Tuesday, February 9, 2016

#ပင်နီဝတ်များထံသို့

#ပင်နီဝတ်များထံသို့

ပြည်ထဲရေး၊နယ်စပ်ရေးရာ၊ကာကွယ်ရေးစတဲ့ဝန်ကြီးဌာနတွေမှာ တပ်မတော်ကဒုတိယဗိုလ်ချူပ်ကြီးတွေ စစ်ယူနီဖောင်းကြီးနဲ့ဝင်ရောက်ပြီးကိုင်တွယ်တာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုတာ မှန်ပါတယ်

ခင်ဗျားတို့ငှက်အုပ်စုတွေက ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရကို စစ်တပိုင်းအစိုးရလို့နာမည်တပ်ပြီး ဒီမိုစံညွန်းနဲ့မညီဘူးလို့ အမြဲလိုလိုအပြစ်ရှာခဲ့တယ်

ဟုတ်ပြီး...... ဒါဆိုပြည်ထဲရေးလိုဝန်ကြီးဌာနကို ကိုင်တွယ်ဖို့ဒုတိယဗိုလ်ချူပ်ကြီးလိုအဆင့်ကိုယှဉ်နိုင်ဖို့လူ ခင်ဗျားတို့ပင်နီဝတ်တွေမှာရောရှိရဲ့လား?

ငါတို့ပါတီမှာသမ္မတလုပ်နိုင်တဲ့လူ (၁၀)ယောက်အထက်ရှိတယ်လို့သာဆိုတယ် အခုချိန်ထိနိုင်ငံခေါင်းဆောင်လုပ်မဲ့သမ္မတကို နေ့ရွေ့ညရွေ့နဲ့ပြည်သူတွေကိုအခုချိန်ထိမချပြနိုင်သေးဘူး ဘွားတော်တစ်ယောက်သာဦးဆောင်နိုင်ပြီးကျန်တဲ့လူတွေက ဘွားတော်ဘာပြောပြောကွန်ပလိန်းမတက်ရဲဘဲခိုင်းတာအကုန်လုပ်မဲ့နွားတွေသာရှိတယ်လို့ပြောနေတာနဲ့အတူတူပဲ

ဒီမိုစံညွန်းနဲ့မညီဘူးဆိုတဲ့ အဲဒီခင်ဗျားတို့စစ်တပိုင်းအစိုးရလို့ခေါ်တဲ့ဘောင်းဘီချွတ်တွေကပဲ ပြုပြင်ပြောင်းလဲရေးတွေကို တံခါးတွေတစ်ချပ်ခြင်းဖွင့်ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်း လှမ်းခဲ့တာပါ

ဒီမိုကရေစီအမည်ခံပြီး ကွန်မြူနစ်ဆန်ဆန်ခြေလှမ်းတွေနောက်ပြန်ဆုတ်နေတဲ့ခင်ဗျားတို့ငှက်အုပ်စုတွေ သူများကိုစံညွန်းမမီဘူးလို့ပြောနေတာဟာ ခပ်ရိုင်းရိုင်းပြောရရင်ခွေးပါးစပ်ကနတ်စကားထွက်နေတာပဲ

လွှတ်တော်အတွင်းတပ်ဖက်က၂၅%ယူတယ်ဆိုတာ ပျော်လို့ယူထားတာမဟုတ်ဘူး ဒီမိုကရေစီသက်တမ်းနုနယ်တဲ့ဘယ်နိုင်ငံမဆိုတပ်မတော်ကသာထိန်းကျောင်းရတာပါ အင်ဒိုနီးရှားလိုနိုင်ငံတောင်မှအသွင်ကူးပြောင်းရာမှာစစ်တပ်က၄၀%အထိယူထားပြီး နောက်မှတဖြည်းဖြည်းလျော့သွားတာပါ တပ်ဖက်ကကစထမှူးတွေစစ်တိုင်းမှူးတွေအရပ်ဖက်မှာပျော်လားစစ်တန်းလျားမှာပျော်လားဆိုတာမယုံရင်ခင်ဗျားတို့သွားမေးကြည့်ပါ

ဦးသိန်းစိန်အစိုးရက မီဒီယာဆိုတဲ့ကောင်တွေကို လူကိုလူလိုဆက်ဆံခဲ့လို့ခေါင်းပေါ်တက်ပြီး မိုက်ရိုင်းစော်ကားခဲ့တယ် ဘွားတော်နဲ့တွေ့မှပဲလွှတ်တော်ထဲကိုခွေးတိုးပေါက်ကနေဝင်ရပြီး တီဗီလေးတစ်လုံးကိုအလုအယက်ရိုက်ကြနဲ့ အခုမှ“ဂိန်”လို့တောင်မအော်နိုင်ရှာဘူး လာပါဦးမယ် ဒါကအစပဲရှိပါသေးတယ်

အဘဦးသောင်းအေးရေးခဲ့တဲ့စာတစ်ကြောင်းကျွန်တော်အရမ်းကြိုက်တယ် “ဒီမိုကရေစီမဟုတ်တဲ့သူတွေကိုဒီမိုကရေစီမဟုတ်တဲ့သူတွေကဖြုတ်ချလိုက်ရုံနဲ့ဒီမိုကရေစီမဖြစ်နိုင်ဘူး”ဆိုတာလေးအရမ်းမှန်တယ်

စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ချင်တယ်လို့တစာစာအော်နေတဲ့ခင်ဗျားတို့ပင်နီဝတ်တွေ အဲဒီစကားကိုပြောဖို့ထိုက်ရောထိုက်တန်ရဲ့လားဆိုတာ ခင်ဗျားတို့မျက်ခွက်ကို မှန်ထဲစိမ့်စိမ့်ကြည့်ပြီး ကိုယ့်ဟာကိုယ်ပြန်မေးလိုက်ပါလို့ ပြောပရစေ.......................

No comments: