Wednesday, February 17, 2016

မြစ်ကြီးနားတွင် လုယက်မှုများလာသည့်အတွက် ညအချိန် အသွားအလာဆင်ခြင်ရင်လို

မြစ်ကြီးနားတွင် လုယက်မှုများလာသည့်အတွက် ညအချိန် အသွားအလာဆင်ခြင်ရင်လို

ကချင်ပြည်နယ် မြစ်ကြီးနားတွင် လုယက်မှုများ ဓားခုတ်မှု သတင်းများ မကြာခဏဖြစ်ပေါ်လျှက်ရှိ သည်။

လွန်ခဲ့သည့်တစ်ပတ် သောကြာနေ့ညကလည်း ည ၉ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးနှစ်ဦးအား မြစ်ကြီးနားမြို့ ဧဒင်ရပ်ကွက်တွင် လူငယ်သုံးဦးမှ ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်နှင့် အိတ်များယူဆောင်သွားခဲ့သည်။

ဓားခုတ်ခံရသည့် ကလေး(၄) ယောက်အမေ အမျိုးသမီး၏ မျက်နှာတွင် ဓားဒဏ်ရာပြင်းထန်သည့်အတွက် မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသခံယူခဲ့ရသည်။

ထိုလူငယ်သုံးဦးသည် အသက် ၂၀ ၀န်းကျင်ရှိလူငယ်များသာဖြစ်ပြီး ကချင်စကားပြောကြောင်းလည်း သိရသည်။

“ဆိုင်ကယ်စီးနေရင် ခုတ်ခံလိုက်ရတာ။မျက်နှာမှာမဟုတ်ပဲ လည်ပင်း၊ ခေါင်းတွေ မှာဆို သေတောင် သေသွားနိုင်တယ်။” ဟု ဓားခုတ်ခံရသည့် အမျိုးသမီးမှဆိုသည်။

ထိုကဲ့သို့သော ဖြစ်စဉ်သည် မကြာခဏ ကြားနေရသည့်အတွက် အမျိုးသမီးများ ညနက်ချိန် တစ်ယောက်တည်း မပြင်မထွက်ရင် သင့်တော်ကြောင်းလည်း ပြောဆိုမှုများရှိလာသည်။

လွန်ခဲ့သည် ၂၀၁၅ နှစ်ကုန်ပိုင်းတွင်လည်း မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်လမ်းမ ဆယ်မိုင်ကျေးရွာနားတွင် နေ့ခင်းအချိန်၌ လူငယ်နှစ်ဦးသည် ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးထံမှ အိတ်များလိုက်ဆွဲ သည့်အတွက် အနောက်တွင် လိုက်စီးသည့် အဖွားအိုတစ်ဦး ဆိုင်ကယ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။

ပုံ။။။။ဓါးခုတ်ခံရသည့်အမျိုးသမီးမှမြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံနေစဉ်

No comments: