**************************************************
၁၂ ဇူလိုင်၊ ၂ဝ၁၆၊ ည(၈)နာရီ ရုပ်မြင်သံကြားသတင်းမှာ မဘသနဲ့ပတ်သက်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက် ပေါ်ထွက်လာတဲ့အခါ ရေအိုင်ထဲ ကျွဲလူးသလို အူမြူးပြီး သံသေးသံကြောင်နဲ့ထအော်လိုက်တဲ့အသံတွေ ကြားလိုက်ရပါတယ်။ ဘာသာခြားတွေ၊ ဒေါ်လာစားတွေ၊အမျိုးသားသစ္စာဖောက်တွေရဲ့ လက်ပန်းပေါက်ခတ်သံတွေ ပဲ့တင်ညံသွားတဲ့ အခိုက်အတန့်ကလေးပါပဲ။
မဟနရဲ့ ကြေညာချက်က ၇-၇-၂ဝ၁၆မှာ ထုတ်ပြန်ခဲ့တဲ့ မဘသ(ဗဟို)ရဲ့ သဘောထားကို ကန့်ကွက်လိုက်တာပါပဲ။ ဘာထူးဆန်းလို့လဲ။NLD ခေါင်းဆောင်ကြီး ဦးဝင်းထိန်ရဲ့စကားနဲ့ပြောရရင် ပန်းနဲ့ပေါက်သလိုပဲ ယူဆပါတယ်။
အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အယူအဆ၊မူဝါဒ ထုတ်ပြန်ကြေ
ညာချက်တွေ သဘောမတူရင် ဒီလိုပဲကန့်ကွက်လာကြတာ သမိုင်းစာ
မျက်နှာတွေနဲ့ အပြည့်ပါပဲ။
လွှတ်တော်ထဲမှာလည်းအဆိုပြုတာ၊ ထောက်ခံတာ၊ ကန့်ကွက်တာတွေ
သဘာဝကျကျ ရှိနေတာပါပဲ။
အခု မဟနကမဘသရဲ့ ၇-၇-၂ဝ၁၆ နေ့က ထုတ်ပြန်ချက်ကိုကန့်
ကွက်တာလည်း ဘာမှအထူးအဆန်းမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။
အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မဆိုထားနဲ့၊အဖွဲ့အစည်းတစ်ခုထဲမှာတောင် အစည်းဝေးတွေမှာ သဘောထားကွဲလွဲတာ၊ ကန့်ကွက်တာတွေ ရှိနေစမြဲပါ။
ဗုဒ္ဓဘာသာဝင်တွေပီပီ 'ယောနိသောမနသီကာရ'
သင့်တင့်မျှတအောင် နှလုံးသွင်းတတ်ဖို့ပဲ လိုပါတယ်။
မဘသရဲ့ သဘောထားထုတ်ပြန်ကြေညာချက်တွေဆိုတာ ၇-၇-၂ဝ၁၆ က ထုတ်ပြန်ခဲ့တဲ့ သဘောထားတစ်ခုတည်း မဟုတ်ပါဘူး။
၂ဝ၁၃ ဇွန်လ ၂၇ ရက် မဘသစတင်ဖွဲ့စည်းတည်ထောင်ချိန်ကစပြီး ဒီနေ့အထိ ထုတ်ပြန်ကြေညာခဲ့တဲ့ သဘောထားထုတ်ပြန်ချက်တွေဟာ စာအုပ်ကြီးနှစ်အုပ် ပုံနှိပ်ထုတ်ဝေမှတ်တမ်းတင်ထားရတဲ့အထိ များပြားလှပါတယ်။
အဲဒီလောက် များပြားလှတဲ့ ထုတ်ပြန်ကြေညာချက်တွေအပေါ် မဟနက တစ်လုံးတစ်ပါဒမှ ကန့်ကွက်ခဲ့တာ လုံးဝ(လုံးဝ)မရှိခဲ့ပါဘူး။
ကန့်ကွက်ခဲ့ခြင်း မရှိခဲ့တဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေရဲ့ သဘောထားကို ကမ္ဘာသိအောင် ကြေညာဖို့ မဟနဥက္ကဋ္ဌဆရာတော်ကြီးဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရဘိဝံသကိုယ်တိုင် တိုက်တွန်းနှိုးဆော်ခဲ့တာပါ။
မဘသအဖွဲ့ကြီး ဖွဲ့စည်းဖို့ အကြုံညှိနှိုင်းအစည်းဝေးကို မှော်ဘီမြို့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီးမှာ ကျင်းပခဲ့စဉ် မဟနဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးြ<ွကရောက်တော်မူလာပြီး ၁၃-၆-၂ဝ၁၃ နေ့မှာ အောက်ပါအတိုင်းမိန့်ကြားတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
'ယနေ့နိုင်ငံတော်တွင် ပဋိပက္ခများ ဖြစ်ပေါ်နေသည်မှာ အားလုံး
အသိပင်ဖြစ်ပါတယ်။
ဒီပဋိပက္ခတွေကြောင့် တပည့်တော်တို့ ရဟန်းရှင်လူ ပြည်သူအားလုံး စိတ်နှလုံးပင်ပန်းဆင်းရဲလျက်ရှိကြပါတယ်။ ဒါကြောင့် သံဃာတော်အရှင်သူမြတ်များသည် မေတ္တာတရားရှေ့ထားကာ ပဋိပက္ခကို ဖြေရှင်းပြီး ငြိမ်းချမ်းအောင်လုပ်ကိုင်ဆောင်ရွက်နေကြသည့်အတွက် အထူးပဲ ကျေနပ်အားရမိပါတယ် ဘုရား'။
'ထိုသို့ ဗုဒ္ဓနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းနေကြပါလျက်
နိုင်ငံတကာမီဒီယာများက ဗုဒ္ဓဘာသာကို အမျိုးမျိုးပုတ်ခတ်ပြီးတော့ ဂုဏ်သရေညှိုးနွှမ်းအောင် နည်းမျိုးစုံ သတင်းလွှင့်နေကြသည်ကို
တွေ့မြင်နေရတဲ့အတွက် အထူးပဲစိတ်မကောင်းဖြစ်မိပါတယ်'။
'လွဲမှားစွာ ဖော်ပြနေသည့် လုပ်ကြံသတင်းမီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ်မှာ အထင်အမြင်လွဲဖြစ်နေရပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေသော ပဋိပက္ခ၏ ဖြစ်စဉ်အမှန်ကို အတိအကျဖော်ထုတ်ပေးဖို့လိုအပ်ပါတယ်။ ကမ္ဘာကိုလည်း ကြေညာဖို့လိုအပ်ပါတယ်'။
မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးလမ်းညွှန်မိန့်ကြားခဲ့တဲ့အတိုင်း မဘသက ဗုဒ္ဓဘာသာအပေါ် ပြစ်မှားစော်ကားမှုမှန်သမျှ၊နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမှုမှန်သမျှ ခေါင်းငုံ့မခံဘဲ တုံ့ပြန်ခဲ့တာ တစ်ကမ္ဘာလုံးအသိပဲဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပက လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရဝန်ကြီးဌာနတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ သံတမန်တွေ၊ အကြံအဖန်တွေ၊ မီဒီယာတွေ၊ အိုအိုင်စီ ၅၇ နိုင်ငံနဲ့ ကုလသမဂ္ဂလိုအဖွဲ့ကြီးတွေအထိ မဘသက ဘယ်သူ့ကိုမှ မကြောက်ဘဲ မထောက်မညှာ ဝေဖန်တုံ့ပြန်ခဲ့ပြီးဖြစ်ပါတယ်။
မဘသကြောက်တာ ဗုဒ္ဓဘုရားတစ်ပါးတည်းရှိပါတယ်။ ဘုရားဟော ဓမ္မဝိနယနဲ့ မညီဘဲ အဂတိလေးပါး လိုက်စားပြီး မှားယွင်းစွာဆုံးဖြတ်လုပ်ကိုင်မိမှာကို ကြောက်ပါတယ်။မဘသရဲ့ အင်အားဟာ အမှန်တရားပါပဲ။
မဘသဟာ စေတနာမှန်၊ လမ်းစဉ်မှန် လုပ်နည်းလုပ်ဟန်မှန်တဲ့အတွက် တစ်နေ့တခြားအင်အားကြီးမားလာခဲ့တာ တစ်ကမ္ဘာလုံးသိပါတယ်။ မဘသရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုအင်အားစုကမှ ရပ်တန့်သွားအောင် မလုပ်နိုင်ပါဘူး။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ ၅၇ နိုင်ငံ)ကလည်း မတတ်နိုင်ပါဘူး။ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူနိုင်ငံများနဲ့ ကလိမ်ကကျစ်အင်အားစုများရဲ့ လှည့်ဖြားမှု၊ စော်ကားမှုခြယ်လှယ်ကြိုးကိုင်မှုမှန်သမျှမဘသက ခုခံတွန်းလှန်နေလျက် ရှိပါတယ်။
အထူးသဖြင့် ရခိုင်မှာ ခိုးဝင်ကျူးကျော်နေတဲ့ ဘင်္ဂါလီမွတ်စလင်တွေက ရိုဟင်ဂျာဆိုတဲ့လူမျိုးလိမ်၊ နာမည်လိမ်နဲ့ အိမ်ရှင်ကို ဧည့်မောင်းသလို ရခိုင်မြေကို သိမ်းယူဖို့ လုပ်နေတာတွေကို မဘသက လုံးဝ(လုံးဝ)လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
ခိုးဝင်ဘင်္ဂါလီတွေကို 'ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအဝိုင်း'လို့ ခေါ်တာကိုလည်း လုံးဝ(လုံးဝ)လက်မခံပါဘူး။ ရခိုင်ပြည်သူတွေနဲ့အတူ ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန်လိုနိုင်ငံတွေက လူ့အခွင့်အရေးဘန်းပြပြီး ရခိုင်မြေကို ခိုးယူကာ အိုအိုင်စီ ၅၇ နိုင်ငံကို လာဘ်ထိုးဖို့ ကြိုးစားနေတာကို မဘသက မသိချင်ယောင်ဆောင်နေမည်မဟုတ်ပါ။ အဲဒီလို ဘာသာခြား၊ လူမျိုးခြားတွေရဲ့ အဓမ္မလွှမ်းမိုးချုပ်ကိုင်ဖို့ လုပ်လာတာမှန်သမျှ မဘသက ဖော်ထုတ်ဆန့်ကျင်နေတဲ့အခါ သူတို့လုပ်ချင်ရာ လုပ်လို့မရတော့ဘူး။
မဘသအဖွဲ့ကြီးဟာ သူတို့ရဲ့ ကျွန်ပြုရေးစီမံကိန်းကြီးမှာ အတားအဆီး အနှောင့်အယှက်သဖွယ် ဖြစ်လာပုံရပါတယ်။ ဒီတော့ မဘသကိုသွားပုပ်လေလွင့်ပြောကြ၊ မီဒီယာတွေက ဖွကြ၊နောက်ဆုံး မဘသအပြုတ်တိုက်ရေးဆိုတာကိုမဟာဗျူဟာ၊ နည်းဗျူဟာ မျိုးစုံသုံးပြီး လုပ်ဆောင်လာကြပါတော့တယ်။
ဒီအချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇူလိုင် ၃ ရက်၊ စင်ကာပူခရီးစဉ်မှာ 'မဘသမလိုအပ်ပါဘူး'ဆိုတဲ့စကားကိုပြောလိုက်တဲ့အတွက် မဘသအင်အားစုကြီးကတစ်ခဲနက်ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ ကျွန်တော်လည်း ချက်ချင်းဆိုသလို ၆-၇-၁၆ နေ့မှာဦးဖြိုးမင်းသိန်းရဲ့ အမှားတွေကို ထောက်ပြတဲ့ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။
'ဦးဖြိုးမင်းသိန်းက မဘသကို မလိုအပ်ဘူးလို့သာ ပြောခဲ့တာပါ။ မဘသဖျက်သိမ်းရေးအထိ ပြောခဲ့တာ မတွေ့မိပါဘူး။ ဦးဖြိုးမင်းသိန်းရဲ့ စကားအပေါ်မှာ လိုရာဆွဲယူပြီး ဝေဖန်သုံးသပ်တာမျိုးလည်း မဖြစ်စေချင်ပါ'လို့ ကိုယ့်လူတွေ အလွန်အကျွံမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ရေးခဲ့ပါတယ်။
ဒီဆောင်းပါးမှာပဲမဘသသည် မဟနရဲ့ စင်ပြိုင်သံဃာ့အဖွဲ့အစည်းမဟုတ်ကြောင်း၊ သီးခြားသံဃာ့ဂိုဏ်းကြီးတစ်ဂိုဏ်းလည်းမဟုတ်ကြောင်း၊ သို့သော်သံဃာတော်များဦးဆောင်ပြီး လူပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားရေးအဖွဲ့အစည်းကြီးဖြစ်ကြောင်း ရှင်းလင်းရေးသားခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုရေးခဲ့တာတွေ တစ်ကြိမ်တစ်ခါမကတော့ပါဘူး။ မဘသအဖွဲ့ကြီးကို ပြိုလဲပျက်စီးသွားအောင် လုပ်ကြံတိုက်ခိုက်ရေးသားခဲ့တာတွေကို တုံ့ပြန်ခုခံဝေဖန်ရေးသားခဲ့ရာမှာ အကြောင်းသင့်တိုင်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။
၇-၇-၁၆ မဘသအရေးပေါ် အထူးအစည်းအဝေးမှာတော့ ဗဟိုဦးဆောင်ဆရာတော်များဟာ မဘသသည် ခိုင်မာသောအဖွဲ့အစည်းကြီးဖြစ်တယ်ဆိုတာ သက်သေပြလိုဇောနဲ့...ထုတ်ပြန်ကြေညာချက် အပိုဒ် ၂(ခ)မှာ'နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့၏ သံဃာ့နာယကလက်စွဲပါ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း (သံ/စည်း) လုပ်ထုံးလုပ်နည်းများနှင့်လည်း ညီညွတ်သောအဖွဲ့အစည်းကြီးဖြစ်သည်'ဆိုတဲ့ အချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အမှန်ကတော့ မဘသသည်သံဃာ့အဖွဲ့အစည်းမဟုတ်တဲ့အတွက် ဒီအချက်ကို ဖော်ပြဖို့မလိုပါ။ အခုဖော်ပြလိုက်တဲ့အတွက် ၁၂-၇-၁၆ နေ့စွဲနဲ့ မဟနကြေညာချက်အပိုဒ် ၄ မှာ သံ/စည်းနဲ့အညီ ဖွဲ့စည်းထားတယ်ဆိုတာ လုံးဝ(လုံးဝ)မဟုတ်မှန်ပါလို့ ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည်'ဟု ခိုင်မာစွာ ပြဋ္ဌာန်းထားတာကိုလည်းမဘသက ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပါ။
မဘသသည် မဟနနဲ့ စင်ပြိုင်သံဃာ့အဖွဲ့အစည်းမဟုတ်ကြောင်း ၇-၇-၁၆ ထုတ်ပြန်ချက်အပိုဒ် ၃ မှာ -
'နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့သည် သံဃာတော်များ သီးသန့်ဖွဲ့စည်းထားသော 'အာဏာပိုင် သံဃအဖွဲ့'ဖြစ်သည်။အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့စုပေါင်းဖွဲ့စည်းထားသော (အစိုးရမဟုတ်သော) 'သာသနာပြုအဖွဲ့ကြီး'ဖြစ်သည်။'
၇-၇-၁၆ မဘသအထူးအစည်းအဝေးမှ ထုတ်ပြန်ကြေညာချက်ဟာ ဦးဖြိုးမင်းသိန်းကိုသာ ပြင်းထန်စွာရှုတ်ချခဲ့ခြင်းဖြစ်ပြီး မဟနအဖွဲ့ကြီးကို စိတ်နဲ့တောင် ပြစ်မှားစော်ကားခဲ့ခြင်း မရှိတာကိုလည်း သတိပြုစေလိုပါတယ်။
မဘသရဲ့ ထုတ်ပြန်ကြေညာချက် အပိုဒ်၂(က)မှာ '၂ဝ၁၃ ခု၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးသာသနာရေးဌာန၊ မဟာပါသဏလိုဏ်ဂူတော်ကြီး၌ ကျင်းပသော ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာခြင်းဖြစ်သည်'လို့ ဖော်ပြခဲ့တာဟာလည်း ဦးဖြိုးမင်းသိန်းကို ရှုတ်ချလိုဇောအားကြီးပြီး မှားယွင်းစွာ ဖော်ပြခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။
အမှန်က... မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် တက်ရောက်ခဲ့တဲ့ သံဃာတော် ၂၂၇ပါးရဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကြီး (၂ဝ၁၃၊ ဇွန်လ ၁၃၊ မှော်ဘီမြို့၊ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ကျင်းပခဲ့)သာလျှင် မဘသအဖွဲ့ကြီးရဲ့သန္ဓေတည်မွေးဖွားရာ ဆွေးနွေးပွဲကြီးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မဟနဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင်က ဘာလုပ်သင့်တယ်ဆိုတာကို လမ်းစဉ်ချမှတ်ပေးခဲ့တာပါ။
'......... နိုင်ငံတကာ မီဒီယာများက ဗုဒ္ဓဘာသာကို အမျိုးမျိုးပုတ်ခတ်ပြီးတော့ ဂုဏ်သရေညှိုးနွမ်းအောင် နည်းမျိုးစုံသတင်းလွှင့်နေကြသည်ကို တွေ့မြင်နေရတဲ့အတွက် အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။
လွဲမှားစွာ ဖော်ပြနေသည့် လုပ်ကြံသတင်းမီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ်မှာ အထင်အမြင်လွဲဖြစ်၍ နေရပါတယ်။ဒါကြောင့် ဖြစ်ပေါ်နေသော ပဋိပက္ခဖြစ်စဉ်အမှန်ကို အတိအကျဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ကမ္ဘာကိုလည်း ကြေညာဖို့ လိုအပ်ပါတယ်။'
မဘသအဖွဲ့ကြီး ဖွဲ့စည်းလှုပ်ရှားခဲ့ရာမှာမဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးရဲ့ လမ်းညွှန်ချက်ကိုလည်း အကောင်အထည်ဖော်ခဲ့တာအားလုံးသိမြင်ပြီးဖြစ်ပါတယ်။
ဒါပေမယ့် မဘသထုတ်ပြန်ကြေညာချက်မှာ မှော်ဘီသံဃာ့ဆွေးနွေးပွဲကြီးအစားကမ္ဘာအေးဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှပေါက်ဖွားလာခြင်းဖြစ်သည်လို့ မှားယွင်းဖော်ပြခဲ့တဲ့အတွက် '........ ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီး (၅)ကြိမ်ကျင်းပပြီးဖြစ်သော်လည်း မည်သည့်ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊သန္ဓေတည်ပေါက်ဖွားစေခဲ့ခြင်း မရှိခဲ့သည့်အပြင် မဘသဟူသော အသုံးအနှုန်းကိုပင် ခေါ်ဝေါ်သုံးစွဲခြင်း အလျဉ်းမရှိခဲ့ပါ'လို့ ၁၂-၅-၁၆မဟနကြေညာချက်မှာ သင်ခန်းစာပေးသွားခြင်းဖြစ်ပါတယ်။
(ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးမှာ အမှားကင်းအောင် ဂရုစိုက်တော်မူကြဖို့ပါပဲ။)
မဟနအဖွဲ့ကြီးက အသိအမှတ်မပြုဘူးလို့ ဆိုပေမယ့် မဘသအဖွဲ့ကြီးဟာ ကမ္ဘာကပင် အသိအမှတ်ပြုရတဲ့ အဖွဲ့ကြီးဖြစ်နေပါပြီ။အမေရိကန်လွှတ်တော်မှာပင် မဘသအကြောင်းနဲ့ ဆရာတော်ဦးဝီရသူကို ပိတ်ဆို့ဖို့အသည်းအသန်ဆွေးနွေးခဲ့ရဖူးပါပြီ။ ဗုဒ္ဓဘာသာဝင်ပြည်သူများ၊ အမျိုးသားရေးအင်အားစုများရဲ့ အားကိုးအားထားပြုရာ အဖွဲ့ကြီးဖြစ်နေပါပြီ။
ခေတ်သစ်နယ်ချဲ့တွေက ဘင်္ဂါလီမွတ်စလင်တွေဘက်က ရပ်တည်ပြီး မဘသအဖွဲ့ကြီးကို ပျက်စီးအောင် မဟာဗျူဟာ၊ နည်းဗျူဟာမျိုးစုံနဲ့ လုပ်ဆောင်လာကြရာမှာ 'မဘသမလိုအပ်ဘူး'ဆို တဲ့ စကားတစ်ခွန်းလည်း အပါအဝင်ဖြစ်ပါတယ်။
မဘသကို မဟနက ဖျက်သိမ်းပစ်နိုင်တယ်လို့ ထင်မှတ်တွက်ဆခဲ့ပုံရပါတယ်။ မဘသအဖွဲ့ကြီးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၃၅၄ အပိုဒ်(ဂ)အရလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁/၂ဝ၁၄အရလည်းကောင်း ဖွဲ့စည်းရပ်တည်ပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းကြီးဖြစ်တယ်ဆိုတာလည်း ၇-၇-၁၆ မဘသထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
၁၂-၇-၁၆ မဟနထုတ်ပြန်ကြေညာချက်မှာလည်း 'မဘသအဖွဲ့ကြီး ဖျက်သိမ်းကြောင်း' တစ်လုံးတစ်ပါဒမှ မပါတာကို ဆရာတော်၊ သံဃာတော်များ၊ အမျိုးသားရေးအင်အားစုများ ကောင်းစွာသတိထားမိပြီးဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် မဟနရဲ့ ကြေညာချက်ဟာ မဘသဖျက်သိမ်းကြောင်း ကြေညာချက်မဟုတ်ဘဲ မဘသဟာ အခိုင်အမာရပ်တည်နေတဲ့ သာသနာပြု အမျိုးသားရေးအဖွဲ့အစည်းဖြစ်ကြောင်း သိစေအပ်ပါတယ်။
မဟနကြေညာချက် အပိုဒ် ၅ မှာ 'သို့ဖြစ်ရကား မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းသံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများ၌ဖော်ပြပါရှိခြင်းမရှိသည့်အပြင် အဆိုပါညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့မဟုတ်ပါကြောင်း အများပြည်သူများ ယုံမှားသံသယမရှိစေရန် ထုတ်ပြန်ကြေညာလိုက်သည်'လို့ ဖော်ပြထားရာ ဒါကတော့ မဘသနဲ့ ဘယ်လိုမှ အကျုံးမဝင်ပါဘူးလို့ပဲ ဆိုရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ မဘသဟာ သံဃာ့အဖွဲ့အစည်းမဟုတ်တဲ့အတွက်မဟနရဲ့ သံ/စည်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာတွေနဲ့ အစကတည်းက ကင်းလွတ်ခွင့်ရှိနေလို့ပါပဲ။ (မဘသမှာ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းရှိပြီးဖြစ်ပါတယ်။)
မွတ်စလင်အကျိုးစီးပွားအတွက် 'မွတ်စလင်ရှေ့နေများအသင်း'ဆိုတာမျိုး ပေါ်ပေါက်နေချိန်၊ မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်း စသည်ဖြင့် အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ဖွဲ့စည်းပေါ်ပေါက်နေချိန်မှာ ဗုဒ္ဓဘာသာဝင်များ ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး (မဘသ)ဟာ ထာဝရလိုအပ်၊ ထာဝရတည်ရှိနေဦးမှာ ဖြစ်တဲ့အကြောင်း ယုံမှားသံသယမရှိ ရန် တစ်ပြည်လုံးကမဘသအင်အားစုများ ကြားသိကြပါစေကုန်သတည်း။ ။
မောင်သွေးချွန်
``မဘသ(ဗဟို)Online Media´´
No comments:
Post a Comment