Tuesday, February 9, 2016

၅၉(စ) နဲ့ပတ်သတ်ပြီး .. အချက်အလက်နဲ့ ရှင်းပြတော့လဲ .. နားမလည်ပဲ လိုရာဆွဲဆဲကြတော့ .. လူပြိန်း နားလည်အောင် ပြောပြရရင် ..

၅၉(စ) နဲ့ပတ်သတ်ပြီး ..
အချက်အလက်နဲ့ ရှင်းပြတော့လဲ ..
နားမလည်ပဲ လိုရာဆွဲဆဲကြတော့ ..
လူပြိန်း နားလည်အောင် ပြောပြရရင် ..

၅၉(စ) ဆိုတာ ..
ဒေါ်စုမှ မဟုတ်ဘူး၊ ဘယ်သူပဲ ဖြစ်ဖြစ်
တိုင်းတပါးနဲ့ သွေးနှောပြီး  ..
မျိုးမစစ်တော့တဲ့ ဘယ်သူ့ကိုမဆို ..
ဒီနိုင်ငံရဲ့ သမ္မတနေရာကို မပေးနိုင်တာ ..

ဘာလို့ မပေးနိုင်သလဲဆိုတော့ ..
ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံသားကိုမှ ..
အထင်မကြီး ၊ မချစ် မနှစ်သက်ပဲ ..
တိုင်းတပါးကို လင်တော်၊ မယားတော် ..
ထားကြတဲ့ မည်သူ့ကိုမဆို ..
နိုင်ငံရဲ့ ဦးသျှောင်အဖြစ် ..
သတ်မှတ်ဖို့ မထိုက်တန်လို့ ..

တိုင်းတပါးရဲ့ ကျွေးတာစား ..
ပေးတာယူ ၊ ခိုင်းတာလုပ်ရတဲ့ ..
သစ္စာခံသာသာ ဖြစ်နိုင်တဲ့ ..
မည်သူ့ကိုမဆို ..
နိုင်ငံရဲ့ ဦးသျှောင်အဖြစ် ..
သတ်မှတ်ဖို့ မထိုက်တန်လို့ ..

ဆိုတော့ .. ရှင်းရှင်းလေးရယ် ..
ဒီနိုင်ငံမှာ နိုင်ငံဦးသျှောင် ဖြစ်ချင်တဲ့ ..
ဘယ်သူမဆို တိုင်းတပါးသားတွေနဲ့ ..
သွားမသရမ်းကြနဲ့ ..

အာ့ဆို .. ဘယ်သူမဆို ..
သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံရင် ..
နိုင်ငံတော်ရဲ့ ဦးသျှောင် အဖြစ် ..
ဖြစ်လာနိုင်ခွင့် ရှိလိမ့်မယ် ..

Aye Chan Min

No comments: