မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 20, 2016
ယာဉ်ထိန်းရဲများ တာဝန်ချိန် ဖုန်းအသုံးပြုလျှင် အရေးယူမည် --- --- --- --- ---
ယာဉ်ထိန်းရဲများ တာဝန်ချိန် ဖုန်းအသုံးပြုလျှင် အရေးယူမည်
--- --- --- --- ---
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်းရဲများ တာဝန်ချိန်အတွင်း ဖုန်းဖြင့်အင်တာနက်အသုံးပြုလျင် ရဲစည်းကမ်းထိမ်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ဆိုင်ကယ်တိုက်မှုများ ပိုမိုဖြစ်ပွားလျှက်ရှိနေပြီး မီးပွိုင့်များတွင် တာဝန်ကျယာဉ်ထိန်းရဲအချို့ ဂိတ်အတွင်း၌ ဖုန်းပွတ်နေကြကြောင်း ပြည်သူများ ပြောဆိုလာသည့်အပေါ် အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်ထိန်းရဲတွေ တာဝန်ချိန်မှာဖုန်းပွတ်နေရင် ရဲစည်းကမ်းအရ အရေးယူသွားမယ်။ ကိုယ်တို့သွားရင် မတွေ့ ပေမယ့် ကွယ်ရာမှာလုပ်နေတာလည်းရှိမယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့တွေ့ရင်လည်း တိုင်ကြားနိုင်တယ်။” ဟု တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေမျိုးက ပြောသည်။
ယာဉ်ထိန်းရဲများ တာဝန်ချိန်အတွင်းဖုန်းပွတ်နေပါက သတိပေးလက်မှတ်ထိုးခိုင်းမည်ဖြစ်ပြီး ထပ်မံကျုးလွန်ပါက ရာထူးချခြင်း၊ နေရာပြောင်းရွှေ့ခြင်းများကိုပါ ပြုလုပ်သွားမည့်အပြင် ယာဉ်ထိန်းတပ်ဖွဲ့တွင် အင်အားနည်းနေခြင်း ကိုလည်း တိုင်းအရံတပ်ဖွဲ့များဖြင့် အင်အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“မီးပွိုင့်တွေက မီးပျက်ရင်မလင်းတော့ဘူး။ အဲဒီလိုအချိန်မျိုးတွေဆိုရင် မြို့ပေါ်ကလူတွေက လမ်းစည်းကမ်းနား လည်တာများတော့ သိပ်ပြဿနာမရှိပေမယ့် ကျေးရွာတွေကလာတဲ့သူတွေကျတော့ အတင်းမောင်းဖြတ်တာ တွေရှိနေတယ်။ တာဝန်ကျယာဉ်ထိန်းတချို့ကလည်း လမ်းပေါ်မှာမရှိဘဲ ဂိတ်ထဲမှာဖုန်းထိုင်ပွတ်နေတော့ ယာဉ် တိုက်မှုတွေဖြစ်တယ်။”ဟု ဇဗ္ဗူသီရီ အရေးပေါ်လူနာကယ်တယ်ရေးအသင်းမှ ကိုနိုင်မျိုးသွင်က ပြောသည်။
ထားဝယ်မြို့အတွင်း နေ့စဉ်ဆိုင်ကယ်တိုက်မှု အနည်းဆုံး(၁)ကြိမ်မှ (၄)ကြိမ်အထိ ဖြစ်ပွားလျှက်ရှိပြီး နံနက်(၆) နာရီဝန်းကျင်နှင့် ညနေ(၅)နာရီဝန်းကျင်အချိန်များတွင် အဖြစ်များလျှက်ရှိသည်။
MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment