Wednesday, February 17, 2016

တရုတ်နှစ်ကူးကျော်လာသော်လည်း ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်တွင် ဒေါ်လာဈေးနှင့် တရုတ်ယွမ်ငွေဈေးနှုန်းများ ဆက်တိုက်ကျဆင်း +++++++++++++++++++++++++++

တရုတ်နှစ်ကူးကျော်လာသော်လည်း ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်တွင် ဒေါ်လာဈေးနှင့် တရုတ်ယွမ်ငွေဈေးနှုန်းများ ဆက်တိုက်ကျဆင်း +++++++++++++++++++++++++++++++++++++++++++++++++++ တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇-တာချီ လိတ်ငွေကြေးဈေးကွက်အတွင်း တရုတ်နှစ်သစ်ကူးကာလပြီးဆုံးသွား ပြီဖြစ်သော် လည်း ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဒေါ်လာဈေး နှင့်အတူ တရုတ်ယွမ်ငွေဈေးနှုန်းများ အပြိုင် ကျဆင်းလျက်ရှိကြောင်း သိ ရသည်။ ''မြန်မာငွေဈေးတက်ပြီး ဒေါ် လာဈေးနဲ့ယွမ်ဈေးတက်လာတဲ့အ တွက် ပြည်တွင်းကိုဝင်ရောက်နေတဲ့ နိုင်ငံခြား ပစ္စည်းတွေေ ဈးနှုန်း ကျလာ မယ်။ အဲဒီတော့ စားသုံးသူတွေအ တွက် ကောင်းတာပေါ့။ ဒေသခံလုပ် ငန်းရှင်တွေကလည်း ကုန်ပစ္စည်း အ ရေအတွက် အရင်ကထက်ပိုပြီးသွင်း လာနိုင်မယ်''ဟု တာချီလိတ်မှ လုပ် ငန်းရှင် ဦးအောင်မျိုးဝင်းကပြော သည်။ တာချီလိတ်ငွေကြေးဈေးကွက် တွင် တရုတ်နှစ်သစ်ကူးကာလနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကြောင့် မြန်မာကျပ်ငွေ တန်ဖိုးတက် လာပြီး ဒေါ်လာဈေးနှင့်ယွမ်ဈေးများ တန်ဖိုးကျလာနေကြောင်း ဒေသ တွင်းငွေကြေးဈေးကွက်လုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။ ''ဒေါ်လာဈေးများလိုပဲ တရုတ် ယွမ်ငွေဈေးထိုးကျလာတာ အခု ၁၅ ရက်အတွင်းကို ၁၄ ယွမ်လောက် ကျဆင်းလာတယ်။ တရုတ်နှစ်သစ် ကူးကာလမို့ ငွေဈေးတွေကျဆင်းနေ တာပါ။ ရွှေဈေးတွေကတော့ တက် လာတယ်။ ဒေါ်လာဈေးကတော့ ဗ ဟိုဘဏ်မှာ ၁၂၃၀ ကျပ်ပေါက် တယ်။ အပြင်ဈေးကတော့ ၁၂၄၀ ကျပ် ပတ်ဝန်းကျင်လောက်ပေါက် တယ်''ဟု တာချီလိတ်မြို့မှ ငွေလဲဝန် ဆောင်လုပ်သူ ကိုဝင်းကပြောသည်။ မြန်မာနိုင်ငံဗဟိုဘဏ်၏ ဖေ ဖော်ဝါရီ ၁၆ ရက်တွင် သတ်မှတ် ထားသော ငွေဈေးနှုန်းများမှာ အ မေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ နှင့် တရုတ်ငွေတစ်ယွမ်လျှင် ၁၈၉ ဒသမ ၃၄ ကျပ်၊ ထိုင်းငွေ တစ်ဘတ်လျှင် ကျပ် ၃၄ ဒသမ ၅၁၂ ဈေးရှိပြီး ပြင် ပဈေး ကွက်အ တွင်း အမေရိကန်တစ်ဒေါ်လာ ၁၂၄၈ ကျပ်နှင့်တရုတ်ယွမ်ငွေ၁၇၉ ကျပ်၊ ထိုင်းဘတ်ငွေတစ်ဘတ်လျှင် ၂၈ ဒသမ ၇၀ ကျပ်ရှိကြောင်း တာ ချီလိတ်မြို့၏ ငွေလဲလှယ်မှုဈေးကွက် အတွင်းမှ သိရသည်။ Tachileik News Agency #Democracytoday

No comments: