Wednesday, February 17, 2016

လူပြောများနေတဲ့ .. ဦးကိုနီ ပြောတဲ့ ၅၉(စ) ဆိုင်းငံ့ကိစ္စ ..

လူပြောများနေတဲ့ ..
ဦးကိုနီ ပြောတဲ့ ၅၉(စ) ဆိုင်းငံ့ကိစ္စ ..

ဦးကိုနီက ဖွဲ့စည်းပုံဥပဒေ
ပုဒ်မ ၉၈ နဲ့  ပုဒ်မ ၈၆ အရ ..
ပြည်ထောင်စု လွှတ်တော်ထဲမှာ ..
ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ရတယ်လို့ ..
နှပ်ကြောင်းပေး ပြောဆိုလာပါတယ် ..

သဘောကတော့ ..
ပုဒ်မ ၉၈ အရ ဥပဒေပြုမယ်ပေါ့ ..
[ပုဒ်မ ၉၈ ။ ။ ပြည်ထောင်စု၊ တိုင်းဒေသကြီး(သို့)
ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ ဥပဒေပြုစာရင်း
များတွင် ဖေါ်ပြမထားသော အခြားကိစ္စရပ်များ
နှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာကို
ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည် ]

ပြီးရင် ပုဒ်မ ၈၆ အရ ..
လွှတ်တော်ထဲက ထက်ဝက်ကျော်ထောက်ခံချက်ယူပြီး ..
အတည် ပြုမယ် ..
[ပုဒ်မ ၈၆(က) ။ ။ ပြည်ထောင်စုလွှတ်တော်တွင်
အဆုံးအဖြတ် ပြုရမည့် အကြောင်းအရာ
တစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌
အခြားနည်း ပြဌာန်းထားခြင်း မရှိလျှင်
အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒ
မဲပေးသည့် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့်
ဆုံးဖြတ်ရမည် ]

××××

ဒါဆိုရင် ပုဒ် ၈၆ ခဏထားပါအုံး ..
ပုဒ်မ ၉၈ ကိုပြန်သွားကြည့်ရအောင် ..
ပြည်ထောင်စု ရဲ့ ဥပဒေပြုစာရင်းမှာ မပါတဲ့ ..
အခြားကိစ္စရပ်နဲ့ ပတ်သတ်မှ ..
ဥပဒေပြုခွင့် အာဏာကို ..
ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းတာ ..

ပုဒ်မ ၅၉ ဆိုတာ ..
ပြည်ထောင်စုရဲ့ သမ္မတဖြစ်ခွင့် ..
ဥပဒေပြုစာရင်းပြုထားတဲ့အထဲ ပါပြီးသားကိစ္စ ..
မပါသေးတဲ့ အခြားကိစ္စလဲမဟုတ် ..
ဒါကြီးကို ဆိုင်းငံ့ ဆိုတာမျိုး ..
တိတိကျကျ ဖေါ်ပြပြီး မပါသေးလို့
လက်တစ်လုံးခြား လုပ်ချင်တယ်ဆိုပြီး ..
ခြေဥကြီးကို ထင်သလိုလုပ်ချင်ရင် ..
ပုဒ်မ ၄၃၆(ခ) ကို ပြန်ကြည့်လို့ ပြောရမယ် ..
[ပုဒ်မ ၄၃၆(ခ) ။ ။ ပုဒ်မခွဲ(က) တွင်ဖေါ်ပြထားသည့်
ုပြဌာန်းချက်များမှ အပ အခြားပြဌာန်းချက်များကို
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏
၇၅ ရာခိုင်နှူန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်
ရမည်]

ပြီးသွားရင် ..
တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံကို ..
ထင်သလို လုပ်နေကြမှာကို ..
လက်ပိုက်ကြည့်နေမယ်များ ထင်မိပါသလား ..?
ပုဒ်မ ၂၀ (စ) ကို ကြည့်ပါ ..
[ပုဒ်မ ၂၀(စ) ။ ။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက
တာဝန်ရှိသည် ]

တပ်မတော်က လက်မခံလို့ဆိုပြီး ..
လူထုလှုပ်ရှားမှုတွေ လုပ်လာခဲ့ရင်ရော ..
ဘာဆက်ဖြစ်လာနိုင်မှာလဲ ?
တပ်မတော်က လက်ပိုက်ပြီး ..
လွှတ်ပေးထားမယ် ထင်နေသလား ?
ပုဒ်မ ၄၀ (ဂ) ကို ဆက်ဖတ်ပါ ..
[ပုဒ်မ ၄၀(ဂ) ။ ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို
ဆူပူသောင်းကျန်းမှု ၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့်
ရယူရန်ဆောင်ရွက်ခြင်း (သို့) ကြိုးပမ်းအားထုတ်ခြင်းကြောင့်
ပြည်ထောင်စုပြိုကွဲစေမည့် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှူ
ပြိုကွဲစေမည့် (သို့) အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှူံးစေမည့်
အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ
တွင် သတ်မှတ်ပြဌာန်းချက်များနှင့် အညီရယူသုံးစွဲခွင့်ရှိသည် ]

××××

ဆိုတော့ ..
အခု NLD ပါတီအနေနဲ့ ..
လွှတ်တော်ထဲမှာလဲ နေရာအပြည့်နီးပါး ..
ရရှိနေပြီး တိုင်းပြည်အတွက် ..
လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်နိုင်နေပါပြီ ..

တိုင်းပြည်ကို ဦးဆောင် မောင်းနှင်မယ့် ..
အစိုးရအဖွဲ့လည်း ဖွဲ့နိုင်နေပါပြီ ..

ဒီလိုကောင်းမွန်တဲ့ အခြေအနေမျိုးမှာ ..
လူတစ်ဦး သမ္မတဖြစ်ရေးကို ဦးတည်ပြီး ..
မျက်စိမှိတ် ရှေ့ဆက်တိုးနေကြအုံးမယ်ဆိုရင် ..
ခင်ဗျားတို့ ပြောသလို အရှေ့ကိုရောက်မှာလား ..
အတိတ်ကို ပြန်ရောက်သွားမှာလားဆိုတာ ..
သတိပြုပြီး ဆင်ချင်နိုင်ကြပါစေဗျာ ..

Aye Chan Min

No comments: