ရဲဘော်တို့ … … …
ရဲဘော်တို့ဟာ … … … ရဲဘော်တို့ ဖြစ်တယ်။
ကနေ့ည ရန်ကုန်မြို့ကြီးကို မြို့သိမ်းတိုက်ပွဲ မ
ဆင်နွဲမီမှာ ရဲဘော်တို့ကို ခုလို အထူးတလည် မှာကြားလိုတယ်။
- ရန်ကုန်မှာ အင်/ယာတွေအားလုံး မှတ်ပုံတင်
မရှိလို့ အဖမ်းခံထားရတဲ့အတွက် … ၄င်းတို့ရဲ့ မြို့ရိုးခံတပ်တွေဟာ အချိန်မီပြီးစီးမှု မရှိသေးဘဲ လွယ်လင့်တကူ ချဉ်းကပ်ထိုးဖောက်နိုင်မှာ ဖြစ်
တယ်။
- ငါတို့ရဲ့ သူလျှိုအသီးသီးဟာ ညစဉ်ညတိုင်း ရန်ကုန်မြို့ရဲ့ ရှိသမျှတံတားတွေကို သေးနဲ့ ကော့ပန်းထားပြီး ဖြစ်တဲ့အတွက် … … … လက်
နက်ကြီးများနဲ့ ပစ်ခတ်စရာမလိုဘဲ လွယ်လင့်
တကူ ဖျက်ဆီးနိုင်မှာဖြစ်တယ်။
- လေ့ကျင့်ရေးပြည့်ဝပြီးဖြစ်တဲ့ ငါတို့ရဲ့ တိုက်
ခိုက်ရေးကြွက်တွေကို မနှောင်းမီကပဲ စေလွှတ်
ထားပြီးဖြစ်တဲ့အတွက် … … … မြို့တော်ကို စ
တင်စီးနင်းမိချိန်မှာပဲ ရန်ကုန်မှာရှိသမျှ ခြောက်
ထပ်တိုက်တွေအားလုံး ပြိုကျဝပ်ဆင်းနေမှာ ဖြစ်
တယ်။
- ရန်သူကို အားဖြည့်လာမယ့် ထောက်ပို့ယာဉ်
တွေဟာ သရဲအလွန်ခြောက်တဲ့ အမြန်လမ်းမ
ကြီးကတဆင့် ဖြတ်သန်းလာရမှာ ဖြစ်ပြီး … … အဆိုပါယာဉ်ယန္တရားတွေဟာ သရဲတွေရဲ့ နှောက်ယှက်ခြောက်လန့်မှုကြောင့် ရန်ကုန်ကို အခ်ျိန်မီ ရောက်မလာနိုင်ဘဲ ရှိလိမ့်မယ်။
အထူးတလည် ထပ်မံမှာကြားလိုသည်မှာ - …
- မြို့တွင်းတိုက်ပွဲ ဆင်နွဲနေစဉ်အတွင်း သစ်ပင်
အောက်များ၌ အကာအကွယ်ယူ ပစ်ခတ်ခြင်း
ကို ရှောင်ရှားကြရန် ဖြစ်တယ်။
မိုးဦးကာလ ဝင်ရောက်လာတာနဲ့အမျှ ရန်ကုန်
မြို့ရဲ့ သစ်ပင်တွေဟာ အရွက်တွေနဲ့ လေးလံ
လာပြီး အချိန်မရွေး ပြိုလဲနိုင်လို့ ဖြစ်တယ်။
- တိုက်ခိုက်နေစဉ် ရေငတ်ပြတ်နိုင်သော်လည်း ရန်ကုန်ရှိ သောက်ရေသန့်များကို မသောက်ကြ
ပါနဲ့။ PH 7 အထက်ကျော်အောင် မွမ်းမံထုတ်
လုပ်ထားလို့ ဖြစ်တယ်။
- မြို့သိမ်းတိုက်ပွဲအပြီး၌လည်း ရန်ကုန်ရှိတည်း
ခိုခန်းများပေါ် အမှတ်တမဲ့ တပ်စွဲနားခိုခြင်း မပြု
ကြဖို့ အထူးလိုအပ်တယ်။
Valentine Day ကို ဖြတ်သန်းခဲ့ရတဲ့ အဆိုပါ တည်းခိုခန်းများဟာ ယခုအခါ လွန်စွာ ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်တယ်။
ယခုလို အထူးတလည်များစွာကို အဖန်ဖန် မှာ
ကြားနေရခြင်းမှာ ငါတို့အောင်ပွဲကို မည်သည့်
သတိချွတ်ချော်မှုများမှ မနှောက်ယှက်စေလို၍ ဖြစ်တယ်။
" ဘာ မရှင်းတာ ရှိသလဲ ရဲဘော်တို့ … "
" မရှိပါဘူး ဘိုရီး ! "
" မရှိရင် ရဲဘော်တို့ ရှေ့ကနေ ကုန်းကြောင်း
သွား … ။ ဘိုရီးက နောက်က ခြေကျင်လိုက်ခဲ့
မယ် … "။ ။
ဒန် ဒန့် ဒန် … … … … … …
[ "ဒဂူးညောင့် … ဒေါ်အေးညွှန့် … အုန်းစိန် … ဒဂူး
ညောင့် … … …" ]။
No comments:
Post a Comment