Monday, July 18, 2016

တူရကီနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာက ရဟတ်ယာဉ်(၄၂)စီး ပျောက်ဆုံး ==========================

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်အတွင်းက အာဏာသိမ်းဖို့
ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာက ရဟတ်ယာဉ် (၄၂) စီးပျောက်ဆုံးနေခဲ့တယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလို ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်တွေဟာ အစိုးရဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်နိုင်တာကြောင့် တူရကီအစိုးရက အစ္စတန်ဘူလ်မြို့မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် (၁၈၀၀) လောက် ကို ဖြန့်ကျက်ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေအနေ နဲ့ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်တွေကို တွေ့ရှိရင်လည်း တစ်စုံတစ်ရာ သတိပေးခြင်းမပြုဘဲ တစ်ခါတည်း ပစ်ချဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အစ္စတန်ဘူလ်မြို့မှာ ပြန်ပေးဆွဲခံထားရတဲ့ ရဟတ်ယာဉ်တွေထဲက (၃) စီးဟာ မြို့အတွင်း ပျံသန်းသွားတာကို တွေ့မြင်ခဲ့ရပြီးနောက်ပိုင်း အစိုးရက အရေးပေါ်လုံခြုံရေး အစီအစဉ်တွေကို လုပ်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တူရကီသမ္မတ အာဒိုဂန်ရဲ့ အစိုးရအဖွဲ့ဟာ ပျောက်ဆုံးနေ တဲ့ ရဟတ်ယာဉ်တွေကို တိုက်ခိုက်ဖို့အတွက် တူရကီလေတပ်က F-16 ဂျက်တိုက်လေယာဉ်တွေကို ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ ဖြစ်စဉ်မှာ သူပုန် (၁၀၀) ကျော်အပါအ၀င် လူပေါင်း (၂၉၀) လောက်သေဆုံးခဲ့ပြီး လူပေါင်း (၂၀၀၀) ကျော်ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လ်ူပေါင်း (၆၀၀၀) လောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

No comments: