယူတာ့ရှ်တောင်ကြားအရပ်မှာရှိတဲ့ ယူတာ့ရှ် ရေကန်ဟာ ဘက်တီးရီးယားပေါက်ဖွားမှုနှုန်း မြင့်တက်လာပြီးနောက် ရေကန်ရဲ့ ၉၀ ရာခိုင်နှုန်းက အစိမ်းရောင်အဖြစ် ပြောင်းလဲသွားခဲ့ကြောင်း သိရပါတယ်။ အမြင်အရ လှပပေမဲ့ ယူတာ့ရှ်ရေကန်ဟာ အဆိပ်တွေပါဝင်လာတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။
အဆိုပါရေကန်နဲ့ထိတွေ့ခဲ့တဲ့ လူပေါင်း တစ်ရာကျော်မှာလည်း အဆိပ်သင့်လက္ခဏာတွေ တွေ့နေရပြီး နေမကောင်းဖြစ်ခြင်း၊ အရေပြားယားယံခြင်း၊ အော့အန်ခြင်း စတာတွေ ကြုံတွေ့နေရပါတယ်။ ရေထုထဲမှာ ဆိုင်ယာနိုဘက်တရီးယား ပါဝင်မှုနှုန်း မြင့်တက်လာခြင်းက ရေကန်ကို အန္တရာယ်ရှိတဲ့ အဆိပ်သင့်နေရာအဖြစ် ပြောင်းလဲသွားစေတာပါ။ အဲဒီကန်အတွင်းက ရေတွေကို လုံးဝမသုံးစွဲဖို့ အနီးအနားကလူတွေကိုလည်း သတိပေးထားရပါတယ်။
နေမကောင်းဖြစ်ခြင်း၊ အရေပြားယားယံခြင်း၊ အော့အန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါဘက်တီရီးယားတွေ သေဆုံးသွားရင် ကျန်ရှိခဲ့တဲ့ ဆဲလ်တွေက ရေပြင်ကို အဆိပ်ဖြစ်စေတာလို့ ဆိုပါတယ်။ နမူနာ စစ်ဆေးချက်တစ်ခုမှာဆိုရင် ရေထုထဲမှာ ဆိုင်ယာနိုဘက်တီးရီးယား ဆဲလ်ပေါင်း ၇ သိန်းကျော် တွေ့ရတယ်လို့ ဆိုပါတယ်။
Source & Photos : Metr
Subscribe to:
Post Comments (Atom)
No comments:
Post a Comment